Unicode Version…
ကိုရီးယားနိုင်ငံထုတ် KIA အမျိုးအစားကားများကို တင်သွင်းရောင်းချပေးနေသည့် SSS Co,.Ltd မှ 2019 KIA Optima GT ကိုပြည်တွင်းဈေးကွက်ထဲသို့ စတင်မိတ်ဆက်ရောင်းချသွားခဲ့သည်။ ၎င်းတွင် 2.4 L Engine နှင့် Electronically Control စနစ်ဖြင့် ဖန်တီးထားသော 6-speed Automatic Gearbox ကိုတပ်ဆင်ထားသည်။ ကားအပြင်ပိုင်းတွင် ယခင်နှင့်ကွဲပြားသွားပြီး ရှေ့ရှဲလ်(Grille)သည် ဆန်ခါကွက် ပုံစံဖြစ်သွားကာ အောက် ဘက်တွင် ဘမ်ပါနှင့် Air Cuttain Inlake တို့ ပါရှိမည်ဖြစ်သည်။ ထို့အပြင် GT Line တွင်သာ သီးသန့် ပါရှိသည့် Black High Gloss Side Sill Molding ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
ကားအတွင်းခန်းတွင် ယခင်မော်ဒယ်နှင့် မတူညီသည့် Dashboard Design ဖြင့် ပုံဖော်ထားပြီး Black and Red Leather Seat ထိုင်ခုံများ တပ်ဆင်ထားကာ ရှေ့ခန်း ထိုင်ခုံများတွင် အပူ၊ အအေးပေး စနစ်များ ပါရှိပါသည်။
KIA Optima GT 2019 တွင် ရှစ်လက်မပတ်လည် Sub-woofer ပါဝင်သည့် Harman/Kardon Premium Sound System စပီကာ ၁၀ လုံး ၊ Wireless Smartphone Charger ၊ Android Auto Apple ၊ Dual Zone Full Auto Temperature Control DF-ATC ၊ Auto Defog System ၊ Rear Power Outlet စသည့် Function များ ထည့်သွင်းထားပါသည်။
လုံခြုံရေးပိုင်းတွင်လည်း 360 Surrounding Camera ၊ လေအိတ် ခုနစ်လုံး၊ Electronic Control Suspension-ESC ၊ Parking Assist System-PSA ၊ Electronic Parking Brake-EPB ၊ Rear Cross Traffic Alert-RCTA စသည်တို့ ပါဝင်မည်ဖြစ်သည်။
2019 Model New Optima GT Line ကို ဈေးနှုန်း အနေဖြင့် USD 52,000 ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး အဆိုပါဈေးနှုန်းမှာ ရန်ကုန်လိုင်စင်၊ဝင်ငွေခွန်အပြီးအစီးဖြစ်ကာ အာမခံအနေဖြင့် ၇ နှစ် သို့မဟုတ် ကီလိုမီ တာတစ်သိန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version…

2019 KIA Optima GT ကုိျပည္တြင္းေစ်းကြက္သုိ႔ စတင္တင္သြင္းေရာင္းခ်
ကုိရီးယားႏိုင္ငံထုတ္ KIA အမ်ိဳးအစားကားမ်ားကုိ တင္သြင္းေရာင္းခ်ေပးေနသည့္ SSS Co,.Ltd မွ 2019 KIA Optima GT ကုိျပည္တြင္းေစ်းကြက္ထဲသုိ႔ စတင္မိတ္ဆက္ေရာင္းခ်သြားခဲ့သည္။ ၎တြင္ 2.4 L Engine ႏွင့္ Electronically Control စနစ္ျဖင့္ ဖန္တီးထားေသာ 6-speed Automatic Gearbox ကုိတပ္ဆင္ထားသည္။ ကားအျပင္ပိုင္းတြင္ ယခင္ႏွင့္ကြဲျပားသြားျပီး ေရွ႕ရွဲလ္(Grille)သည္ ဆန္ခါကြက္ ပံုစံျဖစ္သြားကာ ေအာက္ ဘက္တြင္ ဘမ္ပါႏွင့္ Air Cuttain Inlake တို႔ ပါရွိမည္ျဖစ္သည္။ ထုိ႔အျပင္ GT Line တြင္သာ သီးသန္႔ ပါရွိသည့္ Black High Gloss Side Sill Molding ကိုလည္း ေတြ႕ျမင္ရမည္ျဖစ္သည္။
ကားအတြင္းခန္းတြင္ ယခင္ေမာ္ဒယ္ႏွင့္ မတူညီသည့္ Dashboard Design ျဖင့္ ပံုေဖာ္ထားၿပီး Black and Red Leather Seat ထိုင္ခံုမ်ား တပ္ဆင္ထားကာ ေရွ႕ခန္း ထိုင္ခံုမ်ားတြင္ အပူ၊ အေအးေပး စနစ္မ်ား ပါရွိပါသည္။
KIA Optima GT 2019 တြင္ ရွစ္လက္မပတ္လည္ Sub-woofer ပါ၀င္သည့္ Harman/Kardon Premium Sound System စပီကာ ၁၀ လံုး ၊ Wireless Smartphone Charger ၊ Android Auto Apple ၊ Dual Zone Full Auto Temperature Control DF-ATC ၊ Auto Defog System ၊ Rear Power Outlet စသည့္ Function မ်ား ထည့္သြင္းထားပါသည္။
လံုၿခံဳေရးပိုင္းတြင္လည္း 360 Surrounding Camera ၊ ေလအိတ္ ခုနစ္လံုး၊ Electronic Control Suspension-ESC ၊ Parking Assist System-PSA ၊ Electronic Parking Brake-EPB ၊ Rear Cross Traffic Alert-RCTA စသည္တို႔ ပါဝင္မည္ျဖစ္သည္။
2019 Model New Optima GT Line ကို ေစ်းႏႈန္း အေနျဖင့္ USD 52,000 ျဖင့္ ေရာင္းခ်ေပးမည္ ျဖစ္ျပီး အဆုိပါေစ်းႏွဳန္းမွာ ရန္ကုန္လုိင္စင္၊ဝင္ေငြခြန္အျပီးအစီးျဖစ္ကာ အာမခံအေနျဖင့္ ၇ ႏွစ္ သို႔မဟုတ္ ကီလိုမီ တာတစ္သိန္း ရရွိမည္ျဖစ္ေၾကာင္း သိရသည္။