Unicode Version…
စိတ်လှုပ်ရှားဖွယ်များ ၊ ဆန်းသစ်တီထွင်မှုများဖြင့် ကားချစ်သူများကို အမြဲကျေနပ်စေသည့် Toyota သည့် မြောက်အမေရိကရှိ Toyota မိသားစုတွင်ထင်ရှားကြသည့် Camry နှင့် Avalon တို့အား 2019 Model Year အတွက် New TRD Model များတိုးချဲ့ထည့်သွင်းထားမည်ဟု Twitter ၌ ကြေညာလိုက်ပါသည်။ နမူနာပုံများအရ TRD Model များသည် ပုံမှန်ထက်များစွာ ဆန်းသစ်ပြီး ဝင့်ကြွားသည့် အပြင် Black Alloy Wheels များနှင့် တောက်ပသည့် အနီရောင် Brake Caliper များ ၊ Rear Spoiler တို့သည် Camry နှင့် Aualon တို့အား သာမန်ထက်ထူးခြားစေမည်ဖြစ်သည်။ Toyota ၏ Off – Rad TRD Model ၊ များကို သုံးသပ်မှုအရ ၎င်းတို့သည် အထူကောင်းမွန်သည့် ပဲ့ကိုင်ထိန်းချုပ် မှုအတွက် Modify ပြုလုပ်ထားပြီး ထူထဲသည့် Suspension များ သာမန်ထက် ကြီးမားသည့် တာယာနှင့် Brake Pad များဖြင့် အဓိကတည်ဆောက်ထားပါသည်။ ထို့အပြင် TRD Model အားလုံးတွင် စွမ်းဆောင်ရည်မြင့် အင်ဂျင်များပါလေ့ရှိသည့်အတွက် Camry / Avalon TRDs များတွင် စွမ်းဆောင်ရည်မြှင့်ထားသည့် V6 Engine များ ပါရှိမည်ဖြစ်သည်။ Avalon TRD နှင့် Camry TRD တို့အား မကြာမီ ကျင်းပမည့် LA Auto Show တွင် တရားဝင်မိတ်ဆက်ပြသမည်ဖြစ်ပြီး Toyota ၏ နာမည်ကျော် Corolla Hatchback အား TRD အဖြင့် လက်ရှိတွင် ထုတ်လုပ်မည် မဟုတ်သော် လည်း မကြာမီ ဆက်လက်ဖန်တီးထုတ်လုပ်ရန် စီစဉ်ထားပါသည်။

Zawgyi Version…

ထူးခြားဆန်းပြားသော အသွင်အပြင်ဖြင့်ထွက်ရှိလာသည့် 2019 Toyota Camry နှင့် Avalon