Unicode version…
ကောလာဟလများနှင့် မျှော်လင့်စောင့်စားမှုများသည် ယခုအခါ ကုန်ဆုံးသွားပါပြီ။ 2019 Mazda MX – 5 Miata သည် တကယ့်ကို စွမ်းဆောင်ရည်ကောင်းမွန်မှုနှင့် ဆန်းသစ်မှုများဖြင့် ထွက်ရှိလာပါပြီဖြစ်သည်။2019 Miata တွင် ( 2.0 I4 Engine ) (181 hp ) အင်ဂျင်ကို တပ်ဆင် ထားပြီး ယခင် Model များထက် စွမ်းဆောင်ရည် ( ၁၇ % ) ခန့်တိုးမြှင့်ထားပါသည်။ အလားတူ
( Sizable weight + Loss Program ) ဖြင့်ဖန်တီးထားပြီး (2332 Lb ) ခန့်သာ အလေးချိန် ရှိမည် ဖြစ်သည်။ သို့သော် စွမ်းဆောင်ရည် အနေဖြင့် (2004 Model Mazda speed MX – 5 ) ၏ စွမ်းဆောင်ရည် ကဲ့သိ့ု ဖန်တီးထားမည်ဖြစ်ပြီး Torque 4000 rpm တွင် အမြင့်ဆုံးစွမ်းအား 7000 rpm အထိ ရောက်ရှိ နိုင်မည်ဖြစ်သည်။ Performance အနေဖြင့် (0 to 60 mhp ) အား ( 7.0 seconds ) ဖြင့် ရောက်ရှိနိုင်ပါမည်။ အလားတူ အထူးကောင်းမွန်သည့် (Exhaust System ) ကို တပ်ဆင် ထားပြီး ယခင် Model များထက် ( ၃၀ % ) – ခန့် Emission ထုတ်လွှတ်မှုတိုင် လျှော့ချပေးမည် ဖြစ်ပါသည်။ အလားတူ ( Intake ) နှင့် ( Fuel Injector ) စနစ်များကိုလည်း အသစ်ပြောင်းလဲ ထားပါ သည်။ ကား၏ စွမ်းဆောင်ရည်အတွက် အထူးအရေးပါသည့် Final Drive Ratio ကိုလည်း ( 3.454 ) မှ ( 3.583 ) သို့ တိုးမြှင့်ထားပါသည်။ အထက်ပါ စွမ်းဆောင်မှု ဆိုင်ရာများ အပြင် အချို့သော ပါ၀င် မှုများကိုလည်း အဆင့်မြှင့်တင်ထားပြီး Steering သည် Telescope Steering ပုံစံဖြစ်လာပြီး ထိုင်ခုံအနေအထားများ ကိုလည်း အဆင့်မြှင့်တင်ထားပါသသည်။ ( New 17 – inch wheels ) နှင့် ( New Brown Canvas Soft Top ) တို့သည် ( 2019 Miata ) အတွက် ပါ၀င်မှု အသစ်များဖြစ်ကြ ပါသည်။ ထို့ကဲ့သို့ စွမ်းဆောင်ရည်ဆိုင်ရာ အဆင့်မြှင့်တင်မှုများနှင့် Updates ဖန်တီးခြင်းများဖြင့် ထွက်ရှိ၍ လာမည့် 2019 Mazda Miata အား မကြာမီ အချိန်များအတွင်း ကမ္ဘာအနှံ့တွင် ပေါများစွာ တွေ့မြင်ရမည်ဟု ယုံကြည်မိပါသည်။
Zawgyi version..