Zawgyi Version…

Umicode Version…

2019 Lexus N X F Sport တွင် Black Line Edition ထွက်ရှိတော့မည်
Lexus သည် ၎င်း၏ နာမည်ကျော် NX F Sport အတွက် Black Line Edition အား အထူးထုတ်အနေဖြင့် 2019 Chicago Auto show တွင် ပြသမည်။ ၎င်းသည် 2019 Model Year ၌သာသီးသန့်ထုတ်လုပ်သည့် Edition ဖြစ်ပြီး ပါဝင်သည့် Features များစွာကို စုံလင်စွာထည့်သွင်း ထားမည်ဖြစ်သည်။ Lexus သည် ၎င်း၏ RC Coupe Model တွင်လည်း Black Line Version ကို အထူးထုတ်အနေဖြင့် ထုတ်လုပ်ထားပါသည်။ NXF Sport Black Line Edition တွင် ( 2.0 L Turbocharged I 4 Engine ) ၊ ( 235 hp ) အင်ဂျင်နှင့် အတူ – 19 – inch Chrome Whales ၊ Faux Carbon Body side Graphic ကဲ့သို့ ထူးခြားသည့်အပြင်ဖက်ဒီဇိုင်းနှင့် အတူ အနက် ၊ ငွေရောင်နှင့် ၊ အဖြူရောင်တို့ ပေါင်းစပ်ထားသည် Black Line Color ဖြင့် တွေ့မြင်ရပါသည်။ အလားတူ အတွင်းခန်း တွင်လည်း အဖြူနှင့် အမည်း ( ၂ ) ရောင်စပ် ထိုင်ခုံဒီဇိုင်းနှင့် Black Headliner တို့သည် များစွာ ထူးခြားစေမည်ဖြစ်သည်။ တန်ဖိုးမြင့် ပါဝင်မှုများစွာပါရှိမည်ဖြစ်ပြီး – စပီကာ ၁၄ လုံးပါရှိသည့် Mark Levision 835 – watt Audio System ၊ Navigation System ၊ Blind – spat monitor / အပူ ၊ အအေးပေးစနစ်ပါသည့် ထိုင်ခုံများ ( Moon roof ) စသည်တို့ပါဝင်မည်ဖြစ်ပြီး အချို့ သည် Special Edition အတွက်သာဖြစ်ပါမည်။ Lexus သည် အဆိုပါအထူးထုတ် Model အား အစင်းရေ ( ၁,၀၀၀ ) ခန့်သာ ကန့်သတ်ထုတ်လုပ်မည်ဖြစ်ပြီး ယခုနှစ် ဖေဖေါ်ဝါရီတွင် စတင်ရောင်းချပါမည်။ ၎င်းတွင် ( အရှေ့ဘီးယက် ) ကို ( USD 49600 ) ခန့်ဖြင့်လည်းကောင်း ၊ ( AWD Version ) ကို ( USD 51,000 ) ခန့်ဖြင့်လည်းကောင်း ရောင်းချမည်ဖြစ်သည်။