Zawgyi Version…
ကားမဂၢဇင္းတစ္ခုအတြက္ အဆင့္မီမ်က္ႏွာဖုံးကာဗာတစ္ခုဖန္တီးရတဲ့အခါမွာ ေနရာ၊အခ်ိန္၊မ်က္ႏွာဖုံးရုိက္မယ့္ ကားစတာေတြအားလုံး Harmony ျဖစ္ေနဖုိ႔လုိအပ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ေခါက္ Issue အတြက္လည္း Drive ဝုိင္းေတာ္သားေတြအားလုံးတက္ညီလက္ညီနဲ႔ အခုမွအသစ္ေဆာက္လုပ္ျပီးတဲ့ ကမာၻေအးဘုရားလမ္း ေပၚက The Central ကုိသြားေရာက္ခဲ့ၾကပါတယ္။အခ်ိန္ကေတာ့ ညေနခင္းေလးေပါ့။ ေႏြဦးအစဆုိေပမယ့္ အပူ ခ်ိန္တုိးျပီးရင္းတုိးလာသလုိ ေနဝင္ခ်ိန္ကလည္းေနာက္က်ေနပါျပီ။ အေနာက္အရပ္ဆီကုိ ဝင္ေရာက္ဖုိ႔တာစူ ေနတဲ့ေနမင္းရဲ႕အလင္းေရာင္ကလည္း The Central ေပၚကုိျဖာက်ေရာက္ရွိလာခ်ိန္မွာေတာ့ Jaguar E Pace ကားေလးကလည္းအသင့္ေနရာယူထားလုိက္ပါျပီ။ဒီေတာ့…ဒီကားေလးအေၾကာင္းဆက္သြားဖုိ႔အခ်ိန္က်ေရာက္လာျပီေပါ့။ Jaguar ဆုိတာအဂ္လန္ႏို္င္ငံအေျခစုိက္ Luxury ကားေတြကုိပဲထုတ္လုပ္တဲ့ထိပ္တန္းကား Brand တစ္ခုျဖစ္ျပီး 1933 ခုႏွစ္ကတည္းကစတင္တည္ေထာင္ခဲ့တာျဖစ္လုိ႔ အခုဆုိရင္ႏွစ္ေပါင္း ၈၅ ရွိသြားခဲ့ပါျပီ။ လက္ရွိမွာေတာ့ Jaguar ကေနျပီးေတာ့ ဆီဒင္ေတြျဖစ္တဲ့ XE (compact executive car) , XF (executive car & estate) , Jaguar XJ (full-size luxury car) , စေပါ့ကားျဖစ္တဲ့ Jaguar F-Type , SUV ေတြျဖစ္တဲ့ E-Pace (subcompact luxury SUV) , F-Pace (compact luxury SUV) , I-Pace (compact luxury electric SUV) တုိ႔ကုိထုတ္လုပ္ေနၾကပါတယ္။ ကဲ E-Pace ဆုိတာဘာလဲဆက္ၾကည့္ရေအာင္ပါေနာ္။
ရုပ္ထြက္ပုိင္း
ရုတ္တရက္ၾကည့္လုိက္ရင္ E-Pace ဟာ F-Pace ရဲ႕ အေသးစားအျဖစ္ဖန္တီးထား လုိ႔ထင္ရေပမယ့္ သူကF-Type လုိ Sport ဆန္ေအာင္ဖန္တီးထားတာျဖစ္ျပီး ကားပုံစံကၾကည့္ရတာ လ်င္ျမန္မွဳ၊လွပမွဳ၊Dynamic ျဖစ္မွဳေတြကုိေပါင္းစပ္ထားသလုိပါပဲ။ အေရွ႕ဘက္ရွဲလ္(Grille) ေတြက Black Mesh ဒီဇိုင္းျဖစ္ၿပီး Chrome ေတြနဲ႔ လွပစြာဖန္တီးထားကာJaguar ရဲ႕သေကတၤ(က်ားသစ္ေခါင္း)ကိုလည္း ရွဲေတြအလယ္မွာဝင့္ႂကြားစြာ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ေရွ႕မီးႀကီးေတြရဲ႕ဒီဇိုင္းကလည္း ေခတ္ဆန္စြာ ဖန္တီးထားၿပီး ေန႔အလင္းမီးေတြေပါင္း စပ္ထားတဲ့LED Headlamp with DTR Lighting အမ်ိဳးအစား