Zawgyi Version…
KIA Myanmar မွ ယခင္ေမာ္ဒယ္ေဟာင္းႏွင့္မတူညီေသာ ေရွ႕ရုပ္ထြက္ design အသြင္အျပင္ရွိသည့္ 2019 KIA Sportage (GT Line) ကုိ ျပီးခဲ့သည့္ေမလလယ္ကစတင္မိတ္ဆက္သြားခဲ့သည္။ ၎၏အျပင္ဘက္ပုိင္းမွာ ယခင္ေမာ္ဒယ္ကဲ့သုိ႔ HID Head Lamps မဟုတ္ေတာ့ဘဲ Full LED headlamp မ်ားကုိေျပာင္းလဲထားျပီး Fog Lamp မွာလည္း ယခင္အေဟာင္းကဲ့သုိ႔ အန္စာတုံး ၄ ခုပုံစံမဟုတ္ေတာ့ဘဲ အေပၚႏွစ္ခုကုိ အလယ္မွ Chrome တန္း ႏွင့္ ပုိင္းျခားထားသည့္ Ice Cube LED Fog Light မ်ားကုိသုံးစြဲထားပါသည္။ ထုိ႔အျပင္ Dark Chrome Garnish မ်ားသုံးထားသည့္ေရွ႕ေအာက္ဘက္ရွဲမ်ားပါရွိျပီး 19 လက္မ GT Line Alloy Wheel မ်ားကုိသုံး စြဲထား ပါသည္။ ကားအေနာက္ဘက္တြင္လည္း Sporty Bumper Design မ်ိဳးခ်ိဳးဆစ္ထားကာ LED-type ေနာက္ ဘက္ ေပါင္းစပ္မီးမ်ား၊ ေနာက္ဘက္ႏွင္းခဲြမီး၊ GT Line ပုံစံ Dual အိတ္ေဇာပုံစံ၊ Smart Power Tailgate စသည္တုိ႔ပါဝင္ပါသည္။


အတြင္းခန္းတြင္ အပူေပးစနစ္ပါေသာ Leather Multi-function Steering ႏွင့္ ၎တြင္ Cruise Control , Media ထိန္းခ်ဳပ္မွဳႏွင့္ ဖုန္းေခၚဆုိမွဳ၊မက္ေဆ့ မ်ားကုိ ထိန္းခ်ဳပ္ႏိုင္သည့္ Control မ်ားပါဝင္ပါသည္။ ထုိ႔အျပင္ ထိန္းခ်ဳပ္မွဳမ်ားျပဳလုပ္ႏုိင္ေသာ 7-inch color LCD Touchscreen စနစ္၊ Air Purifier စနစ္ပါျပီး ဇုန္အ လုိက္ျဖန္႕က်က္ကာ အပူအေအး ခ်ိန္ညွိႏုိင္ေသာ Dual Zone Full Auto Temperature Control (D-FATC) စနစ္၊ 4.2-inch Color TFT-LCD ဒုိင္ခြက္၊ ေတာက္ပေသာ အနက္ေရာင္သုံးထားေသာ ဒတ္ရွ္ဘုတ္ေရွ႕ဒီဇုိင္း၊ Wireless Smartphone Charger ၊ Button Start / Stop ၊ Smart welcome system၊ Leather သုံး Gear Knob ၊ ပါဝါႏွင့္ခ်ိန္ညွိႏိုင္သည့္အျပင္ အပူ၊အေအးေပးစနစ္ပါေသာ လည္သာသုံးေရွ႕ထုိင္ခုံမ်ား၊ Wireless Smartphone Charger ၊ Larger Panoramic Sunroof ၊ 60/40 ေခါက္သိမ္းႏုိင္ျပီး အလယ္လက္ တင္ခုံ ပါေသာ လည္သာသုံး ေနာက္ ထုိင္ခုံမ်ားပါဝင္သည္။


