Zawgyi version…
Luxury Sedan ဇိမ္ခံဆီဒင္ကားမ်ားသည္ လူစီးကားအမ်ိဳးအစားမ်ားအနက္ လူႀကိဳက္အမ်ားဆံုး ျဖစ္သည့္အတြက္ မ်ားစြာေသာ Brands မ်ားသည္ Flagship Sedan မ်ားအား အေသအခ်ာဖန္တီးထားၾက ပါသည္။ ကမာၻေက်ာ္ Toyota အေနျဖင့္ (ေျမာက္အေမရိကေဒသေစ်းကြက္)သို႕ သီးျခားတင္ပို႕ေရာင္းခ် သည့္ကားမ်ားတြင္ အထူးထင္႐ွားသည့္ Avalon Luxury Sedan ၏ New 2019 Avalon Model အားမၾကာမီျပသမည့္ Detroit Auto Show တြင္ မိတ္ဆက္ျပသပါမည္။ (Avalon သည္ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၂၀ ေက်ာ္ခန္႕က JDM အတြက္ ထုတ္လုပ္ထားသည့္ Toyota Cressida ၏ အစားထိုးအေနျဖင့္ ေျမာက္အေမရိကေစ်းကြက္သို႕ သီးသန္႕တင္ပို႕ေရာင္းခ်သည့္ကားျဖစ္ၿပီး Toyota Crown ႏွင့္ အဆင့္အတန္း တူညီပါသည္။)
ယခုျပသမည့္ 2019 Model Avalon သည္ Avalon ၏ ပဥၥမမ်ိဳးဆက္ကားျဖစ္ၿပီး (၂၀၁၃)ခုႏွစ္၌ ေနာက္ဆံုးပံုေျပာင္းခဲ့ျခင္းျဖစ္ပါသည္။ Avalon အား အေမရိကန္ႏိုင္ငံ၊ Kentucky ျပည္နယ္႐ွိ Toyota ကားစက္႐ံုတြင္ ထုတ္လုပ္တပ္ဆင္ပါသည္။ ယခုမိတ္ဆက္ျပသမည့္ Avalon တြင္ ဒီဇိုင္း၊ စြမ္းေဆာင္ရည္ ႏွင့္ ပါ၀င္ပစၥည္းမ်ားသည္ သိသာစြာေျပာင္းလဲျခင္း႐ွိမည္မဟုတ္ေသာ္လည္း အဆင့္ျမွင့္တင္ ဖန္တီးမႈအခ်ိဳ႕ ႏွင့္ အသြင္သစ္ဖန္တီးမႈမ်ား ပါ၀င္မည္ဟု ကားခ်စ္သူအမ်ားစုမွ သံုးသပ္ထားၾကပါသည္။ (2019 Avalon) တြင္ (ေ႐ွ႕ဘီးယက္စနစ္)ကို အသံုးျပဳထားမည္ျဖစ္ၿပီး (V6 Engine) ႏွင့္ မွာယူရႏိုင္မည့္ (Hybrid Engine) တို႕အား ထည့္သြင္းထားမည္ျဖစ္ကာ အသစ္ထြက္႐ွိထားသည့္ New Camry ၏ Powertrain ႏွင့္တူညီမႈ႐ွိ မည္ျဖစ္ပါသည္။ သို႕ေသာ္ Camry ထက္ ပို၍က်ယ္၀န္းသပ္ရပ္သည့္ အတြင္းခန္းဖြဲ႕စည္းမႈ၊ ပို၍ဆန္းသစ္ၿပီး ခန္႕ထည္မႈ႐ွိသည့္ ဒီဇိုင္းအျပင္ အျခားစိတ္၀င္စားဖြယ္ ပါ၀င္မႈမ်ားစြာကိုလည္း 2019 Avalon တြင္ ပါ၀င္မည္ဟု သံုးသပ္မိပါသည္။
Unicode version…
2019 Toyota Avalon အား Detroit ကားပြပွဲတွင် မိတ်ဆက်ပြသမည်
Luxury Sedan ဇိမ်ခံဆီဒင်ကားများသည် လူစီးကားအမျိုးအစားများအနက် လူကြိုက်အများဆုံး ဖြစ်သည့်အတွက် များစွာသော Brands များသည် Flagship Sedan များအား အသေအချာဖန်တီးထားကြ ပါသည်။ ကမ္ဘာကျော် Toyota အနေဖြင့် (မြောက်အမေရိကဒေသစျေးကွက်)သို့ သီးခြားတင်ပို့ရောင်းချ သည့်ကားများတွင် အထူးထင်ရှားသည့် Avalon Luxury Sedan ၏ New 2019 Avalon Model အားမကြာမီပြသမည့် Detroit Auto Show တွင် မိတ်ဆက်ပြသပါမည်။ (Avalon သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ခန့်က JDM အတွက် ထုတ်လုပ်ထားသည့် Toyota Cressida ၏ အစားထိုးအနေဖြင့် မြောက်အမေရိကစျေးကွက်သို့ သီးသန့်တင်ပို့ရောင်းချသည့်ကားဖြစ်ပြီး Toyota Crown နှင့် အဆင့်အတန်း တူညီပါသည်။)
ယခုပြသမည့် 2019 Model Avalon သည် Avalon ၏ ပဥ္စမမျိုးဆက်ကားဖြစ်ပြီး (၂၀၁၃)ခုနှစ်၌ နောက်ဆုံးပုံပြောင်းခဲ့ခြင်းဖြစ်ပါသည်။ Avalon အား အမေရိကန်နိုင်ငံ၊ Kentucky ပြည်နယ်ရှိ Toyota ကားစက်ရုံတွင် ထုတ်လုပ်တပ်ဆင်ပါသည်။ ယခုမိတ်ဆက်ပြသမည့် Avalon တွင် ဒီဇိုင်း၊ စွမ်းဆောင်ရည် နှင့် ပါ၀င်ပစ္စည်းများသည် သိသာစွာပြောင်းလဲခြင်းရှိမည်မဟုတ်သော်လည်း အဆင့်မြှင့်တင် ဖန်တီးမှုအချို့ နှင့် အသွင်သစ်ဖန်တီးမှုများ ပါ၀င်မည်ဟု ကားချစ်သူအများစုမှ သုံးသပ်ထားကြပါသည်။ (2019 Avalon) တွင် (ရှေ့ဘီးယက်စနစ်)ကို အသုံးပြုထားမည်ဖြစ်ပြီး (V6 Engine) နှင့် မှာယူရနိုင်မည့် (Hybrid Engine) တို့အား ထည့်သွင်းထားမည်ဖြစ်ကာ အသစ်ထွက်ရှိထားသည့် New Camry ၏ Powertrain နှင့်တူညီမှုရှိ မည်ဖြစ်ပါသည်။ သို့သော် Camry ထက် ပို၍ကျယ်ဝန်းသပ်ရပ်သည့် အတွင်းခန်းဖွဲ့စည်းမှု၊ ပို၍ဆန်းသစ်ပြီး ခန့်ထည်မှုရှိသည့် ဒီဇိုင်းအပြင် အခြားစိတ်ဝင်စားဖွယ် ပါ၀င်မှုများစွာကိုလည်း 2019 Avalon တွင် ပါ၀င်မည်ဟု သုံးသပ်မိပါသည်။