Unicode Version…

မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့် မော်တော် ယာဉ်ပြပွဲကြိးကို ထိုင်းနိုင်ငံ အခြေစိုက် Grand Prix International Public Company Limited (GPI Myanmar Company Limited) နှင့် မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ်)အသင်း(Automotive Association of Myanmar-AAM) တို့မှပူးပေါင်းစီစဉ် ပြီး “Navigating the Automotive Industry of Tomorrow” ဟူ သည့်ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမော်တော်ယာဉ်ပြပွဲကို ၂၀၁၉ ဇန်နဝါရီ ၂၃ မှ ၂၇ ရက်နေ့အထိ YCC (Yangon Convention Center) တွင်ကျင်းပြုလုပ်မည်ဖြစ်သည်။

GPI Myanmar Company Limited သည် အရှေ့တောင် အာရှတွင် အကြီးမားဆုံးဖြစ်သည့် ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ (Bangkok International Motor Show) ကိုနှစ်ပေါင်းများစွာကြာ စီစဉ်ကျင်းပလျက်ရှိပြီး အာဆီယံဒေသ အတွင်း မော်တော်ယာဉ်ဆိုင်ရာ ပြပွဲများစွာကို စီစဉ်ကျင်းပနေသည့် Grand Prix International Public Company Limited (GPI)၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

ပထမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲ (၂၀၁၉) ကျင်းပပြုလုပ်မည့်အစီအစဉ်နှင့်စပ်လျဉ်းသည့် စာနယ်ဇင်းရှင်းလင်းပွဲနှင့် GPI Myanmar Company Limited နှင့် မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ်)အသင်း (Automotive Association of Myanmar – AAM) တို့၏ အကျိုးတူ ပူးပေါင်းဆေင်ရွက်ခြင်းနားလည်မှုစာချွန်လွှာ ရေးထိုးပွဲတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က ပူးတွဲပြုလုပ်ခဲ့သည်။

ပထမအကြိန်ရန်ကုန်အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ၏ ဥက္ကဌဖြစ်သူ Mr.Anothai Eamlumnow က “ အော်တိုမိုးတစ်(ဖ်) နယ်ပယ်မှာ ထုတ်လုပ်သူများရဲ့ နည်း ပညာတွေ၊ ဒီဇိုင်းပုံစံတွေ၊ စက်ပစ္စည်းများဟာ နေ့စဉ်နဲ့အမျှဆိုသလို တိုးတက်ပြောင်းလဲလျက် ရှိနေပြီး မော်တော်ယာဉ်အပိုင်းရဲ့ ဆန်း သစ်တီထွင် ထုတ်လုပ်မှုများ ကိုစုစည်းပြီးတော့ ခင်းကျင်းပြသတဲ့ မော်တော်ယာဉ်ပြပွဲများကို နိုင်ငံအသီးသီးမှာ နှစ်စဉ်အပြိုင်အဆိုင် ကျင်းပပြုလုပ် လျက်ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံတကာမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အတွေ့ အကြုံတွေ ကိုအခြေခံပြီးတော့ ယခုပြပွဲကြီးမှာ ကမ္ဘာ့ထိပ်တန်း အော်တိုမိုး တစ်(ဖ်) ကုမ္ပဏီများရဲ့ ဆန်းသစ်တီထွင် ထုတ်လုပ်မှုများကို အထူးခြားဆုံးပုံစံ၊ အဆန်း သစ်ဆုံး တင်ဆက်မှုများနဲ့ ခင်း ကျင်းပြသသွားမှာ ဖြစ်ပါတယ်။ လာရောက်လေ့လာကြည့်ရှုကြတဲ့ ပြည်သူအများ အနေနဲ့ ထူးခြားဆန်းသစ်တဲ့နိုင်ငံတကာအဆင့် အတွေ့အကြုံနဲ့ ဗဟုသုတများရရှိနိုင်မှာဖြစ်ပါတယ်” ဟုရှင်း လင်းပြောကြားခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ (၂၀၁၉) သို့ လာရောက်ကြည့်ရှုလေ့လာသည့်ပြည်သူများအနေဖြင့် BMW, Volvo, Toyota, Suzuki, Nissan, Ford, GAC, DFM စသည် တို့ အပါအဝင်နိုင်ငံတကာမော်တော်ယာဉ် ကုမ္ပဏီပေါင်း (၂၀) ကျော်မှ ခင်းကျင်းပြသထားမှုများကို လေ့လာကြည့်ရှုခြင်းနှင့် စမ်းသပ်မောင်းနှင်ခြင်း၊ အနာဂတ် မော်တော်ယာဉ်နည်းပညာများကို စူးစမ်းလေ့လာခြင်း၊ ပညာပေး ဆွေးနွေးပွဲများ၊ အစီအစဉ်များကို တက်ရောက်ခြင်းတို့ ပြုလုပ်နိုင်ပါမည်။မိမိစိတ်ကြိုက် မော်တော် ယာဉ်များကိုပြပွဲကာလအတွင်း ထူးခြားသက်သာသည့် ဈေးနှုန်း များဖြင့် တိုက်ရိုက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် အမေရိကန် တစ်ဒေါ်လာ သတ်မှတ် ထားပြီး Lucky Draw အစီအစဉ်နှင့် Entertainment များလည်း ပါဝင်မည်ဖြစ်သည်။

