ကမ္ဘာကျော် J E E P ၏ နာမည်ကျော် Model ဖြစ်သည့် Jeep Cherokee ၏ (2019 Model) နှင့် ပတ်သက်သည့် ဓါတ်ပုံများအား Jeep မှ တရားဝင်ထုတ်ပြန်လိုက်ပါသည်။ ယခုအသစ်ထွက်ရှိသည့် New Cherokee အား ထူးခြားသည့်ပြောင်းလဲမှုများစွာဖြင့် တွေ့မြင်ရပါမည်။ လက်ရှိ Cherokee ၏ အရှေ့ဖက် ဒီဇိုင်း ပေါင်းစပ်မှုသည် အခြားသော Jeep Model များဖြစ်ကြသည့် Compass နှင့် Grand Cherokee တို့နှင့် များစွာတူညီမှုရှိပါသည်။ ယခု 2019 Cherokee တွင် ယခင်ထက်ပို၍ လုံးချောနေမည့် ပုံစံရှိမည်ဖြစ်ကာ အပြောင်းအလဲအတွက် အစပြုခြင်း အနေဖြင့် Crossover ၏ဂုဏ်သတ္တိနှင့် ပြဋ္ဌာန်းချက် အတိုင်းအပြည့်အ၀ပုံဖော်ဖန်တီးထားသည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားပါမည်။
အခြားသောပြောင်းလဲမှုတစ်ခု မှာကား အနောက်ဖက်ဒီဇိုင်းဖြစ်ပြီး အနောက်ဖုံးဘေးအကာစောင်း ပုံစံအသစ်တွင် လိုင်စင်ပြားအား ထားရှိမည်ဖြစ်ပြီး ယခင် Model များထက် ကြည့်ရအဆင်ပြေသည့် အနောက်ဖက် ဒီဇိုင်းဖြင့် မြင်တွေ့ရပါမည်။ အလားတူ ဘန်ဘာဒီဇိုင်းအား (Faux Skid Plate) များအား လိုင်စင်အပြား၏ ဘေးတွင် ထားရှိနိုင်ရန် အဆင်ပြေသည့် ပုံစံအသစ်ဖြင့် ပြောင်းလဲဖန်တီးထားပါသည်။
အထက်ပါအချက်များမှလွဲ၍ အခြားသော အသေးစိတ်သတင်းအချက်အလက်များအား Jeep မှ ထုတ်ပြန်ထားခြင်းမရှိပါ။အဆိုပါ 2019 Jeep Cherokee အား ယခုလာမည့် 2018 January တွင် စတင် မိတ်ဆက်မည်ဖြစ်ပြီး အင်ဂျင်စနစ်နှင့် ဂီယာစနစ်များအား အဆင့်မြှင့်တင်ထည့်သွင်းထားမည်ဟု Cherokee ချစ်သူအများစုမှ မျှော်မှန်းထားကြပါသည်။