




Unicode

IIHS ၏ လုံခြုံမှု အရှိဆုံး Rating တွင် 2019 Toyota RAV 4 ရောက်ရှိ

2019 Toyota RAV 4 သည် အကောင်းဆုံးသော မောင်းနှင်ခြင်းနှင့် လှပသည့် ဒီဇိုင်းပုံစံများကြောင့် လူသိများထင်ရှားနေသည့် Model ဖြစ်ပြီး ၎င်းတို့အပြင် ဂုဏ်ယူဖွယ်ရာတစ်ခုကိုလည်း ထပ်မံရရှိနိုင်ခဲ့ပါသည်။ ကမ္ဘာကျော် IIHS ခေါ် လမ်းနှင့်ယာဉ်များလုံးခြုံရေးဆိုင်ရာအဆင့်သတ်မှတ် သည့် အဖွဲ့ကြီး၏ အမြင့်ဆုံးသတ်မှတ်ချက်တခုဖြစ်သည့် ( Top Safety Pick + ) အား Small Crossover အမျိုးအစားအနေဖြင့် 2019 RAV 4 မှရရှိခဲ့သည်။
ထိုသို့ ရရှိနိုင်ရန် ကား၏နေရာစုံအား ထိခိုက်မှုကို Test ပြုလုပ်ပြီး ၎င်းတို့တွင် ကားကိုယ်ထည်အရှေ့၊ အနောက် ၊ ဘေးဖက်အားလုံးပါဝင်ပြီး ရလဒ်များတွင် ( Good ) အဆင့်ရရှိခဲ့ပြီး RAV4 ၏ ကားအရှေ့ဖက်တွင် ( Front Crash Prevention System ) ကို Standard ထည့်သွင်းထားကာ ၎င်းသည် ( Up to 25 mph ) မှစ၍ ယာဉ်၏ အရှေ့ဖက်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပါက သတိပေးပြီး ယာဉ်ကိုရပ်တန့် ပေးမည့်စနစ်ဖြစ်သည်။
ထို့အပြင် ကလေးငယ်များလုံခြုံရေးအတွက် ထည့်သွင်းထားသည့် Child Seat L ATCH anchor သည်လည်း ( Good + ) အဆင့်ရရှိထားပါသည်။ 2019 RAV4 ၏ Hybrid Version တွင် ထည့်သွင်းထားသည့် Adaptive LED Projector မီးလုံးစနစ်သည်လည်း ( Good Rating ) ရရှိထားပါသည်။ အခြား Version များတွင်မူ Reflector Light ကိုသာထည့်သွင်းထားပါသည်။
အလားတူ – Crash Safety အလိုလျောက်အရေးပေါ် ဘရိတ်စနစ် စသည့် Safety Feature များသည်လည်း ရလဒ်ကောင်းများ ရရှိခဲ့သည်။ 2019 Toyota RAV4 အပြင် Hyundai Kora နှင့် Volvo XC 40 တို့သည်လည်း IIHS ၏ (Top Safety Pick + ) အဆင့်သို့ ရာက်ရှိခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here