မီးႀကီးေတြပါဝင္သလုိ ေအာက္ဘက္နဲ႔ေဘး ဘက္ေတြမွာလည္း ေလခြင္းေပါက္ ေတြပါဝင္ပါေသးတယ္။ ေနာက္ျပီးေတာ့ေလခြင္းအားေကာင္းစြာတုံ႔ျပန္ ႏို္င္တဲ့ ေဘးဘက္ကိုယ္ထည္ဒီဇိုင္းကို ေတြ႕ျမင္ရမွာျဖစ္ျပီး အတြင္းေဘာ္ဒီအထိေပါင္းစပ္ေပးထားတဲ့ LED ေနာက္မီးေတြသာမကဘဲ ေနေရာင္ကုိကာကြယ္ဖုိ႔ခပ္ေစာင္းေစာင္းျပဳလုပ္ထားတဲ့ေနာက္မွန္ေတြ ပါဝင္ပါတယ္။ ကားေနာက္ဖုံးကလည္းအလိုအေလ်ာက္ဖြင့္/ ပိတ္ပုံစံျဖစ္ပါတယ္။ ျပီးေတာ့ ၂၁ လက္မအရြယ္ ကားအလိြဳင္း ဘီးဒီဇိုုင္းဟာလည္း E-Pace ရဲ႕sporty ပံုုစံကိုု အေထာက္အပံ့ျဖစ္ေစပါတယ္။
အတြင္းခန္း
ဒီကားရဲ႕ အတြင္းခန္းဟာ ဇိမ္ခံကားတစ္စီးမွာရွိသင့္တဲ့ အဂါၤရပ္ေတြနဲ႔ျပည့္စံုုေအာင္ အေကာင္းဆံုုး ဒီဇုုိင္း ပံုုစံေတြနဲ႔ အေသးစိတ္တန္ဆာဆင္ထားပါတယ္။ လည္သာစတီယာရင္၊ လွပတဲ့ dash board ဒီဇိုုင္းနဲ႔ ေရွ႕ ခန္းထုိင္ခံုုႏွစ္ခုုရဲ႕ အလယ္မွာထားရွိထားတဲ့ cubby box တိုု႔ဟာ သီးျခားလွပတဲ့ E-Pace ရဲ႕ ဂုုဏ္ရည္ေတြ ပဲျဖစ္ပါတယ္။ ထိုင္ခုံေတြကို Soft Gain Perforated Leather နဲ႔ခ်ဳပ္လုပ္ထားၿပီး အေရွ႕ ဘက္ ထိုင္ခုံႏွစ္လုံးကအေနအထား ၁ဝ မ်ိဳး ေျပာင္းနိုင္ကာ ယာဥ္ေမာင္းထိုင္ခုံမွာ Driver Memory Setting ပါရွိ ပါတယ္။ Dashboard Area ကို ေခတ္ဆန္ျပီး လွပတဲ့ ဒီဇိုင္းနဲ႔ ဖန္တီးထားကာ Infotainment အျဖစ္ SSD Navigation Systen ၊ 8 inch Full Color HD Touch Screen ၊Media Hub with Bluetooth Audio Streaming , Bluetooth ခ်ိတ္ဆက္ႏုိင္မွဳ စတဲ့ Featureေတြစုံလင္စြာပါရွိပါတယ္။ ေနာက္ျပီးေတာ့ လံုုၿခံဳ ေရးအခ်က္ျပစနစ္ေတြ၊ ေဖ်ာ္ေျဖေရး၊ ဖုုန္းနဲ႔ လမ္းအခ်က္ျပေျမပံုုစနစ္ေတြကိုုေတြကုိေဖာ္ျပေပးႏုိင္တဲ့ TFT Technology သုံးဒုိင္ခြက္၊ ယာဥ္ေမာင္းသူေရွ႕ ေလကာမွန္ရဲ႕ ေအာက္ပုုိင္းနားမွာလည္း ကားရဲ႕ျမန္ႏႈန္း၊ ဂီယာ အေနအထားနဲ႔ လမ္းအခ်က္ျပေျမပံုုကိုု ေဖာ္ျပေပးတဲ့ Head-up display နည္းပညာပါဝင္ပါတယ္။ ဇုန္ ၂ ခုခြဲျခား ထုတ္လႊတ္ေပးႏိုင္တဲ့ Air Con စနစ္၊ ေနာက္ခန္း Fan ေပါက္ , Keyless Entry and Start စနစ္၊ ဆီကုန္သက္သာေစဖုိ႔ Intelligent Stop / Start စနစ္တုိ႔ပါသလုိ Entertainment အတြက္ေတာ့ AM/FM Radio ၊ USB, Bluetooth® and AUX connections စနစ္ေတြသုံးႏိုင္မွာျဖစ္ျပီး