Generation ေလးဆက္ေျမာက္ KIA Sportage တြင္ အင္ဂ်င္အေနျဖင့္ ယခင္အတုိင္း 2.0 L CRDi four-cylinder engines ကုိသာသုံးထားေသာ္လည္း ယခင္ 6 Speed အစား 8 speed Transmission ကုိေျပာင္း လဲအသုံးျပဳထားေသာေၾကာင့္ ေမာင္းႏွင္မွဳအပုိင္း ပုိမုိ ေကာင္းမြန္လာမည္ဟု KIA မွဆုိထားသည္။ စြမ္းအင္ ထြက္ရွိမွဳမွာ ျမင္းေကာင္ေရ ၁၈၂ ႏွင့္ ရုန္းအား 400Nm ထြက္ရွိမည္ျဖစ္သည္။ ယခုေမာ္ဒယ္တြင္ All Wheel Drive System ကုိသုံးထားျပီး Alloy ႏွင့္ျပဳလုပ္ ထားေသာ Pedals မွလည္း Manual ပုံစံေမာင္းႏွင္ႏိုင္ပါသည္။ လုံျခံဳေရးစနစ္အတြက္လည္း ABS (Anti-lock Braking System)၊ Vehicle Stability Management (VSM) ၊ Blind Spot Detector ၊ Rear Cross-Traffic Collision Warning ၊ Advanced Traction Cornering Control (ATCC) ၊ Advanced Traction Cornering Control (ATCC) ၊ Reverse Camera ၊ Electronic Parking Brake (EPB)၊ Drive Mode Select (DMS) ၊ DBC (Downhill Brake Control) ၊ HAC (Hill-start Assist Control) ႏွင့္ 6-Air Bags စသည့္စနစ္မ်ားပါဝင္ပါသည္။ ေစ်းနွဳန္းမွာ အေျပာင္းအလဲမရွိဘဲ ယခင္အတုိင္း USD 55,000 ျဖစ္ျပီး ၇ ႏွစ္ကီလုိ 150000 အာမခံရရွိမည္ျဖစ္ကာ အမည္ေပါက္၊ ရန္ကုန္လုိင္စင္ ရရွိမည္ျဖစ္ သည္။ အရစ္က်စနစ္ျဖင့္လည္း ၇ႏွစ္အထိဘဏ္ႏွင့္ခ်ိတ္ဆက္ျပီး ဝယ္ယူႏုိင္မည္ဟု သိရသည္။

Unicode Version…

Facelift ပိုင်းနှင့်နည်းပညာအချို့ပြောင်းလဲထားသော 2019 KIA Sportage (GT Line) ကို KIA Myanmar မှ စတင်မိတ်ဆက်
KIA Myanmar မှ ယခင်မော်ဒယ်ဟောင်းနှင့်မတူညီသော ရှေ့ရုပ်ထွက် design အသွင်အပြင်ရှိသည့် 2019 KIA Sportage (GT Line) ကို ပြီးခဲ့သည့်မေလလယ်ကစတင်မိတ်ဆက်သွားခဲ့သည်။ ၎င်း၏အပြင်ဘက်ပိုင်းမှာ ယခင်မော်ဒယ်ကဲ့သို့ HID Head Lamps မဟုတ်တော့ဘဲ Full LED headlamp များကိုပြောင်းလဲထားပြီး Fog Lamp မှာလည်း ယခင်အဟောင်းကဲ့သို့ အန်စာတုံး ၄ ခုပုံစံမဟုတ်တော့ဘဲ အပေါ်နှစ်ခုကို အလယ်မှ Chrome တန်း နှင့် ပိုင်းခြားထားသည့် Ice Cube LED Fog Light များကိုသုံးစွဲထားပါသည်။ ထို့အပြင် Dark Chrome Garnish များသုံးထားသည့်ရှေ့အောက်ဘက်ရှဲများပါရှိပြီး 19 လက်မ GT Line Alloy Wheel များကိုသုံး စွဲထား ပါသည်။ ကားအနောက်ဘက်တွင်လည်း Sporty Bumper Design မျိုးချိုးဆစ်ထားကာ LED-type နောက် ဘက် ပေါင်းစပ်မီးများ၊ နောက်ဘက်နှင်းခွဲမီး၊ GT Line ပုံစံ Dual အိတ်ဇောပုံစံ၊ Smart Power Tailgate စသည်တို့ပါဝင်ပါသည်။
