Zawgyi Version…
မ်ိဳးဆက္ ၆ ဆက္ေျမာက္အျဖစ္ထုတ္လုပ္လုိက္သည့္ ၁၄ ေယာက္စီး ဒီဇုိင္းသစ္ 2019 Toyota Hiace အမ်ိဳးအစားအား Toyota Mingalar Myanmar မွစတင္မိတ္ဆက္သြားခဲ့သည္။ အဆုိပါ 2019 Toyota Hiace သည္ယခင္မ်ိဳးဆက္မ်ားကဲ့သုိ႔ ေရွ႕ဘက္ခုံေအာက္တြင္ အင္ဂ်င္ထုိင္ထားျခင္းမရွိေတာ့ဘဲ ေဘာနက္သီးသန္႕ ပါ ဝင္လာျပီး အဆုိပါSemi ေဘာနက္ထဲတြင္သာ အင္ဂ်င္ကုိအသုံးျပဳထားသည္။ ထုိ႔ေၾကာင့္ ေရွ႕ရုပ္ထြက္မွာ သိသိသာသာ ကဲြထြက္သြားခဲ့ျပီး Halogen ေရွ႕မီးၾကီးဒီဇုိင္းပုံစံသစ္ႏွင့္အတူ ေအာက္ဘက္တြင္ ႏွင္းခြဲမီး၊ ေန႕အ လင္းမီးမ်ားကုိ တြဲဖက္သုံးစြဲထားခဲ့သည္။ ေရွ႕ရွဲတြင္ ေငြေရာင္ Chrome တစ္ခုထည့္သြင္းထားျပီး ေခါင္ျမင့္ ပုံစံမ်ိဳးဖန္တီးထားကာ ေနာက္ဘက္တြင္ ေဒါင္လုိက္ေပါင္းစပ္မီးမ်ားထည့္သြင္းထားသည္။ Power Slide door ေဘးတံခါးကုိအသုံးျပဳထားျပီး ေနာက္ဘက္ဝန္တင္ခန္းကလည္း ပစၥည္းအမ်ားအျပားထည့္သြင္းလုိပါက ေနာက္ ခုံမ်ားကုိ လုိသလုိေခါက္သိမ္းႏိုင္မည္ျဖစ္သည္။
၎၏ အတြင္းခန္းတြင္ ရုိးရွင္းမွဳကုိ အသားေပးထားသည့္ဖြဲ႕စည္းပုံကုိ အသုံးျပဳထားျပီး Media ထိန္း ခ်ဳပ္မွဳျပဳလုပ္ႏိုင္သည့္ Steering Volume Control, ဒတ္ရွ္ဘုတ္တြင္ AM/FM/DVD/CD/Bluetooth စသည့္အရာမ်ားကုိသာ ထိန္းခ်ဳပ္ညႊန္ၾကားႏုိင္ေသာ 7 in Touch Screen ပါရွိသည္။ ထုိ႔အျပင္ စပီကာ ၆ လုံး USB/AUX ေပါက္မ်ားလည္းထည့္သြင္းထားသည္။ လူအမ်ားစုသြားလာေရးအတြက္ အဓိကထုတ္လုပ္ထား သည့္ Van အမ်ိဳးအစားမ်ိဳးျဖစ္ေသာေၾကာင့္ ေရွ႕၊ေနာက္ကုိလုိသလုိ ဇုန္ခြဲျပီးေလေအးေပးႏိုင္ေသာ Digital Air Con စနစ္၊ ကားေရွ႕ဘက္အေပၚတြင္ ဖုိင္ႏွင့္ ပစၥည္းထည့္စရာအကန္႔မ်ား၊ အေရွ႕ဘက္အလယ္တြင္ ပစၥည္းထည့္စရာ Box ၊ ေနာက္ဘက္တံခါးေဘးဘက္ႏွင့္ ေနာက္ထုိင္ခုံမ်ားတြင္ ေရဘူးထည့္စရာႏွင့္ ခ်ိတ္ ဆြဲစရာမ်ားထည့္သြင္းေပးထားပါသည္။ ေနာက္ထုိင္ခုံမ်ားတြင္ စာၾကည့္မီးမ်ား၊လက္တင္ခုံမ်ားႏွင့္ ကုိင္စရာမ်ား အျပင္ ေလွ်ာက္ လမ္းလည္းထည့္သြင္းေပးထားသည္။