speaker ၆ လံုုးပါရွိဦး မွာျဖစ္ပါတယ္။ ထပ္ျပီးထူးျခားမွဳအေနနဲ႕ကေတာ့ E-Pace မွာ 12V အားသြင္းေပါက္ ၆ ေနရာအထိပါဝင္ေနလုိ႔ ဖုန္း၊Tablet နဲ႔ Laptop စတာေတြကုိ အဆင္ေျပေျပအားသြင္းႏုိင္မွာျဖစ္ပါတယ္။ ေနာက္ျပီး Luggage Volume က 577L ဆုိေတာ့ ဝန္တင္ေဆာင္ႏိုင္အပုိင္းမွာလည္း ေကာင္းတယ္လုိ႔ဆုိႏိုင္ျပီး အဲဒီေနာက္ဘက္ ဝန္တင္ ခန္းကုိလည္း Cover ေတြနဲ႕ဖုံးအုပ္ေပးထားျပန္ပါတယ္။




အင္ဂ်င္နဲ႔စြမ္းေဆာင္ရည္
E-Pace မွာ 2.0L In-line 4 Cylinder Turbocharges ဓာတ္ဆီအင္ဂ်င္ကုိသုံးထားျပီး ျမင္းေကာင္ေရ ၂၄၆ ေကာင္အားထြက္ရွိမွာျဖစ္သလုိ Torque ကလည္း 365Nm/1200 – 4500 rpm ရွိပါတယ္။ အေကာင္ေသးေပမယ့္ စြမ္းအင္ထြက္ရွိ္မွဳကေတာ့ အံ့မခန္းပါပဲ။ျပီးေတာ့ Acceleration က 0 – 100 km/h ကုိ 6.6 secs ပဲၾကာ မွာျဖစ္သလုိ အျမန္ဆုံးေမာင္းႏွင္မွဳအေနနဲ႕ ၁နာရီကုိ ၁၄၃ ကီလုိမီတာေရာက္ရွိႏုိင္ပါတယ္။ Transmission က Automatic 8-speed with Jaguar Sequential Shift ကုိသံုးထားျပီး RWD စနစ္နဲ႕လာပါတယ္။ Suspension ပုိင္းကုိေတာ့ ေရွ႕ကုိ Double Wishbone နဲ႕ေနာက္ကုိ Multi –link ေတြတပ္ဆင္ေပးထားပါတယ္။ ထူးျခားတာကေတာ့ Passive Suspension စနစ္သုံးထားလုိ႔ လမ္းၾကမ္း ေမာင္းႏွင္မွဳေတြမွာ ဇိမ္ရွိသလုိ အၾကမ္းလည္းပုိခံသြားပါတယ္။ ဘရိတ္စနစ္ကေတာ့ ေလဝင္ေလထြက္ ေကာင္းေစဖုိ႕ရာ Front and Rear Ventilated Discs ေတြကုိအသုံးျပဳထားပါတယ္။







လုံျခဳံေရး
E-PACE မွာေရွ႕၊ေဘးဘက္ေတြမွာ ေလအိတ္ေျခာက္လံုုးပါရွိပါတယ္။ ျပီးေတာ့ ပါကင္ထိုုးရာမွာသတိေပးအခ်က္ ျပတဲ့ park assist၊ ေတာင္တက္၊ ေတာင္ဆင္းေတြမွာ ကားရဲ႕ စြမ္းေဆာင္ရည္ကိုု ျမွင့္တင္ေပးတဲ့ hill assist၊ စိုုစြတ္တဲ့လမ္းမေတြမွာ လမ္းေခ်ာ္ပါကဘီးရဲ႕ လည္အားကိုုထိန္းေပးတဲ့ electronic tranction control၊ ကေလးငယ္မ်ားလုုိက္ပါစီးနင္းရင္ အသံုုးျပဳတဲ့ ISOFIX လံုုၿခံဳေရးခါးပတ္၊ လမ္းေခ်ာ္မႈကိုု ကာကြယ္ေပးတဲ့ anti-breaking စနစ္ ၊ ABS,EBA, Rain Sensing Windscreen Wipers, Torque Vectoring , Dynamic Stability Control (DSC) with Trac DSC Mode, All Surface Progress Control ယာဥ္တုိက္မွဳျဖစ္ေပၚလာရင္ ေရွ႕ခုံေတြကုိ ထိခုိက္မွဳေလ်ာ့နည္းေအာင္ျပဳလုပ္ေပးတဲ့စနစ္၊လမ္းျဖတ္ကူးသူေတြကုိေထာက္လွမ္းေပးႏုိင္တဲ့ စ နစ္အစရွိတဲ့လံုုၿခံဳေရးစနစ္မ်ားစြာပါဝင္ပါတယ္။ အဲဒီထဲကမွ Jaguar ရဲ႕မူပုိင္နည္းပညာေတြျဖစ္တဲ့ Torque Vectoring နဲ႕ All Surface Progress Control ေတြအေၾကာင္း အနည္းငယ္ရွင္းျပလုိပါတယ္။ Torque Vectoringက ၾကီးမားလြန္းတဲ့ေကြ႕ေတြမွာ ကားရဲ႕အရွိန္ေၾကာင့္ခါရမ္းမွဳေတြ၊စတီယာရင္ေပၚသက္ ေရာက္ မွဳေတြ ေလ်ာ့နည္းေစဖုိ႔အျပင္ စေပါ့ကားတစ္စီးလုိ အရွိန္ျမွင့္တင္ႏိုင္ဖုိ႔နဲ႕ ယာဥ္ေမာင္းသူယုံၾကည္ခ်က္ မေလ်ာ့ က်ေစဖုိ႔ ဘီးေတြကုိ အလုိအေလ်ာက္ထိန္းညွိေပးတဲ့စနစ္ျဖစ္ပါတယ္။ All Surface Progress Control ကေတာ့ လမ္းအေျခအေနေပၚမူတည္ျပီး အင္ဂ်င္၊ဘီးနဲ႕ဘရိတ္ေတြကုိ အလုိအေလ်ာက္ထိန္းညွိေပးႏိုင္တဲ့စနစ္ျဖစ္လုိ႔ ဘယ္လမ္းမဆုိအဆင္ေျပေျပေမာင္းႏွင္ႏိုင္မွာပါ။
သုံးသပ္ခ်က္
အခ်ဳပ္အားျဖင့္ဆုိရရင္ေတာ့ E-Pace ဟာ ၿဗိတိသၽွတို႔ရဲ႕ ခန႔္ထည္မႈနဲ႔အႏုစိတ္လက္ရာ၊ ေခတ္မီဆန္းသစ္ၿပီး Sporty ျဖစ္ေစတဲ့ ဒီဇိုင္း၊ လက္ေတြ႕အသုံးျပဳနိုင္ျခင္း စတာေတြကုိ ထင္ထင္ရွားရွားေတြ႕ျမင္ရမွာျဖစ္ၿပီး ဆီစား သက္သာၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ အင္ဂ်င္စနစ္၊ ေနာက္ဆုံးေပၚနည္းပညာသုံး Feature မ်ားေတြနဲ႔ ဇိမ္ခံပစၥည္းမ်ား၊ အထူးအဆင့္ျမင့္လုံျခဳံေရးစနစ္ေတြကိုလည္း ထည့္သြင္းထားသည့္အတြက္ အဆင့္အတန္းျမင့္ မားလွတဲ့ ဇိမ္ခံကားေကာင္းတစ္စီးျဖစ္တယ္လုိ႔ ဆုိခ်င္ပါတယ္။ ေစ်းကေတာ့ အေမရိကန္ေဒၚလာ ၇၉,၀၀၀ ကေနစတင္မွာျဖစ္ျပီး Capital Automotive Company မွ ျမန္မာျပည္ တစ္ဦးတည္းကုိယ္စားလွယ္အျဖစ္ တင္သြင္းေရာင္းခ်ေနျပီး သမိုင္းလမ္းစံု အနီး အင္းစိန္လမ္းမေပၚရွိ Jaguar Land Rover Myanmar Showroom မွာဝယ္ယူ ရရွိႏိုင္ မွာျဖစ္ပါတယ္။
Specification…
Engine – 2.0L Turbocharges (petrol)
Transmissions – 8 Speed Auto
Maximum Power (HP/rpm) – 246 hp /5500 rpm
Maximum Torque (Nm/rpm) – 365 N⋅m /1200-4500
Top speed (km/h) – 143 km/h
Acceleration (0-62mph) – 6.6 seconds
Fuel Consumption(Combined) -7.7L/00km
Unicode Version…

ရဲရင့်တဲ့ကျားသစ်တစ်ကောင်လိုအစွမ်းမျိုးနဲ့ Jaguar E Pace
