Unicode version…

KIA ၏ အထင်ရှားဆုံး Luxury Sedan ဖြစ်သည့် 2019 Model K 900 အား New York Auto Show တွင် မိတ်ဆက်ပြသခဲ့ပါသည်။ ၎င်းအား အသွင်သစ်၊ အမြင်သစ်ဖြင့် ဖန်တီးထားပြီး အတွင်း/အပြင် ဒီဇိုင်းနှင့် ပါ၀င်မှုများစွာကိုလည်း အသစ်များစွာဖြင့် ပြုလုပ်ထားပါသည်။ အင်ဂျင်သည် KIA Stinger တွင် တပ်ဆင်ထားသည့် 3.3 L Twin Turbo V6 Engine (365 hp) အင်ဂျင်ဖြစ်ပြီး (Torque-Vectoring AWD System)စနစ် ပါ၀င်ပါမည်။ ယခင် Model သည် (နောက်ဘီးယက်စနစ်) သုံး ကားဖြစ်ပါသည်။ ယခု AWD စနစ်သစ်သည် ယာဉ်၏ အရှေ့ဖက် ၀န်ရိုးအား စွမ်းအင်၏ (၅၀)% ကို၎င်း/ အနောက်ဖက်ဝန်ရိုးအား စွမ်းအင်၏ (၈၀)%ကို၎င်း/ ပို့လွှတ်ပေးပါမည်။ 2019 K 900 အား တောင်ကိုရီးယားနှင့် အချို့သော ဒေသများ၌ (5.0 L V8 Engine)ကိုလည်း တပ်ဆင်ထားမည် ဖြစ်သော်လည်း မြောက်အမေရိက၌ (3.3 L V 6 Engine) သာ ရနိုင်ပါမည်။ ၎င်း၏ အတွင်းခန်းအား အထူးလှပသည့် ပုံစံဖြင့် ဖန်တီးထားကာ (Cocoon-Like Leather) နှင့် (Pantone- Assisted Mood Lighting System)ကဲ့သို့ ထူးခြားသည့် ပါ၀င်မှုများ ထည့်သွင်းထားပါမည်။ Dashboard တွင် (12.3 inch HMI Touchscreen) ပါရှိမည်ဖြစ်ပြီး ကား၏ Setting ချိန်ညှိခြင်းများအတွက် (Bespoke UVO Telematics System)လည်း ပါရှိမည်ဖြစ်ကာ (Head-up Display)ကိုလည်း မှာယူနိုင်ပါမည်။ ထို့အတူ (Smart Cruise Control with Lane Function) (Drive Fatigue Monitoring System) (Collision Avoidance and Warning)ကဲ့သို့ ယာဉ်မောင်းထောက်ပံ့မှု နည်းပညာများလည်း ပါ၀င်မည် ဖြစ်ပြီး (Higher Tires Introducing Diagnostics) ကဲ့သို့ ပါ၀င်မှုများကိုလည်း မိတ်ဆက် ထည့်သွင်းထားမည် ဖြစ်ပါသည်။

2019 K900

Zawgyi version….

KIA ၏ အထင္ရွားဆံုး Luxury Sedan ျဖစ္သည့္ 2019 Model K 900 အား New York Auto Show တြင္ မိတ္ဆက္ျပသခဲ့ပါသည္။ ၎အား အသြင္သစ္၊ အျမင္သစ္ျဖင့္ ဖန္တီးထားၿပီး အတြင္း/အျပင္ ဒီဇိုင္းႏွင့္ ပါ၀င္မႈမ်ားစြာကိုလည္း အသစ္မ်ားစြာျဖင့္ ျပဳလုပ္ထားပါသည္။ အင္ဂ်င္သည္ KIA Stinger တြင္ တပ္ဆင္ထားသည့္ 3.3 L Twin Turbo V6 Engine (365 hp) အင္ဂ်င္ျဖစ္ၿပီး (Torque-Vectoring AWD System)စနစ္ ပါ၀င္ပါမည္။ ယခင္ Model သည္ (ေနာက္ဘီးယက္စနစ္) သံုး ကားျဖစ္ပါသည္။  ယခု AWD စနစ္သစ္သည္ ယာဥ္၏ အေရွ႔ဖက္ ၀န္ရိုးအား စြမ္းအင္၏ (၅၀)% ကို၎/ အေနာက္ဖက္၀န္ရိုးအား စြမ္းအင္၏ (၈၀)%ကို၎/ ပို႔လႊတ္ေပးပါမည္။ 2019 K 900 အား ေတာင္ကိုရီးယားႏွင့္ အခ်ိဳ႕ေသာ ေဒသမ်ား၌ (5.0 L V8 Engine)ကိုလည္း တပ္ဆင္ထားမည္ ျဖစ္ေသာ္လည္း ေျမာက္အေမရိက၌ (3.3 L V 6 Engine) သာ ရႏိုင္ပါမည္။ ၎၏ အတြင္းခန္းအား အထူးလွပသည့္ ပံုစံျဖင့္ ဖန္တီးထားကာ (Cocoon-Like Leather) ႏွင့္ (Pantone- Assisted Mood Lighting System)ကဲ့သို႔ ထူးျခားသည့္ ပါ၀င္မႈမ်ား ထည့္သြင္းထားပါမည္။ Dashboard တြင္ (12.3 inch HMI Touchscreen)  ပါရွိမည္ျဖစ္ၿပီး ကား၏ Setting ခ်ိန္ညိွျခင္းမ်ားအတြက္ (Bespoke UVO Telematics System)လည္း ပါရွိမည္ျဖစ္ကာ (Head-up Display)ကိုလည္း မွာယူႏိုင္ပါမည္။ ထို႔အတူ (Smart Cruise Control with Lane Function) (Drive Fatigue Monitoring System) (Collision Avoidance and Warning)ကဲ့သို႔ ယာဥ္ေမာင္းေထာက္ပံ့မႈ နည္းပညာမ်ားလည္း ပါ၀င္မည္ ျဖစ္ၿပီး (Higher Tires Introducing Diagnostics) ကဲ့သို႔ ပါ၀င္မႈမ်ားကိုလည္း မိတ္ဆက္ ထည့္သြင္းထားမည္ ျဖစ္ပါသည္။