အတွင်းခန်းတွင် အပူပေးစနစ်ပါသော Leather Multi-function Steering နှင့် ၎င်းတွင် Cruise Control , Media ထိန်းချုပ်မှုနှင့် ဖုန်းခေါ်ဆိုမှု၊မက်ဆေ့ များကို ထိန်းချုပ်နိုင်သည့် Control များပါဝင်ပါသည်။ ထို့အပြင် ထိန်းချုပ်မှုများပြုလုပ်နိုင်သော 7-inch color LCD Touchscreen စနစ်၊ Air Purifier စနစ်ပါပြီး ဇုန်အ လိုက်ဖြန့်ကျက်ကာ အပူအအေး ချိန်ညှိနိုင်သော Dual Zone Full Auto Temperature Control (D-FATC) စနစ်၊ 4.2-inch Color TFT-LCD ဒိုင်ခွက်၊ တောက်ပသော အနက်ရောင်သုံးထားသော ဒတ်ရှ်ဘုတ်ရှေ့ဒီဇိုင်း၊ Wireless Smartphone Charger ၊ Button Start / Stop ၊ Smart welcome system၊ Leather သုံး Gear Knob ၊ ပါဝါနှင့်ချိန်ညှိနိုင်သည့်အပြင် အပူ၊အအေးပေးစနစ်ပါသော လည်သာသုံးရှေ့ထိုင်ခုံများ၊ Wireless Smartphone Charger ၊ Larger Panoramic Sunroof ၊ 60/40 ခေါက်သိမ်းနိုင်ပြီး အလယ်လက် တင်ခုံ ပါသော လည်သာသုံး နောက် ထိုင်ခုံများပါဝင်သည်။
Generation လေးဆက်မြောက် KIA Sportage တွင် အင်ဂျင်အနေဖြင့် ယခင်အတိုင်း 2.0 L CRDi four-cylinder engines ကိုသာသုံးထားသော်လည်း ယခင် 6 Speed အစား 8 speed Transmission ကိုပြောင်း လဲအသုံးပြုထားသောကြောင့် မောင်းနှင်မှုအပိုင်း ပိုမို ကောင်းမွန်လာမည်ဟု KIA မှဆိုထားသည်။ စွမ်းအင် ထွက်ရှိမှုမှာ မြင်းကောင်ရေ ၁၈၂ နှင့် ရုန်းအား 400Nm ထွက်ရှိမည်ဖြစ်သည်။ ယခုမော်ဒယ်တွင် All Wheel Drive System ကိုသုံးထားပြီး Alloy နှင့်ပြုလုပ် ထားသော Pedals မှလည်း Manual ပုံစံမောင်းနှင်နိုင်ပါသည်။ လုံခြုံရေးစနစ်အတွက်လည်း ABS (Anti-lock Braking System)၊ Vehicle Stability Management (VSM) ၊ Blind Spot Detector ၊ Rear Cross-Traffic Collision Warning ၊ Advanced Traction Cornering Control (ATCC) ၊ Advanced Traction Cornering Control (ATCC) ၊ Reverse Camera ၊ Electronic Parking Brake (EPB)၊ Drive Mode Select (DMS) ၊ DBC (Downhill Brake Control) ၊ HAC (Hill-start Assist Control) နှင့် 6-Air Bags စသည့်စနစ်များပါဝင်ပါသည်။ ဈေးနှုန်းမှာ အပြောင်းအလဲမရှိဘဲ ယခင်အတိုင်း USD 55,000 ဖြစ်ပြီး ၇ နှစ်ကီလို 150000 အာမခံရရှိမည်ဖြစ်ကာ အမည်ပေါက်၊ ရန်ကုန်လိုင်စင် ရရှိမည်ဖြစ် သည်။ အရစ်ကျစနစ်ဖြင့်လည်း ၇နှစ်အထိဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူနိုင်မည်ဟု သိရသည်။