ကားမဂ္ဂဇင်းတစ်ခုအတွက် အဆင့်မီမျက်နှာဖုံးကာဗာတစ်ခုဖန်တီးရတဲ့အခါမှာ နေရာ၊အချိန်၊မျက်နှာဖုံးရိုက်မယ့် ကားစတာတွေအားလုံး Harmony ဖြစ်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် Issue အတွက်လည်း Drive ဝိုင်းတော်သားတွေအားလုံးတက်ညီလက်ညီနဲ့ အခုမှအသစ်ဆောက်လုပ်ပြီးတဲ့ ကမ္ဘာအေးဘုရားလမ်း ပေါ်က The Central ကိုသွားရောက်ခဲ့ကြပါတယ်။အချိန်ကတော့ ညနေခင်းလေးပေါ့။ နွေဦးအစဆိုပေမယ့် အပူ ချိန်တိုးပြီးရင်းတိုးလာသလို နေဝင်ချိန်ကလည်းနောက်ကျနေပါပြီ။ အနောက်အရပ်ဆီကို ဝင်ရောက်ဖို့တာစူ နေတဲ့နေမင်းရဲ့အလင်းရောင်ကလည်း The Central ပေါ်ကိုဖြာကျရောက်ရှိလာချိန်မှာတော့ Jaguar E Pace ကားလေးကလည်းအသင့်နေရာယူထားလိုက်ပါပြီ။ဒီတော့…ဒီကားလေးအကြောင်းဆက်သွားဖို့အချိန်ကျရောက်လာပြီပေါ့။ Jaguar ဆိုတာအဂ်လန်နိုင်ငံအခြေစိုက် Luxury ကားတွေကိုပဲထုတ်လုပ်တဲ့ထိပ်တန်းကား Brand တစ်ခုဖြစ်ပြီး 1933 ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တာဖြစ်လို့ အခုဆိုရင်နှစ်ပေါင်း ၈၅ ရှိသွားခဲ့ပါပြီ။ လက်ရှိမှာတော့ Jaguar ကနေပြီးတော့ ဆီဒင်တွေဖြစ်တဲ့ XE (compact executive car) , XF (executive car & estate) , Jaguar XJ (full-size luxury car) , စပေါ့ကားဖြစ်တဲ့ Jaguar F-Type , SUV တွေဖြစ်တဲ့ E-Pace (subcompact luxury SUV) , F-Pace (compact luxury SUV) , I-Pace (compact luxury electric SUV) တို့ကိုထုတ်လုပ်နေကြပါတယ်။ ကဲ E-Pace ဆိုတာဘာလဲဆက်ကြည့်ရအောင်ပါနော်။
ရုပ်ထွက်ပိုင်း
ရုတ်တရက်ကြည့်လိုက်ရင် E-Pace ဟာ F-Pace ရဲ့ အသေးစားအဖြစ်ဖန်တီးထား လို့ထင်ရပေမယ့် သူကF-Type လို Sport ဆန်အောင်ဖန်တီးထားတာဖြစ်ပြီး ကားပုံစံကကြည့်ရတာ လျင်မြန်မှု၊လှပမှု၊Dynamic ဖြစ်မှုတွေကိုပေါင်းစပ်ထားသလိုပါပဲ။ အရှေ့ဘက်ရှဲလ်(Grille) တွေက Black Mesh ဒီဇိုင်းဖြစ်ပြီး Chrome တွေနဲ့ လှပစွာဖန်တီးထားကာJaguar ရဲ့သကေင်္တ(ကျားသစ်ခေါင်း)ကိုလည်း ရှဲတွေအလယ်မှာဝင့်ကြွားစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ရှေ့မီးကြီးတွေရဲ့ဒီဇိုင်းကလည်း ခေတ်ဆန်စွာ ဖန်တီးထားပြီး နေ့အလင်းမီးတွေပေါင်း စပ်ထားတဲ့LED Headlamp with DTR Lighting အမျိုးအစား