Unicode Version…

Lexus ES ၏ သတ္တမမြောက်မျိုးဆက်ဖြစ်သည့် 2019 ES 350 Midsize Sedan အား USD 39500 မှ USD 40525 ခန့်အတွင်း ဈေးနှုန်းဖြင့် လည်းကောင်း ၊ Hybrid Version ဖြစ်သည့် ES300 h အား USD 43310 မှ USD 44335 ခန့် အတွင်းဖြင့်လည်းကောင်း ၊ All – New ES 350 F Sport အား USD 444350 မှ USD 45060 ခန့်ဖြင့် လည်းကောင်း ဈေးနှုန်း သတ်မှတ်ချက်များ ထွက်ရှိလာ ပါသည်။ Model အားလုံးကို Toyota ၏ GA – K မှ ဖန်တီးပြီး ပေါ့ပါးသွယ်လျ ပြီး ဆန်းသစ်သည့် ဒီဇိုင်းပုံစံများဖြင့် ဖန်တီးထားမည်ဖြစ်ကာ Electric Power Steering နှင့် Multilink Rear Suspension စနစ်များသည် ES Model အား အထူးသွက်လက်ပေါ့ပါး စေမည်ဖြစ်သည်။ အဆင့်မြှင့်တင် ထားသည့် Lexus Safety System + 2.0 ကို Model အားလုံး၌ ထည့်သွင်း ထားမည်ဖြစ်ပြီး ၎င်းတွင် ( အနှေးယာဉ်များကိုထောက်လှမ်းခြင်း ၊ ညအမှောင်တွင် လမ်းသွားသူ များကို တောက်လှမ်း ခြင်း ) ကဲ့သို့ နည်းပညာများပါဝင်မည်။ Lexus ES 350 ၊ ES 350 F Sport များတွင် (3.5 L V6 Engine ) ( 320 hp ) အင်ဂျင်နှင့် ES 300 h တွင် ( 2.5 L Atkinson – Cycle I4 Engine ) ၊ ( 215 hp ) အင်ဂျင်နှင့် ( ICE ၊ Electric Motor ) တို့တွဲဖက်ထားမည်ဖြစ်သည်။ ထို့အပြင် ပထမ ဆုံးသော ( Apple Car Play ) ထည့်သွင်းမှုနှင့် ( Amazon Alexia Communicate ) ဆက်သွယ်မှု ကဲ့သို့ နည်းပညာများ ၊19 – inch Allay wheels ၊ Rear Sport နှင့် Returned Suspension ကဲ့သို့ ပါဝင် မှုများကို F- Sport Model တွင် ထည့်သွင်းထားမည်ဖြစ်သည်။ 2019 Lexus ES Model အား မြောက်အမေရိကဒေသဈေးကွက်တွင် ယခုနှစ် September မှ စတင်ရောင်းချမည်ဖြစ်သည်။

Zawgyi Version…

F Sport နှင့် Hybrid အမျိုးအစားသစ်များပါဝင်လာသည့် 2019 Lexus E S Model