2020 Acura MDX PMC Edition အား 2019 November 20 တွင် ကျင်းပခဲ့သည့် L.A ကားပြပွဲတွင်ပြသခဲ့ပြီး ၎င်းသည် လက်ဖြင့်ဖန်တီးထားသည့် Model ဖြစ်ကာ အစင်းရေ (၃၃၀) သာ ကန့်သတ် ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါ Edition Model အား Acura NSX / TLX တို့ကို ထုတ်လုပ်သည့် Performance Manufacturing Center တွင် ထုတ်လုပ်တပ်ဆင်ပြီး အစင်းရေ (၃၀၀) အား U.S သို့၎င်း၊ အစင်းရေ (၃၀) အား ကနေဒါနိုင်ငံသို့၎င်း ရောင်းချပါမည်။ ၎င်းတွင် အထူးထုတ် Color ဖြစ်သည့် Valencia Red Pearl Paint ပါရှိမည်ဖြစ်ပြီး Black Chrome Exhaust Glass Black 20-inch Wheels အစရှိသည့် ထူးခြားသည့် ပါဝင်မှုများ ထည့်သွင်းထားမည်။ အတွင်းခန်းတွင်လည်း အထူးထုတ် ပါဝင်မှုများစွာ ပါရှိမည်ဖြစ်ပြီး Black Milano Leather Seats GPS စနစ်နှင့်ချိတ်ဆက်ထားသည့် လေအေးစနစ် ၊ စပီကာ ၁၀ လုံးပါသည့် ELS Studio Audio စသည်တို့ ပါဝင်မည်။ အင်ဂျင်အနေဖြင့် (3.5 L V6 Engine) ၊ (290 hp) အင်ဂျင်နှင့် (9-Speed) Auto gear) တို့ တွဲဖက်တပ်ဆင်ထားပါသည်။ ထို့အတူ Super-Handling AWD System လည်း ပါရှိမည်ဖြစ်သည်။ ဈေးနှုန်းအနေဖြင့် ( USD 50000) ဝန်းကျင်ခန့်ဖြင့် သတ်မှတ်ရောင်းချမည်ဖြစ်ပြီး ယခုနှစ်အကုန်ခန့်တွင် စတင်မှာယူနိုင်ရန် Acura မှ စီစဉ်ထားပါသည်။
 
Zawgyi Version….
2020 Acura MDX PMC Edition အား LA ကားျပပြဲတြင္ ျပသျခင္း
2020 Acura MDX PMC Edition အား 2019 November 20 တြင္ က်င္းပခဲ့သည့္ L.A ကားျပပြဲတြင္ျပသခဲ့ၿပီး ၎သည္ လက္ျဖင့္ဖန္တီးထားသည့္ Model ျဖစ္ကာ အစင္းေရ (၃၃၀) သာ ကန္႔သတ္ ထုတ္လုပ္မည္ျဖစ္သည္။ အဆိုပါ Edition Model အား Acura NSX / TLX တို႔ကို ထုတ္လုပ္သည့္ Performance Manufacturing Center တြင္ ထုတ္လုပ္တပ္ဆင္ၿပီး အစင္းေရ (၃၀၀) အား U.S သို႔၎၊ အစင္းေရ (၃၀) အား ကေနဒါႏိုင္ငံသို႔၎ ေရာင္းခ်ပါမည္။ ၎တြင္ အထူးထုတ္ Color ျဖစ္သည့္ Valencia Red Pearl Paint ပါရွိမည္ျဖစ္ၿပီး Black Chrome Exhaust Glass Black 20-inch Wheels အစရွိသည့္ ထူးျခားသည့္ ပါ၀င္မႈမ်ား ထည့္သြင္းထားမည္။ အတြင္းခန္းတြင္လည္း အထူးထုတ္ ပါ၀င္မႈမ်ားစြာ ပါရွိမည္ျဖစ္ၿပီး Black Milano Leather Seats GPS စနစ္ႏွင့္ခ်ိတ္ဆက္ထားသည့္ ေလေအးစနစ္ ၊ စပီကာ ၁၀ လံုးပါသည့္ ELS Studio Audio စသည္တို႔ ပါ၀င္မည္။ အင္ဂ်င္အေနျဖင့္ (3.5 L V6 Engine) ၊ (290 hp) အင္ဂ်င္ႏွင့္ (9-Speed) Auto gear) တို႔ တြဲဖက္တပ္ဆင္ထားပါသည္။ ထို႔အတူ Super-Handling AWD System လည္း ပါရွိမည္ျဖစ္သည္။ ေစ်းႏႈန္းအေနျဖင့္ ( USD 50000) ၀န္းက်င္ခန္႔ျဖင့္ သတ္မွတ္ေရာင္းခ်မည္ျဖစ္ၿပီး ယခုႏွစ္အကုန္ခန္႔တြင္ စတင္မွာယူႏိုင္ရန္ Acura မွ စီစဥ္ထားပါသည္။