2019 Toyota Hiace GL အသစ္တြင္ 2.8 Liter diesel (1GD-FTV ) engine ကုိသုံးထားျပီး 154HP ႏွင့္ ရုန္းအား 420Nm/1600-2200rpm ထြက္ရွိမည္ျဖစ္သည္။ 6 Speed Transmission ကုိသုံးထားျပီး Minium Turning Radius က 6.4m ရွိမည္ျဖစ္သည္။ လုံျခဳံေရးအေနျဖင့္ ေရွ႕ေလအိတ္ ၂ လုံး၊ Parking Assist စနစ္၊ ABS ၊ Vehicle Stability Control , Hill Start Assist Control မ်ားအျပင္ ယာဥ္ေမာင္းသူမွ ေမာင္းနွင္ေန စဥ္ျမင္ကြင္းအားလုံးကုိ ေကာင္းမြန္စြာျမင္ေတြ႕ႏိုင္ေစရန္ႏွင့္ Semi ေဘာနက္ကုိသုံးစြဲထားေသာေၾကာင့္ ယာဥ္မေတာ္တဆမွဳျဖစ္ပြားပါက ထိခုိက္မွဳကုိသိသိသာသာေလွ်ာ့ခ်ေပးႏုိင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ အဆုိပါ 2019 Toyota Hiace GL ၏ေစ်းႏွဳန္းမွာ Manual ကုိ USD 43900 ႏွင့္ Auto ကုိ USD 44900 တုိ႔ျဖင့္အသီးသီးေရာင္းခ်ေပးေနျပီး ၃ႏွစ္ (သုိ႔) ကီလုိ ၁သိန္းကုိ Toyota Mingalar မွအာမခံေပးထားေၾကာင္း သိရသည္။














Unicode Version…
၁၄ ယောက်စီး ဒီဇိုင်းသစ် 2019 Toyota Hiace အမျိုးအစားအား Toyota Mingalar Myanmar မှစတင်မိတ် ဆက်
မျိုးဆက် ၆ ဆက်မြောက်အဖြစ်ထုတ်လုပ်လိုက်သည့် ၁၄ ယောက်စီး ဒီဇိုင်းသစ် 2019 Toyota Hiace အမျိုးအစားအား Toyota Mingalar Myanmar မှစတင်မိတ်ဆက်သွားခဲ့သည်။ အဆိုပါ 2019 Toyota Hiace သည်ယခင်မျိုးဆက်များကဲ့သို့ ရှေ့ဘက်ခုံအောက်တွင် အင်ဂျင်ထိုင်ထားခြင်းမရှိတော့ဘဲ ဘောနက်သီးသန့် ပါ ဝင်လာပြီး အဆိုပါSemi ဘောနက်ထဲတွင်သာ အင်ဂျင်ကိုအသုံးပြုထားသည်။ ထို့ကြောင့် ရှေ့ရုပ်ထွက်မှာ သိသိသာသာ ကွဲထွက်သွားခဲ့ပြီး Halogen ရှေ့မီးကြီးဒီဇိုင်းပုံစံသစ်နှင့်အတူ အောက်ဘက်တွင် နှင်းခွဲမီး၊ နေ့အ လင်းမီးများကို တွဲဖက်သုံးစွဲထားခဲ့သည်။ ရှေ့ရှဲတွင် ငွေရောင် Chrome တစ်ခုထည့်သွင်းထားပြီး ခေါင်မြင့် ပုံစံမျိုးဖန်တီးထားကာ နောက်ဘက်တွင် ဒေါင်လိုက်ပေါင်းစပ်မီးများထည့်သွင်းထားသည်။ Power Slide door ဘေးတံခါးကိုအသုံးပြုထားပြီး နောက်ဘက်ဝန်တင်ခန်းကလည်း ပစ္စည်းအများအပြားထည့်သွင်းလိုပါက နောက် ခုံများကို လိုသလိုခေါက်သိမ်းနိုင်မည်ဖြစ်သည်။
