Volvo ၏ 2019 S60 တွင်ဒီဇယ်အင်ဂျင်ကိုထည့်သွင်းမည်မဟုတ်ဟု Volvo မှပြောကြားလိုက် ပါသည်။ ၎င်းအား ယခုနှစ်နွေရာသီတွင် စတင်ထုတ်လုပ်မည်ဖြစ်ပြီး အဆိုပါ S60 Sedan တွင် Plug –in Hybrid အင်ဂျင်ပုံစံ (၂) မျိုးနှင့် Mild Hybrid Version (၁)မျိုးပါဝင်ပါမည်။ S60 Sedan သည် V60 Wagon ကို အခြေခံထားသည့် Model ဖြစ်ပြီး 2010 တွင် Update ဖန်တီးခဲ့ပါသည်။ S60 အား Volvo ၏နာမည်ကျော် Scalable  Platform Architecture Design ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ Volvo New V60 Model အားယခုနှစ်အစောပိုင်တွင် ဆွီဒင်နိုင်ငံ ၊ စတောဟုမ်း၌မိတ်ဆက်ပြသခဲ့ပါသည်။     ထို့အတူ 2019 S60 တွင် လျှပ်စစ်စနစ်သုံးအင်ဂျင်ဖြင့် ထုတ်လုပ်သည့် အစီအစဉ်ကိုလည်း 2017 July တွင်၌ မိတ်ဆက် ပြသခဲ့ပါသည်။ ပထမဆုံးပြောကြားခဲ့ပါသည်။ တို့အတူ Volvo အနေဖြင့် လာမည့် ၂၀၂၅ အတွင်း Electric Vehicles များအား ယခုထက် ၅၀% ခန့် တိုးချဲထုတ်လုပ်ရန် စီစဉ်ထားပါသည်။ တို့အတူ 2019 မှစ၍ Launch လုပ်မည့် All –New Volvo Model အားလုံး၌ Mild –Hybrid / Plug – in hybrid / သို့မဟုတ် Full –Electric စနစ်များကိုသာ တပ်ဆင်ထားပါမည်။ ယခုလက်ရှိ Volvo ၏ XC90 ၊ S90 ၊ XC60 တို့ကို Plug –in Hybrid Version များမှာယူရနိုင်ပြီး V60 လည်း အလားတူရရှိနိုင်ပါမည်။  2019 S60 ၏ Rear End Design သည် S90 နှင့် တူညီမည်ဖြစ်ပြီး တံခါးများသည် V60 နှင့် များစွာတူညီပါမည်။ တို့အတူ လက်ရှိ Volvo Model များထက်ပို၍ အနံ တိုတောင်းမည်ဖြစ်ကာ Plug –in Hybrid Version တွင် (I4 Drive –E Engine ) တို့၎င်း ၊ ရှေ့ဘီး ယက် စနစ်သုံး ကားတွင် -(Turbo I 4 Engine )၊ (250 hp ) တို့၎င်း ၊ AWD System သုံးကားတွင် (Turbo I 4 Engine )၊ (Supercharged I 4 Engine)၊ (316 hp )အင်ဂျင်များကို ၎င်း အသီးသီး တပ်ဆင်ထားပါမည် ။( New S60 သည် ကျွန်ုပ်တို့၏ ကတိပြုပြီး ဆောင်ရွက်ချက်များအတွက် ပထမခြေလှမ်းဖြစ် ပါသည် ) ဟု Volvo ၏ President နှင့် CEO ဖြစ်သူ Hakan Samuelsson မှပြောကြားလိုက်ပါသည်။