Zawgyi Version…
Nissan သည် မြောက်အမေရိကတွင် ထင်ရှားသည့် Maxima Sedan ၏ Updated 2019 Maxima Model အား မကြာမီကျင်းပမည့် L. A Auto Show တွင် မိတ်ဆက်ပြသပါမည်။ ယခုပြသမည့် Maxima Model သည် 2018တွင် စတင်ဖန်တီးထားသည့် Model ၏ Refresh Model ဖြစ်ပြီး ပြောင်းလဲမှု အချို့ ဖြင့် ဖန်တီးထားပါမည်။ အရှေ့မီးကြီးသည် လုံးဝအသစ်ဖြစ်ပြီး Fully LED – lit units ပုံစံဖြစ်ပါမည်။ အရှေ့ Grille သည်လည်း ပုံစံအသစ်ဖြစ်ပြီး V – chrome များအား ထောင့်များတွင် ထည့်သွင်းထားပါမည်ဖြစ်ပြီး နှင်းခွဲမီးများလည်းပါရှိပါမည်။ ယခု 2019 Maxima တွင် Nissan ၏ နာမည်ကျော် Safety Shield 360 ပါဝင်မည်ဖြစ်ပြီး ၎င်းတွင် – ကားအရှေ့နှင့် အနောက်ဖက်အလိုလျောက် အရေးပေါ်ဘရိတ်စနစ်များ ၊ Blind Spot Warring ၊ Rear Crass Traffic Alert ၊ Lane Departure warring ၊ Automatic High Beam ၊ တို့ပါဝင်ကြပါမည်။ အလားတူ အတွင်းခန်းအပြင်အဆင်နှင့် ပါဝင်မှုများတို့လည်း Updated ပြုလုပ်ဖန်တီးထားပါမည်။ သို့သော် အင်ဂျင်အနေဖြင့် ( 3.5 L VG Engine ) ( 300 hp ) အင်ဂျင်စနစ်နှင့် CVT Automatic Gearbox တို့အား တပ်ဆင်ထားမည်ဖြစ်ပါသည်။ 2019 Nissan Maxima အား ယခုနှစ် December တွင် အရောင်းဌာနများသို့ စတင်ရောင်းချမည်ဖြစ်ပါသည်။

Zawgyi Version…

မြောက်အမေရိကတွင် ထင်ရှားသည့် 2019 Nissan Maxima ထွက်ရှိတော့မည်