Unicode version…

ကမ္ဘာကျော် Mercedes-Benz ၏အထူးထင်ရှားသည့် (4-door Coupe) အမျိုးအစားဖြစ်သည့် CLS – Coupe ၏တတိယမျိုးဆက် (All-New CLS- Class) (2019 Model)သည် ထွက်ရှိ၍ လာပါပြီ။ ယခုထွက်ရှိထားသည့် CLS –Class အား ယခင်မျိုးဆက်(၂) မျိုး ထက်ပို၍ ရှင်းလင်းသပ်ရပ်သည့် ဒီဇိုင်းဖြင့်ဖန်တီးထားမည်ဖြစ်ပါသည်။ အရှေ့Grille ဒီဇိုင်းနှင့် မီးကြီးများအား (Front Fascia) ဖက်သို့နိမ့်ဆင်းသွားသည့် ပုံစံဖြင့်ဖန်တီးထားကာ ရှည်လျားပြီး သွယ်လျသည့် ဒီဇိုင်းဖြင့်ဖန်တီးထားပါ သည်။ အလားတူယခင်မျိုးဆက်(၂)မျိုးနှင့် သိသာစွာ ကွဲပြားသည့် အနောက်ဖက်မီးပုံစံကိုတွေ့မြင်ရ မည်ဖြစ်ပါသည်။ All-New CLS ၏ဒီဇိုင်းသည် ပေါ့ပါးမှု ရှိသော်လည်း ကြံ့ခိုင်ပြီးဆန်းသစ်သည့်ဒီိဇိုင်း ပုံစံအသစ်ဖြင့်ဖန်တီးထားသည်ကို တွေ့ရပါသည်။ အခြားသောထူးခြားမှုမှာ-ယခုမိတ်ဆက်ပြသ သည့် CLS-Class တွင် Mercedes-Benz ၏ (New turbocharged 3.0 L I 6 Engine) (362hp) (369 lb-ft of torque) အင်ဂျင်စနစ်ကိုတပ်ဆင်ထားသည့်ဖြစ်ပြီး ၄င်းModel အား ( CLS 450 ) ဟု ပထမဆုံး သတ်မှတ်ထားပါသည်။ ထို့အပြင် အဆိုပါ ( I4 Engine ) နှင့် (48-volt output) ထွက်သည့် လျှပ်စစ်မော်တာတို့အားတွဲဖက်ထားမည်ဖြစ်ပြီး အဆိုပါမော်တာသည် (21hp) (184 lb-ft of torque) ရရှိမည်ဖြစ်ကာ ဆီချွေတာ၍အကျိုးများစေခြင်းအားတိုးမြှင့်ပေးနိုင်ပါသည်။ Gear-box အား (9-speed Automatic) ဂီယာစနစ်အားတပ်ဆင်ထားပြီး အမြင့်ဆုံးအရှိန်မှာ (130 mph) ဖြစ်ပါသည်။ ၄င်းသည် (နောက်ဘီးယက်)ကားဖြစ်ပြီး(AWDSystem)အားမှာယူရရှိနိုင်ပါသည်။အောက်ပိုင်းထိန်းစနစ်များ အနေ ဖြင့်- (Multi-Link independent suspension)စနစ်အား တပ်ဆင်ထားပြီး (လေအိတ်ရှော့ဘား)စနစ်အား အပိုဆောင်းထည့်သွင်းထားပါသည်။ (New CLS ၏အတွင်းခန်းအားကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားပြီး တန်ဖိုးကြီး သရေထိုင်ခုံများ၊ (Ambient Lighting) (Energizing Comfort – ၄င်းတွင်အတွင်းခန်းမီး၊ အပူချိန်၊အသံချိန်ညှိခြင်း၊ Message စနစ်စသည့် လုပ်ဆောင်မှုများအားထိန်းချူပ်နိုင်ပါသည်။ (Driver Assist) (Lane-keeping to adaptive cruise control) အစရှိသည့်ပါ၀င်မှုများစွာပါရှိပါမည်။ ထို့အပြင် CLS Edition 1 model အမည်ဖြင့် အထူးထုတ်အမျိုးအစားအား ဖန်တီးထားမည်ဖြစ်ပြီး ၄င်းတွင် Adaptive LED Light/ AMG Body ၊ Spiffy Black Leather နှင့် Copper Accents တို့ဖြင့် ဖန်တီးထားမည်ဖြစ်ပါသည်။ (2019 CLS Class) အား (2018) နွေဦးရာသီတွင် စတင်ရောင်းချမည်ဖြစ်ပါသည်။

Zawgyi verion…
