Unicode version…

Subaru သည် AWD Plug – in – Hybrid စနစ်သုံး PHEV Model အား ယခုနှစ် နောက်ပိုင်း ၌ ရောင်းချရန် စီစဉ်ထားပြီး လက်ရှိ Model များနှင့်ကွဲပြားစွာ ဖန်တီးထားမည်ဖြစ်သည်။ အဆိုပါ PHEV ၏ တရားဝင် အမည်ကို သတ်မှတ်ခြင်း မရှိသော်လည်း Toyota ၏ ထင်ရှားသည့် Prius Prime ၏ နည်းပညာများအား ခွဲဝေထည့်သွင်း ထားမည်ဖြစ်သည်။ သို့သော် Subaru ၏ အစဉ်အလာဖြစ်သည့် ဒေါင်လိုက်ပုံစံရှိသည့် Boxer Engine ဖြင့်သာ ထုတ်လုပ်မည် ဖြစ်ပါသည်။ Subaru ၏ နာမည်ကျော် Cross trek သည်2018 အတွက် ပုံစံအသစ်ဖြင့် ထုတ်လုပ်ထားပြီး Forester သည်လည်း 2019 တွင် ပုံပြောင်းနိုင်ပါမည်။ အကယ်၍ New Cross trek PHEV အား အသစ်ထုတ်လုပ်မည် ဆိုပါက ၎င်းသည် (Hybrid Model)ဖြစ်ပါမည်။ Subaru သည် Cross trek Hybrid အား 2013 တွင် စတင်မိတ်ဆက် ထုတ်လုပ်ခဲ့သော်လည်း ရောင်းအား အထူးကျဆင်း မှုကြောင့် 2017 တွင် ထုတ်လုပ်မှု ရပ်စဲခဲ့ပါသည်။ Toyota Prius Prime ၏ နည်းပညာများ အဓိကပါ၀င်မည့် Subaru Model တွင် 8.8-k Wh Lithium-ion Battery ပါရှိမည်ဖြစ်ပြီး အိမ်သုံးလျှပ်စစ်ဖြင့် (၆) နာရီခန့် အားသွင်းရုံဖြင့် ပြန်လည် အသုံးပြုနိုင်မည်လည်း ဖြစ်ပါသည်။ လျှပ်စစ်သီးသန့်ဖြင့် 25 mph အထိ မောင်းနှင် နိုင်မည်လည်း ဖြစ်ပါသည်။ ယခုထုတ်လုပ်မည့် PHVE Model သည် ဂျပန်ကားထုတ်လုပ်သူများ၏ Fleet Emission ကို အဓိကလျော့ချသည့် Multi-Year Plan ၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်ပါသည်။ Subaru အနေဖြင့် 2020 ၌ Turbo diesel Cars များအား ဥရောပနှင့် သြစတေးလျသို့ ရောင်းချမှု ရပ်စဲမည်ဖြစ်ပါသည်။ ထို့အပြင် 2021 မှစ၍ ပထမဆုံး Full EVs များကို စတင်ထုတ်လုပ်ရန်လည်း ရည်ရွယ်ထားပါသည်။ 2017 မှစ၍ Subaru သည် Mazada/ Suzuki/ Daihatsu/ Denso/ Hino တို့ ပါ၀င်သည့် EV Common Architecture Spirit Company ၌ ပေါင်းစပ်ပါ၀င်ခဲ့ပါသည်။

Zawgyi  version…

Subaru သည္ AWD Plug – in – Hybrid စနစ္သံုး PHEV Model အား ယခုႏွစ္ ေနာက္ပိုင္း ၌ ေရာင္းခ်ရန္ စီစဥ္ထားၿပီး လက္ရွိ Model မ်ားႏွင့္ကြဲျပားစြာ ဖန္တီးထားမည္ျဖစ္သည္။ အဆိုပါ PHEV ၏ တရား၀င္ အမည္ကို သတ္မွတ္ျခင္း မရွိေသာ္လည္း Toyota ၏ ထင္ရွားသည့္ Prius Prime ၏ နည္းပညာမ်ားအား ခြဲေ၀ထည့္သြင္း ထားမည္ျဖစ္သည္။ သို႔ေသာ္ Subaru ၏ အစဥ္အလာျဖစ္သည့္ ေဒါင္လိုက္ပံုစံရွိသည့္ Boxer Engine ျဖင့္သာ ထုတ္လုပ္မည္ ျဖစ္ပါသည္။ Subaru ၏ နာမည္ေက်ာ္ Cross trek သည္2018 အတြက္ ပံုစံအသစ္ျဖင့္ ထုတ္လုပ္ထားၿပီး Forester သည္လည္း 2019 တြင္ ပံုေျပာင္းႏိုင္ပါမည္။ အကယ္၍ New Cross trek PHEV အား အသစ္ထုတ္လုပ္မည္ ဆိုပါက ၎သည္ (Hybrid Model)ျဖစ္ပါမည္။ Subaru သည္ Cross trek Hybrid အား 2013 တြင္ စတင္မိတ္ဆက္ ထုတ္လုပ္ခဲ့ေသာ္လည္း ေရာင္းအား အထူးက်ဆင္း မႈေၾကာင့္ 2017 တြင္ ထုတ္လုပ္မႈ ရပ္စဲခဲ့ပါသည္။ Toyota Prius Prime ၏ နည္းပညာမ်ား အဓိကပါ၀င္မည့္ Subaru Model တြင္ 8.8-k Wh Lithium-ion Battery ပါရွိမည္ျဖစ္ၿပီး အိမ္သံုးလွ်ပ္စစ္ျဖင့္ (၆) နာရီခန္႔ အားသြင္းရံုျဖင့္ ျပန္လည္ အသံုးျပဳႏုိင္မည္လည္း ျဖစ္ပါသည္။ လွ်ပ္စစ္သီးသန္႔ျဖင့္ 25 mph အထိ ေမာင္းႏွင္ ႏိုင္မည္လည္း ျဖစ္ပါသည္။ ယခုထုတ္လုပ္မည့္ PHVE Model သည္ ဂ်ပန္ကားထုတ္လုပ္သူမ်ား၏ Fleet Emission ကုိ အဓိကေလ်ာ့ခ်သည့္ Multi-Year Plan ၏ အစိတ္အပိုင္း တစ္ရပ္လည္း ျဖစ္ပါသည္။ Subaru အေနျဖင့္ 2020 ၌ Turbo diesel Cars မ်ားအား ဥေရာပႏွင့္ ၾသစေတးလ်သို႔ ေရာင္းခ်မႈ ရပ္စဲမည္ျဖစ္ပါသည္။ ထို႔အျပင္ 2021 မွစ၍ ပထမဆံုး Full EVs မ်ားကို စတင္ထုတ္လုပ္ရန္လည္း ရည္ရြယ္ထားပါသည္။ 2017 မွစ၍ Subaru သည္ Mazada/ Suzuki/ Daihatsu/ Denso/ Hino တို႔ ပါ၀င္သည့္ EV Common Architecture Spirit Company ၌ ေပါင္းစပ္ပါ၀င္ခဲ့ပါသည္။