Unicode Version…
Honda သည် မကြာမီက ကျင်းပခဲ့သည့် L.A ကားပြပွဲတွင် ပြသခဲ့သည့် Honda Passport SUV အား စတင်ထုတ်လုပ်ရန် စီစဉ်လိုက်ပါသည်။ ၎င်းသည် ခရီးသည် (၅)ယောက်စီး Midsize SUV ဖြစ်ပြီး Ford Edge ၊ Nissan Murano ၊ Jeep Grand Cherokee တို့နှင့် အလားတူဖြစ်သည်။ 2019 Pilot Model အား မြောက်အမေရိကရှိ Honda Model များဖြစ်ကြသည့် Pilot ၊ Ridgeline ၊ Odyssey ကားများ ထုတ်လုပ်သည့် အမေရိကန်နိုင်ငံ ၊ Alabama ပြည်နယ်ရှိ Honda စက်ရုံမှ ထုတ်လုပ်မည် ဖြစ်သည်။ Passport ၏ အင်ဂျင်ဖြစ်သည့် (3.5 L V6 Engine) နှင့် Dashboard Design တို့အား Honda Pilot နှင့် Ridgeline တို့ထံမှ ခွဲဝေရယူထားပါသည်။ 2019 Passport တွင် (Sport ၊ Ex-L ၊ Touring ၊ Elite) ဟူ၍ Trim level (4) မျိုး ခွဲခြားထားပါသည်။ Honda ၏ နာမည်ကျော် (Honda Sensing Driver Assistance Suite) လုံခြုံရေးပေါင်းစပ်စနစ်ပါရှိမည်ဖြစ်ပြီး ၎င်းစနစ်တွင် Adaptive Cruise ၊ Forward Collision Warning ၊ အလိုအလျောက်အရေးပေါ် ဘရိတ်စနစ် ၊ Lane keeping Assist) စသည်တို့ ပေါင်းစပ်ပါဝင်ကြပါသည်။ အလားတူ ( 3 – Zone Climate Control ) ၊ (Apple Car play / Android Auto ) ၊ ( Acoustic Glass ) ၊ ( စပီကာ ၁၀ လုံး ပါအသံစနစ် ) (Rain Sensing Wiper ) ၊ ( ကြိုးမဲ့ဖုန်းအားသွင်းခြင်း ) ၊ ( အပူ / အအေးပေးစနစ် ပါသည့် အရှေ့ထိုင်ခုံများ ) ၊ (Power Tailgate ) စသည့် ပါဝင်မှုများလည်း ပါရှိပါမည်။ Honda သည် 2019 Passport Model အား(2019) နှစ်ဦးပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး ထိုအချိန်မှသာ ဈေးနှုန်းများကို ထုတ်ပြန် ကြေငြာ မည်ဖြစ်ပါသည်။





Zawgyi Version…
(၅)ယောက်စီး Midsize SUV 2019 Honda Passport အားစတင်ထုတ်လုပ်