မီးကြီးတွေပါဝင်သလို အောက်ဘက်နဲ့ဘေး ဘက်တွေမှာလည်း လေခွင်းပေါက် တွေပါဝင်ပါသေးတယ်။ နောက်ပြီးတော့လေခွင်းအားကောင်းစွာတုံ့ပြန် နိုင်တဲ့ ဘေးဘက်ကိုယ်ထည်ဒီဇိုင်းကို တွေ့မြင်ရမှာဖြစ်ပြီး အတွင်းဘော်ဒီအထိပေါင်းစပ်ပေးထားတဲ့ LED နောက်မီးတွေသာမကဘဲ နေရောင်ကိုကာကွယ်ဖို့ခပ်စောင်းစောင်းပြုလုပ်ထားတဲ့နောက်မှန်တွေ ပါဝင်ပါတယ်။ ကားနောက်ဖုံးကလည်းအလိုအလျောက်ဖွင့်/ ပိတ်ပုံစံဖြစ်ပါတယ်။ ပြီးတော့ ၂၁ လက်မအရွယ် ကားအလွိုင်း ဘီးဒီဇိုင်းဟာလည်း E-Pace ရဲ့sporty ပုံစံကို အထောက်အပံ့ဖြစ်စေပါတယ်။
အတွင်းခန်း
ဒီကားရဲ့ အတွင်းခန်းဟာ ဇိမ်ခံကားတစ်စီးမှာရှိသင့်တဲ့ အဂါၤရပ်တွေနဲ့ပြည့်စုံအောင် အကောင်းဆုံး ဒီဇိုင်း ပုံစံတွေနဲ့ အသေးစိတ်တန်ဆာဆင်ထားပါတယ်။ လည်သာစတီယာရင်၊ လှပတဲ့ dash board ဒီဇိုင်းနဲ့ ရှေ့ ခန်းထိုင်ခုံနှစ်ခုရဲ့ အလယ်မှာထားရှိထားတဲ့ cubby box တို့ဟာ သီးခြားလှပတဲ့ E-Pace ရဲ့ ဂုဏ်ရည်တွေ ပဲဖြစ်ပါတယ်။ ထိုင်ခုံတွေကို Soft Gain Perforated Leather နဲ့ချုပ်လုပ်ထားပြီး အရှေ့ ဘက် ထိုင်ခုံနှစ်လုံးကအနေအထား ၁ဝ မျိုး ပြောင်းနိုင်ကာ ယာဉ်မောင်းထိုင်ခုံမှာ Driver Memory Setting ပါရှိ ပါတယ်။ Dashboard Area ကို ခေတ်ဆန်ပြီး လှပတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားကာ Infotainment အဖြစ် SSD Navigation Systen ၊ 8 inch Full Color HD Touch Screen ၊Media Hub with Bluetooth Audio Streaming , Bluetooth ချိတ်ဆက်နိုင်မှု စတဲ့ Featureတွေစုံလင်စွာပါရှိပါတယ်။ နောက်ပြီးတော့ လုံခြုံ ရေးအချက်ပြစနစ်တွေ၊ ဖျော်ဖြေရေး၊ ဖုန်းနဲ့ လမ်းအချက်ပြမြေပုံစနစ်တွေကိုတွေကိုဖော်ပြပေးနိုင်တဲ့ TFT Technology သုံးဒိုင်ခွက်၊ ယာဉ်မောင်းသူရှေ့ လေကာမှန်ရဲ့ အောက်ပိုင်းနားမှာလည်း ကားရဲ့မြန်နှုန်း၊ ဂီယာ အနေအထားနဲ့ လမ်းအချက်ပြမြေပုံကို ဖော်ပြပေးတဲ့ Head-up display နည်းပညာပါဝင်ပါတယ်။ ဇုန် ၂ ခုခွဲခြား ထုတ်လွှတ်ပေးနိုင်တဲ့ Air Con စနစ်၊ နောက်ခန်း Fan ပေါက် , Keyless Entry and Start စနစ်၊ ဆီကုန်သက်သာစေဖို့ Intelligent Stop / Start စနစ်တို့ပါသလို Entertainment အတွက်တော့ AM/FM Radio ၊ USB, Bluetooth® and AUX connections စနစ်တွေသုံးနိုင်မှာဖြစ်ပြီး