Zawgyi Version…

ပထမအၾကိမ္ ရန္ကုန္ အျပည္ၿပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲကုိ ဇန္နဝါရီ ၂၃ မွ ၂၇ ရက္ေန႔အထိ YCC တြင္က်င္းပမည္

ျမန္မာႏိုင္ငံ၏ ပထမဆံုးေသာ ႏိုင္ငံတကာအဆင့္ ေမာ္ေတာ္ ယာဥ္ျပပြဲၾကိးကို ထိုင္းႏိုင္ငံ အေျခစိုက္ Grand Prix International Public Company Limited (GPI Myanmar Company Limited) ႏွင့္ ျမန္မာႏိုင္ငံ ေအာ္တိုမိုးတစ္(ဖ္)အသင္း(Automotive Association of Myanmar-AAM) တို႔မွပူးေပါင္းစီစဥ္ ျပီး “Navigating the Automotive Industry of Tomorrow” ဟူ သည္႔ေခါင္းစဥ္ျဖင့္ ကၽင္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။ အဆုိပါေမာ္ေတာ္ယာဥ္ျပပဲြကုိ ၂၀၁၉ ဇန္နဝါရီ ၂၃ မွ ၂၇ ရက္ေန႔အထိ YCC (Yangon Convention Center) တြင္က်င္းျပဳလုပ္မည္ျဖစ္သည္။

GPI Myanmar Company Limited သည္ အေရွ႔ေတာင္ အာရွတြင္ အၾကီးမားဆံုးျဖစ္သည့္ ဘန္ေကာက္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲ (Bangkok International Motor Show) ကိုႏွစ္ေပါင္းမၽားစြာၾကာ စီစဥ္ကၽင္းပလၽက္ရွိျပီး အာဆီယံေဒသ အတြင္း ေမာ္ေတာ္ယာဥ္ဆိုင္ရာ ျပပြဲမၽားစြာကို စီစဥ္ကၽင္းပေနသည္႔ Grand Prix International Public Company Limited (GPI)၏ ကုမၸဏီခြဲတစ္ခုျဖစ္သည္။

ပထမအၾကိမ္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေမာ္ေတာ္ယာဥ္ျပပြဲ (၂၀၁၉) ကၽင္းပျပဳလုပ္မည့္အစီအစဥ္ႏွင့္စပ္လၽဥ္းသည့္ စာနယ္ဇင္းရွင္းလင္းပြဲႏွင့္ GPI Myanmar Company Limited ႏွင့္ ျမန္မာႏိုင္ငံ ေအာ္တိုမိုးတစ္(ဖ္)အသင္း (Automotive Association of Myanmar – AAM) တို႔၏ အကၽိဳးတူ ပူးေပါင္းေဆင္ရြက္ျခင္းနားလည္မွဳစာခၽြန္လႊာ ေရးထိုးပြဲတို႔ကို ျပီးခဲ့သည့္ ဒီဇင္ဘာ ၄ ရက္ေန႔က ပူးတြဲျပဳလုပ္ခဲ့သည္။

