Unicode Version…
Hatchback Model ဖြင့် ထုတ်လုပ်လေ့ရှိသည့် Mercedes – Benz A – Class Model အား အမေရိကန်ဈေးကွက်တွင် A – Class Sedan အနေဖြင့်တင်ပို့မည်ဖြစ်ပြီး 2019 A 220 ဟုသတ်မှတ် ကာ ( အရှေ့ဘီးယက် ) နှင့် ( 4 Matic AWD ) ပုံစံ ( ၂ ) မျိုးရရှိနိုင်ပါမည်။ ၎င်းသည် Compact Luxury Model ဖြစ်ပြီး CLA – Class ကဲ့သို့ ဖြစ်ကာ Mercedes – Benz Lineup ၏ New Base လည်းဖြစ်ပါမည်။ ထူးခြားမှုအနေဖြင့် ( U . S ) တွင်ရောင်းချမည့် A 220 သည် အခြားဈေးကွက်များရှိ A – Class Version များနှင့် သိသာစွာ ကွဲခြားမည်ဖြစ်သော်လည်း တရုတ်ပြည်သို့ တင်ပို့သည့် A- Class Sedan နှင့် များစွာ တူညီမှုရှိပါမည်။ 2019 A 220 Sedan သည် လက်ရှိ CLA – Class နီးပါး အရွယ်ရှိကာ Wheelbase အလျားအနည်းငယ်ရှည်ကာ ပို၍ ကျယ်ဝန်းမှုရှိမည်ဖြစ်သည်။ အင်ဂျင် အနေဖြင့် – ( 2.0 L Turbocharged I4 Engine ) ၊ ( 188 hp ) အင်ဂျင်နှင့် ( 7 – Speed Dual – clutch Auto gear box ) တို့အား တပ်ဆင်ထားမည် ။ Chassis အနေဖြင့် – Macpherson Strut Suspension စနစ်များကို အဓိက ထည့်သွင်းထားမည်ဖြစ်ပြီး 4 – Link Instrument Rear Suspension များဖြင့် ကားအား တည်ငြိမ်စေမည်ဖြစ်သည်။ အတွင်းခန်းအား သပ်ရပ်လှပစွာ ခင်းကျင်းထာပြီး Monolith Instrument Panel Design အား Gauge Screen နှင့် Infotainment Screen များတွင်သုံးစွဲထားသည်။ အလားတူ Infotainment စနစ်တွင် Much – Hyped MBUX System နှင့် Touch Pad တို့ထည့်သွင်းထားပြီး ( 10.25 – inch Screen ) ကိုလည်းမှာယူရနိုင် ပါသည်။ Voice Command မှ တဆင့် – Apple Siri , Amazon Alexa (သို့) Google များကို ဝင်ရောက်နိုင်ပါမည်။ လေထွက်ပေါက် ဒီဇိုင်းများသည် Multiple Round Air Vents များဖြစ်ကြပြီး Ambient Light , Wood and Leather တို့လည်း ပါရှိကြမည်ဖြစ်သည်။ 2019 A 220 Sedan အား ယခုနှစ်အကုန်ခန့်တွင် စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းကို သတ်မှတ်ထားခြင်း မရှိသော်လည်း (CLA – Class ၏ ဈေးနှုန်းUSD 50000 ဝန်းကျင်ဖြင့် ရောင်းချမည်ဟု Mercedes ချစ်သူများမှ သုံးသပ်ထားပါသည်။

Zawgyi Version