၎င်း၏ အတွင်းခန်းတွင် ရိုးရှင်းမှုကို အသားပေးထားသည့်ဖွဲ့စည်းပုံကို အသုံးပြုထားပြီး Media ထိန်း ချုပ်မှုပြုလုပ်နိုင်သည့် Steering Volume Control, ဒတ်ရှ်ဘုတ်တွင် AM/FM/DVD/CD/Bluetooth စသည့်အရာများကိုသာ ထိန်းချုပ်ညွှန်ကြားနိုင်သော 7 in Touch Screen ပါရှိသည်။ ထို့အပြင် စပီကာ ၆ လုံး USB/AUX ပေါက်များလည်းထည့်သွင်းထားသည်။ လူအများစုသွားလာရေးအတွက် အဓိကထုတ်လုပ်ထား သည့် Van အမျိုးအစားမျိုးဖြစ်သောကြောင့် ရှေ့၊နောက်ကိုလိုသလို ဇုန်ခွဲပြီးလေအေးပေးနိုင်သော Digital Air Con စနစ်၊ ကားရှေ့ဘက်အပေါ်တွင် ဖိုင်နှင့် ပစ္စည်းထည့်စရာအကန့်များ၊ အရှေ့ဘက်အလယ်တွင် ပစ္စည်းထည့်စရာ Box ၊ နောက်ဘက်တံခါးဘေးဘက်နှင့် နောက်ထိုင်ခုံများတွင် ရေဘူးထည့်စရာနှင့် ချိတ် ဆွဲစရာများထည့်သွင်းပေးထားပါသည်။ နောက်ထိုင်ခုံများတွင် စာကြည့်မီးများ၊လက်တင်ခုံများနှင့် ကိုင်စရာများ အပြင် လျှောက် လမ်းလည်းထည့်သွင်းပေးထားသည်။
2019 Toyota Hiace GL အသစ်တွင် 2.8 Liter diesel (1GD-FTV ) engine ကိုသုံးထားပြီး 154HP နှင့် ရုန်းအား 420Nm/1600-2200rpm ထွက်ရှိမည်ဖြစ်သည်။ 6 Speed Transmission ကိုသုံးထားပြီး Minium Turning Radius က 6.4m ရှိမည်ဖြစ်သည်။ လုံခြုံရေးအနေဖြင့် ရှေ့လေအိတ် ၂ လုံး၊ Parking Assist စနစ်၊ ABS ၊ Vehicle Stability Control , Hill Start Assist Control များအပြင် ယာဉ်မောင်းသူမှ မောင်းနှင်နေ စဉ်မြင်ကွင်းအားလုံးကို ကောင်းမွန်စွာမြင်တွေ့နိုင်စေရန်နှင့် Semi ဘောနက်ကိုသုံးစွဲထားသောကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားပါက ထိခိုက်မှုကိုသိသိသာသာလျှော့ချပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ 2019 Toyota Hiace GL ၏ဈေးနှုန်းမှာ Manual ကို USD 43900 နှင့် Auto ကို USD 44900 တို့ဖြင့်အသီးသီးရောင်းချပေးနေပြီး ၃နှစ် (သို့) ကီလို ၁သိန်းကို Toyota Mingalar မှအာမခံပေးထားကြောင်း သိရသည်။