2019 Mercedes C-Class တွင် E-Class ၏ Semi-Autonomous နည်းပညာအား အသုံးပြုမည်Unicode version….
Mercedes ၏ 2019 ထုတ် C-Class အား အဆင့်မြှင့်တင်မှုများစွာဖြင့် ဖန်တီးမည်ဖြစ်ပြီး ၎င်းတွင် ထူးခြားသောပါ၀င်မှုများနှင့် အရေးပါသည့် ဖန်တီးမှု ၀ိသေသများစွာပါရှိမည်ဖြစ်ပါသည်။ ၎င်း၏ အရှေ့ဖက် Fascia ဒီဇိုင်းအပါအဝင် ရှေ့မီးကြီးများနှင့် အနောက်ဖက်ဒီဇိုင်းအားလုံးကို Refresh ပုံစံအသစ်ဖြင့် ဖန်တီးထားပါသည်။ သို့သော်ယခင် Model များနှင့် လုံးဝကွဲပြားသည့် ပုံစံလည်း မဟုတ်ဘဲ အဆင့်ဆင့်ပြောင်းလဲမှုဒီဇိုင်းဖြင့်ပြုလုပ်ထားပါမည်။ အဓိက ပြောင်းလဲမှုနှင့် အသစ်ဖွဲ့စည်း ပါ၀င်ခြင်းတို့အား အတွင်းခန်း Cabin Area တွင်သာ အဓိကတွေ့ဖြစ်ရပါမည်။ အလားတူ အင်ဂျင်၏ Output ကိုလည်း အနည်းငယ် ပြောင်းလဲထားသည်။
2019 C-class ၏ ထူးခြားဆုံးသော အဆင့်မြှင့်တင်ထားသည့် ပါ၀င်မှုမှာ ၎င်း၏ နောင်တော် E-class ၏ နောက်ဆုံးပေါ် နည်းပညာသုံး Driver Assistance Tech များအား ထည့်သွင်း ပါ၀င်ခြင်း ဖြစ်ပါသည်။ ၎င်းသည် နည်းပညာများစွာ ပေါင်းစပ်ထားသည့် Package ပါ၀င်မှုအမျိုးအစား ဖြစ်ပြီး Active Driver Assist / Blind Spot Assist / Steering Assist / Lane Keeping Assist / စသည့် နည်းပညာများ ပါ၀င်ပါသည်။ အဆိုပါ နည်းပညာများသည် (Semi-Autonomous)ခေါ် (တစ်ဝက်အလို အလျောက် မောင်းနှင်ခြင်း) နည်းပညာများဖြစ်ပြီး ယာဉ်၏ ပတ်လည်၌ တပ်ဆင်ထားသည့် ရေဒါနှင့် ကင်မရာစနစ်များဖြင့် လုပ်ဆောင်မှုကို တိကျစွာ ဆောင်ရွက်ပေးမည့် နည်းပညာများ ဖြစ်ပါသည်။ 2019 C-class ၏ (U.S Market Model)တွင် (2.0 L Turbocharged I4 Engine)၊ (225 hp) အင်ဂျင်နှင့် (9-Speed Auto gear)တို့အား တပ်ဆင်ထားမည် ဖြစ်ပြီး (4 Matic System)ကိုလည်း မှာယူ ရနိုင်ပါမည်။ ၎င်းအင်ဂျင်သည် ဓာတ်ဆီအင်ဂျင်ဖြစ်ပြီး ဆီစားနှုန်းမှာ (မြို့တွင်း 24 မိုင်)နှင့် (Highway 33 မိုင်)မောင်းနှင် နိုင်ပါမည်။ ၎င်းအား လက်ရှိ ကျင်းပနေသည့် (Geneva Motor Show)တွင် ပါ၀င် ပြသလျက်ရှိသည်။
Zawgyi version…