speaker ၆ လုံးပါရှိဦး မှာဖြစ်ပါတယ်။ ထပ်ပြီးထူးခြားမှုအနေနဲ့ကတော့ E-Pace မှာ 12V အားသွင်းပေါက် ၆ နေရာအထိပါဝင်နေလို့ ဖုန်း၊Tablet နဲ့ Laptop စတာတွေကို အဆင်ပြေပြေအားသွင်းနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Luggage Volume က 577L ဆိုတော့ ဝန်တင်ဆောင်နိုင်အပိုင်းမှာလည်း ကောင်းတယ်လို့ဆိုနိုင်ပြီး အဲဒီနောက်ဘက် ဝန်တင် ခန်းကိုလည်း Cover တွေနဲ့ဖုံးအုပ်ပေးထားပြန်ပါတယ်။
အင်ဂျင်နဲ့စွမ်းဆောင်ရည်
E-Pace မှာ 2.0L In-line 4 Cylinder Turbocharges ဓာတ်ဆီအင်ဂျင်ကိုသုံးထားပြီး မြင်းကောင်ရေ ၂၄၆ ကောင်အားထွက်ရှိမှာဖြစ်သလို Torque ကလည်း 365Nm/1200 – 4500 rpm ရှိပါတယ်။ အကောင်သေးပေမယ့် စွမ်းအင်ထွက်ရှိမှုကတော့ အံ့မခန်းပါပဲ။ပြီးတော့ Acceleration က 0 – 100 km/h ကို 6.6 secs ပဲကြာ မှာဖြစ်သလို အမြန်ဆုံးမောင်းနှင်မှုအနေနဲ့ ၁နာရီကို ၁၄၃ ကီလိုမီတာရောက်ရှိနိုင်ပါတယ်။ Transmission က Automatic 8-speed with Jaguar Sequential Shift ကိုသုံးထားပြီး RWD စနစ်နဲ့လာပါတယ်။ Suspension ပိုင်းကိုတော့ ရှေ့ကို Double Wishbone နဲ့နောက်ကို Multi –link တွေတပ်ဆင်ပေးထားပါတယ်။ ထူးခြားတာကတော့ Passive Suspension စနစ်သုံးထားလို့ လမ်းကြမ်း မောင်းနှင်မှုတွေမှာ ဇိမ်ရှိသလို အကြမ်းလည်းပိုခံသွားပါတယ်။ ဘရိတ်စနစ်ကတော့ လေဝင်လေထွက် ကောင်းစေဖို့ရာ Front and Rear Ventilated Discs တွေကိုအသုံးပြုထားပါတယ်။
လုံခြုံရေး
E-PACE မှာရှေ့၊ဘေးဘက်တွေမှာ လေအိတ်ခြောက်လုံးပါရှိပါတယ်။ ပြီးတော့ ပါကင်ထိုးရာမှာသတိပေးအချက် ပြတဲ့ park assist၊ တောင်တက်၊ တောင်ဆင်းတွေမှာ ကားရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ hill assist၊ စိုစွတ်တဲ့လမ်းမတွေမှာ လမ်းချော်ပါကဘီးရဲ့ လည်အားကိုထိန်းပေးတဲ့ electronic tranction control၊ ကလေးငယ်များလိုက်ပါစီးနင်းရင် အသုံးပြုတဲ့ ISOFIX လုံခြုံရေးခါးပတ်၊ လမ်းချော်မှုကို ကာကွယ်ပေးတဲ့ anti-breaking စနစ် ၊ ABS,EBA, Rain Sensing Windscreen Wipers, Torque Vectoring , Dynamic Stability Control (DSC) with Trac DSC Mode, All Surface Progress Control ယာဉ်တိုက်မှုဖြစ်ပေါ်လာရင် ရှေ့ခုံတွေကို