Unicode version…
Lexus သည် Latest Model ဖြစ်သည့် 2019 ES model ဆိုင်ရာ ဓါတ်ပုံအချို့အား ဘေဂျင်း ကားပြပွဲစတိုင်မီကြိုတင်မိတ်ဆက်လိုက်သည်။ အသစ်ထုတ် ES Model သည် ဆန်းသစ်သည့် ဒီဇိုင်း ထိပ်တန်း စွမ်းဆောင်ရည် နှင့် Lexus ၏ ပြယုဂ်များ စုံလင်စွာပါရှိသည်ဖြစ် ပါသည်။၎င်းသည် Lexus ၏ အစဉ်အဆက် ရောင်းအားကောင်းခဲ့သည့် Sedan လည်း ဖြစ်ပါသည်။ ယခု 2019 ES Model သည် (ဥရောပ) စျေးကွက်၏ ရောင်းအားကို စတင်ခြေကုပ်ရယူ ထားမည့်ကားလည်းဖြစ်ပါသည်။ ထို့အပြင် ၎င်း၏ နောင်တော် GS Model ၏ အစားထိုးထားမည့် ကားလည်းဖြစ်သည်။ (GS Model အားမကြာမီထုတ်လုပ်မှုရပ်စဲသွား ပါမည်။ ) New ES Model အား(ရှေ့ဘီးယက်စနစ်သုံး) ကား အနေဖြင့် ဖန်တီးထားပါမည်။ Lexus သည် ယခု 2019 ES နှင့် ပတ်သက်၍ အကောင်းဆုံးသော ကားဖြစ်စေရန် ကတိပြုထားပါသည်။ ၎င်းတွင် (4WD) စနစ်လည်းထည့်တွင်းထားဖွယ်ရှိပြီး (အဆင့်ဖြင့် ဓာတ်ဆီအင်ဂျင်) နှင့် (Hybrid Engine)ဟူ၍ ပုံစံ(၂) မျိုးရရှိမည်ဖြစ်သည်။
2019 Lexus ES တွင် Latest Lexus ကားများတွင်ပါ၀င်သည့်ဆန်းသစ်လှသည် Shape များအား အရှေ့နှင့်အနောက်တွင်ထုံးစံအတိုင်း ထည့်သွင်းထားမည်ဖြစ်ပြီး Headlight Design သည် သွယ်လျ၍ ခေတ်မှီလွန်းလှသည့် ပုံစံဖြစ်ကာ Grill နှင့် လိုက်ဖက်စွာတွေ့မြင်ရပါမည်။ အနောက်ဖက်
ဒီဇိုင်းအား ဆင်ခြေလျှောပုံစံဖန်တီးထား၍ ပုံစံအသစ်ဖြစ်သည့် Taillight နှင့် Prominent Spoiler တို့လည်း ထည့်သွင်းထားပါမည်။ 2019 Lexus ES အား မကြာခင်ကျင်းပမည့် ဘေဂျင်းကားပြပွဲတွင် ပြသမည် ဖြစ်ပါသည်။
Zawgyi version…