Unicode Version
2014 တွင် စတင်မွေးဖွားခဲ့သည့် Porsche Macan သည် ယခုအချိန်အထိ ကမ္ဘာအနံှတွင် အစင်းရေ ( ၃၅၀၀၀၀ ) ခန့်အထိ ရောင်းချရခဲ့ပြီး 2019 Model Year အတွက် အဆိုပါ Sporty Model အား Facelift အနေဖြင့် ထုတ်လုပ်လိုက်ပါသည ် ။ တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် မိတ်ဆက်လိုက်သည့် 2019 Porsche Macan တွင် ဒီဇိုင်းအသစ်ဖြစ်သည့် ရှေ့မီးကြီးများနှင့် စတိုင်ကျလှသည့် အပြင်ဖက် ဒီဇိုင်း ၊ အဆင့်မြှင့်တင်မှုများစွာ ပါဝင်သည့် အတွင်းခန်းနှင့် Returned Chassis အပါအဝင် High – Tech Features များစွာဖြင့် ဖန်တီးထားပါသည်။ LED Light Strip နှင့် 4 – Point Design Brake Lights ပုံစံအသစ်များနှင့် ( New 20 – inch / 21 – inch Alloy Wheels ) အသစ်များသည် Macan ချစ်သူများကို အထူးကျေနပ်စေမည်ဖြစ်ပြီး Miami Blue ၊ Moomba Green Metallic ၊ Dolomite Silver Metallic ၊ Crayon ဟူ၍ အပြင်ဆေးရောင် ( ၄) မျိုးအသစ်ထည့်သွင်းထားမည် ဖြစ်သည်။ အလားတူ Returned Chassis အနေဖြင့် ယာဉ်၏ တည်ငြိမ်မှုနှင့် သက်သောင့်သက်သာရှိစေမှု တို့အား တိုးမြှင့်ပေးမည် ဖြစ်ပြီး အကောင်းဆုံးမောင်းနှင်မှုကို ဖန်တီးပေးပါမည်။ 2019 Macan တွင် GT Sport Steering New Heated Windshield ၊ Air Ionizer ၊ စသည့်ပါဝင်မှု အသစ်များကိုလည်း ထည့်သွင်းထားပါမည်။ ထို့အပြင် ယာဉ်မောင်းထောက်ပံ့မှုနည်းပညာအသစ်များဖြစ်ကြသည့် Traffic Jam Assist ၊ Steering Assist ၊ အလိုအလျောက်စနစ်သုံး ဘရိတ်စနစ် ၊ စသည်တို့လည်း အလားတူ ပါရှိမည်ဖြစ်ပြီး ဖျော်ဖြေရေးနှင့် ထောက်ပံ့မှုဆိုင်ရာများအတွက် နာမည်ကျော် Porsche’s Connect Plus Module ကို Standard ထည့်သွင်းထားမည်ဖြစ်ပြီး ၎င်းတွင် Intelligent Voice Central ၊ Here Cloud Connection ၊ Swarm – based Traffic Data တို့ပါရှိမည်။ နောက်ဆုံး အနေဖြင့် New Off road Precision App ကိုထည့်သွင်းထားပြီး ၎င်းတွင် ယာဉ်၏ Off –Road သီးသန့်မောင်းနှင်မှု ဆိုင်ရာ သုသေသနပြုချက်များကို Data သွင်းပေးမည်ဖြစ်ပြီး အထက်ပါ Data များ Off – Road အတွက် အပြန်အလှန်ရယူပေးပို့ခြင်း ၊ ကူညီပေးခြင်းတို့အား ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
Zawgyi Version
နည်းပညာများ အဆင့်မြှင့်တင်ထားသည့် 2019 Porsche Macan