ထိခိုက်မှုလျော့နည်းအောင်ပြုလုပ်ပေးတဲ့စနစ်၊လမ်းဖြတ်ကူးသူတွေကိုထောက်လှမ်းပေးနိုင်တဲ့ စ နစ်အစရှိတဲ့လုံခြုံရေးစနစ်များစွာပါဝင်ပါတယ်။ အဲဒီထဲကမှ Jaguar ရဲ့မူပိုင်နည်းပညာတွေဖြစ်တဲ့ Torque Vectoring နဲ့ All Surface Progress Control တွေအကြောင်း အနည်းငယ်ရှင်းပြလိုပါတယ်။ Torque Vectoringက ကြီးမားလွန်းတဲ့ကွေ့တွေမှာ ကားရဲ့အရှိန်ကြောင့်ခါရမ်းမှုတွေ၊စတီယာရင်ပေါ်သက် ရောက် မှုတွေ လျော့နည်းစေဖို့အပြင် စပေါ့ကားတစ်စီးလို အရှိန်မြှင့်တင်နိုင်ဖို့နဲ့ ယာဉ်မောင်းသူယုံကြည်ချက် မလျော့ ကျစေဖို့ ဘီးတွေကို အလိုအလျောက်ထိန်းညှိပေးတဲ့စနစ်ဖြစ်ပါတယ်။ All Surface Progress Control ကတော့ လမ်းအခြေအနေပေါ်မူတည်ပြီး အင်ဂျင်၊ဘီးနဲ့ဘရိတ်တွေကို အလိုအလျောက်ထိန်းညှိပေးနိုင်တဲ့စနစ်ဖြစ်လို့ ဘယ်လမ်းမဆိုအဆင်ပြေပြေမောင်းနှင်နိုင်မှာပါ။
သုံးသပ်ချက်
အချုပ်အားဖြင့်ဆိုရရင်တော့ E-Pace ဟာ ဗြိတိသျှတို့ရဲ့ ခန့်ထည်မှုနဲ့အနုစိတ်လက်ရာ၊ ခေတ်မီဆန်းသစ်ပြီး Sporty ဖြစ်စေတဲ့ ဒီဇိုင်း၊ လက်တွေ့အသုံးပြုနိုင်ခြင်း စတာတွေကို ထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပြီး ဆီစား သက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အင်ဂျင်စနစ်၊ နောက်ဆုံးပေါ်နည်းပညာသုံး Feature များတွေနဲ့ ဇိမ်ခံပစ္စည်းများ၊ အထူးအဆင့်မြင့်လုံခြုံရေးစနစ်တွေကိုလည်း ထည့်သွင်းထားသည့်အတွက် အဆင့်အတန်းမြင့် မားလှတဲ့ ဇိမ်ခံကားကောင်းတစ်စီးဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဈေးကတော့ အမေရိကန်ဒေါ်လာ ၇၉,၀၀၀ ကနေစတင်မှာဖြစ်ပြီး Capital Automotive Company မှ မြန်မာပြည် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေပြီး သမိုင်းလမ်းစုံ အနီး အင်းစိန်လမ်းမပေါ်ရှိ Jaguar Land Rover Myanmar Showroom မှာဝယ်ယူ ရရှိနိုင် မှာဖြစ်ပါတယ်။
Specification…
Engine – 2.0L Turbocharges (petrol)
Transmissions – 8 Speed Auto
Maximum Power (HP/rpm) – 246 hp /5500 rpm
Maximum Torque (Nm/rpm) – 365 N⋅m /1200-4500
Top speed (km/h) – 143 km/h
Acceleration (0-62mph) – 6.6 seconds
Fuel Consumption(Combined) -7.7L/100km