Mini သည် ၄င်း၏ Icon ဖြစ်သည့် Mini Cooper အား 2019 Model Year အတွက် အဆင့်မြှင့်တင် မှုများဖြင့် ထုတ်လုပ်လိုက်ပါသည်။ 2019 Mini Cooper တွင် (2 –doors and 4 – doors hardtop Models) များနှင့် (Convertible Model) ဟူ၍ (၃)မျိုးရှိပါမည်။ 2019 Mini ၏ထူးခြားချက်များအနက် အရှေ့ဖက်ရှိ မီးလုံးဒီဇိုင်းအသစ်သည် လုံးဝအလန်းဖြစ်ပြီး ယခင် Model ၏ မီးလုံးပတ်လည်အား LED running light ဖြင့် ၀ိုင်းပတ်ထားပြီး ယခုပုံစံအသစ်တွင် (ပယင်းရောင်မီးတန်း) ဖြင့် Headlight အားဝိုင်းပတ်ထားမည်ဖြစ်ပါသည်။ ကား၏ ဘေးဖက်အခြမ်း ဒီဇိုင်းသည် ပြောင်းလဲခြင်းမရှိဘဲ  အနောက်သို့ ဆက်၍ လေ့လာပါက အလွန်ထူးခြားသည့် နောက်ဖက်ပုံစံအသစ်ကို တွေ့မြင်ရပါမည်။ ယခု New Model ၏ Taillight အား LED ဖြင့် အပြည့်အ၀ဖန်တီးထားမည်ဖြစ်ပြီး ၄င်း၏ပုံပန်းသဏ္ဍာန် အား (Union Jack – ဂရိတ်ဗြိတိန်အလံ) ပုံစံသစ်ဖြင့် ဆန်းသစ်စွာ ဖန်တီးထားမည် ဖြစ်ပြီး (ဘယ်/ညာ) မီးလုံး (၂)လုံးအတွက် (Union Jack Flag) ပုံစံ(၂)မျိုးအား ညအခါနှင့် ဘရိတ်မီးအသုံးပြုစဉ်တိုင်း ထွန်းလင်းတောက်ပစွာ တွေ့မြင်ရပါမည်။ အထက်ပါပြောင်းလဲမှုများအပြင် အပြင်ဖက်ဆေးရောင် အသစ်(၃)မျိုးအား ယခု New Model တွင် ထပ်မံထည့်သွင်းထားမည်ဖြစ်ပြီး ၄င်းတို့မျာ (Emerald Gray/ Starlight Blue / Solaris Orange) တို့ဖြစ်ကြပြီး ၄င်းတို့သည် အပိုဆောင်းထည့်သွင်းမှုတစ်ခု ဖြစ်သည့် Piano Black Package ဖြင့်လည်း တွဲစပ်နိုင်ပါမည်။ ထို့အပြင် Mini Badges / Lights တို့အား Customize အနေဖြင့် 3D Printing / Laser များဖြင့် တံဆိပ်ထုလုပ်နိုင်ပါမည်။ ၄င်း၏အတွင်းခန်းအား ယခင်ကားများအတိုင်း ဖန်တီးထားမည်ဖြစ်သော်လည်း ပါဝင်မှုအသစ်များ ဖြစ်ကြသည့် Malt Brown Chesterfield Leather / 8.8 – inch Touchscreen Infotainment System / ကြိုးမဲ့ဖုန်းအားသွင်းစနစ်/ တို့အား အပိုဆောင်းအနေဖြင့် မှာယူရနိုင်ပါမည်။ အလားတူ Ambient Lighting အနေဖြင့် ယာဉ်မောင်းမှ ရွေးချယ်ပြောင်းလဲနိုင်မည့် Interior Lighting များလည်း ပါရှိမည်ဖြစ်ပါသည်။