Mercedes – Benz e Sprinter ကားသစ်အား 2019 တွင် မိတ်ဆက်မည်

    Tesla Model  3, Nilssan Leaf , Chevy Bolt EV, ထို့ကဲ့သို့ လျှစ်စစ်သီသန့်သုံးကားများ၏ ရေစီးကြောင်းသည် လုပ်ငန်းသုံးထရပ်ကား များကိုလည်း အနည်းငယ်သက်ရောက်မှုရှိပါသည်။ ထိုကြောင့် ဂျာမနီအခြေစိုက် Mercedes – Benz သည် ၎င်း၏ ထင်ရှားလှသည့် Sprinter Cargo  Van အား Electric Version အနေဖြင့် ပထမဆုံးဖန်တီးမှု ( e Sprinter ) အားဖန်တီးမွေးဖွားလိုက်ပါသည်။ Mercedes မှ မကြာမီ  ထုတ်ပြန်လိုက်သည့် e – Van ၏ အချက်အလက် များအရ ၎င်းတွင် ဘတ္ထရီပုံစံ ( ၂) မျိုးတပ်ဆင်ထားပြီး ၎င်းတို့မှာ – ( 71 .5 miles ) အထိ အသုံးပြုနိုင်သည့် ( 44 kwh battery ) နှင့် ( 93.2 miles ) အထိ အသုံးပြုနိုင်သည့်  ( 55 kwh battery ) တို့ဖြစ်ကြသည်။ အထူးအားဖြင့် နေ့စဉ်အ သုံးပြုမှု ၊ မြို့တွင်း ပုံမှန် အသုံးပြုမှု များအတွက် ရည်ရွယ်ပြီး e Sprinter အား ဖန်တီးထားခြင်းဖြစ်သည်။ ( 41 kwh battery ) အား အချိန် ၆ နာရီ အတွင်း အားဖြည့်သွင်းနိုင်မည်ဖြစ်ပြီး ( 55 kwh battery ) အား အချိန် ၈ နာရီ အတွင်း အားဖြည့်သွင်းနိုင်မည်။ ထို့အပြင် DC Fast Charger ကို အသုံးပြုပါက ဘတ္ထရီ(၂) ခုလုံးအား အချိန် ( ၄၅)မိနစ် အတွင်း (၈၀%) အားဖြည့်သွင်းနိုင်ပါမည်။ ထို့အပြင် လုပ်ငန်းသုံးကားများအတွက် အရေးပါသည့် (Payload ) အနေဖြင့် ယခု        e- Sprinter တွင် ( Grass Vehicle Weight) သည် (7716 Ibs) ရှိမည်ဖြစ်ပြီး ကုန်တင် ဆောင်နိုင်မှုမှာ – ( 2293 Ibs) ဖြစ်ပါ မည်။ e Sprinter ၏ ရရှိနိုင်သည့် မြင်းကောင်ရေမှာ (113 hp ) ၊ (221 Ib – H of Torque ) ဖြစ်ပြီး ထူးခြားမှုမှာ မြို့အတွင်း၌ (50 mph ) အထိ အရှိန်ဖြင့်သာ မောင်းနှင်နိုင်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။ လျှပ်စစ်စနစ်သုံး Cargo Van အနေဖြင့် ဆီပမာဏ များစွာ သက်သာစေမည်။ Mercedes –Benz နှင့် Daimler တို့သည် Van Lineup တွင် လျှပ်စစ် ကားများထည့်သွင်းရန် အစီစဉ်ရှိပြီး ပထမဆုံးမှာ ( e Vito passenger Car) ဖြစ်ပြီး ယခု(e Sprinter )  နှင့် (e Citan ) တို့အား ဆက်လက်ထုတ်လုပ်မည်ဖြစ်ပါသည်။