ပထမအၾကိန္ရန္ကုန္အျပည္ျပည္ဆိုင္ရာေမာ္ေတာ္ယာဥ္ျပပြဲ ကၽင္းပျပဳလုပ္ရျခင္းႏွင့္ စပ္လၽဥ္းျပီး ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲ၏ ဥကၠဌျဖစ္သူ Mr.Anothai Eamlumnow က “ ေအာ္တိုမိုးတစ္(ဖ္) နယ္ပယ္မွာ ထုတ္လုပ္သူမၽားရဲ႕ နည္း ပညာေတြ၊ ဒီဇိုင္းပံုစံေတြ၊ စက္ပစၥည္းမၽားဟာ ေန႔စဥ္နဲ႔အမၽွဆိုသလို တိုးတက္ေျပာင္းလဲလၽက္ ရွိေနျပီး ေမာ္ေတာ္ယာဥ္အပိုင္းရဲ႕ ဆန္း သစ္တီထြင္ ထုတ္လုပ္မွဳမၽား ကိုစုစည္းျပီးေတာ့ ခင္းကၽင္းျပသတဲ႔ ေမာ္ေတာ္ယာဥ္ျပပြဲမၽားကို ႏိုင္ငံအသီးသီးမွာ ႏွစ္စဥ္အျပိဳင္အဆိုင္ ကၽင္းပျပဳလုပ္ လၽက္ရွိေနပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔လည္း ႏိုင္ငံတကာမွာ ေအာင္ျမင္မွဳေတြ ရရွိခဲ႔တဲ႔ အေတြ႔ အၾကံဳေတြ ကိုအေျခခံျပီးေတာ့ ယခုျပပြဲၾကီးမွာ ကမာၻ႔ထိပ္တန္း ေအာ္တိုမိုး တစ္(ဖ္) ကုမၸဏီမၽားရဲ႕ ဆန္းသစ္တီထြင္ ထုတ္လုပ္မွဳမၽားကို အထူးျခားဆံုးပံုစံ၊ အဆန္း သစ္ဆံုး တင္ဆက္မွဳမၽားနဲ႔ ခင္း ကၽင္းျပသသြားမွာ ျဖစ္ပါတယ္။ လာေရာက္ေလ႔လာၾကည္႔ရွဳၾကတဲ႔ ျပည္သူအမၽား အေနနဲ႔ ထူးျခားဆန္းသစ္တဲ႔ႏိုင္ငံတကာအဆင့္ အေတြ႔အၾကံဳနဲ႔ ဗဟုသုတမၽားရရွိႏိုင္မွာျဖစ္ပါတယ္” ဟုရွင္း လင္းေျပာၾကားခဲ႔သည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲ (၂၀၁၉) သို႔ လာေရာက္ၾကည့္ရွုေလ့လာသည့္ျပည္သူမၽားအေနျဖင့္ BMW, Volvo, Toyota, Suzuki, Nissan, Ford, GAC, DFM စသည္ တို႔ အပါအဝင္ႏိုင္ငံတကာေမာ္ေတာ္ယာဥ္ ကုမၸဏီေပါင္း (၂၀) ေကၽာ္မွ ခင္းကၽင္းျပသထားမွဳမၽားကို ေလ႔လာၾကည့္ရွုျခင္းႏွင့္ စမ္းသပ္ေမာင္းႏွင္ျခင္း၊ အနာဂတ္ ေမာ္ေတာ္ယာဥ္နည္းပညာမၽားကို စူးစမ္းေလ့လာျခင္း၊ ပညာေပး ေဆြးေႏြးပြဲမၽား၊ အစီအစဥ္မၽားကို တက္ေရာက္ျခင္းတို႔ ျပဳလုပ္ႏိုင္ပါမည္။မိမိစိတ္ၾကိဳက္ ေမာ္ေတာ္ ယာဥ္မၽားကိုျပပြဲကာလအတြင္း ထူးျခားသက္သာသည့္ ေစၽးႏွုန္း မၽားျဖင့္ တိုက္ရိုက္ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ ဝင္ေၾကးအေနျဖင့္ တစ္ဦးလွ်င္ အေမရိကန္ တစ္ေဒၚလာ သတ္မွတ္ ထားျပီး Lucky Draw အစီအစဥ္ႏွင့္ Entertainment မ်ားလည္း ပါဝင္မည္ျဖစ္သည္။