2019 GMC Sierra Model တွင် ထူးခြားသည့် Feature များဖြစ်သည့် Multi Pro Tailgate နှင့် Carbon Pro အမျိုးအစား အိပ်ယာတို့အား မိတ်ဆက်ထည့်သွင်းထား ပါမည်။ GMC ၏ ပြသမှုအရ Tailgate တွင် ထူးခြားမှုများစွာ ပါရှိပါမည်။ Multi Pro အမျိုးအစား၌ အလူမီနီယံ အသုံးပြုထား၍ ပေါ့ပါးမှု ရှိမည်ဖြစ်ပြီး ခေါက်သိမ်းခြင်း၊ ဆန့်ထုတ်ခြင်း တို့ကိုလည်း ဖန်တီးနိုင်ပါမည်။ ထို့အတူ အောက်သို့ချစေခြင်း၊ Workbench ကဲ့သို့ အသုံးပြုခြင်းနှင့် ကားပေါ်တက်ရန် ခြေနင်းအဖြစ်လည်း သုံးနိုင်မည်ဖြစ်ပြီး 375 lbs ခန့်ထိ ၀န်အား ခံနိုင်ပါမည်။ အဆိုပါ Tailgate အား Sierra ၏ SLT နှင့် Denail တို့တွင် ထည့်သွင်းထားပါမည်။
အခြားသော Feature ဖြစ်သည့် Carbon Pro အိပ်ယာအား Plastic Bed Box အနေဖြင့် ထည့်သွင်းထားပြီး လုပ်ဆောင်မှုများစွာ ပြုလုပ် နိုင်ပါမည်။၎င်းအိပ်ယာသည် (၁)လက်မ ပတ်လည်ရှိ သည့် Carbon Fiber ချည်မျှင် များစွာ စုပေါင်း ဖန်တီးထားသည့် ပုံစံဖြစ်၍ ပျက်စီးမှု၊ ယိုယွင်းမှု ကိုကာကွယ် ပေးနိုင်ပါမည်။ ထို့အပြင် Black Fiberglass များဖြင့် မွမ်းမံထားမည်ဖြစ်၍ ကွဲပြားသည့် မျက်နှာပြင် အနေအထားများအလိုက် ဆုပ်ကိုင်နိုင်မှုအား ကောင်းစွာထိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ပစ္စည်းများ တင်ခြင်းကြောင့် ပျက်စီးခြင်း ဒဏ်ကိုလည်း ကောင်းစွာ ကာကွယ်ပေးနိုင်ပါမည်။ ၎င်း၏ အလေးချိန်သည် များစွာပေါ့ပါးမှုရှိပြီး Steel Bed ထက် (၆၂)ပေါင်ခန့် ပို၍ ပေါ့ပါးပါသည်။ Tailgate ကဲ့သို့ပင် Carbon Pro Bed အား Sierra ၌သာ သီးသန့် တပ်ဆင်ထားမည် ဖြစ်ပြီး ၎င်း၏ Short-Box Denali ကားများတွင်သာ မှာယူရနိုင်မည်ဖြစ်ပြီး အခြားသော ပုံစံ/အမျိုးအစားများ၌ ထည့်သွင်းထားမည် မဟုတ်ဟု GMC မှ ပြောကြားထားပါသည်။