Zawgyi Version…

Unicode Version…

လက်ဖြင့်ပြုလုပ်ဖန်တီးထားသည့် 2020 Acura TLX PMC Edition
Acura သည် 2019 နယူးယောက်ကားပြပွဲ၌ 2020 TLX PMC Edition နှင့် MDX PMC Edition Prototype တို့အား မိတ်ဆက်ပြသပြီး အမေရိကန် Ohio ပြည်နယ် Marysville ရှိ Honda’s Performance Manufacturing Center – PMC မှ အဓိကထုတ်လုပ်သည့် Model များဖြစ်ပြီး နာမည် ကျော် Acura NSX ကိုလည်း PMC မှ ထုတ်လုပ်ပါမည်။ TLX PMC Edition အား ယခုနှစ် နွေရာသီ တွင် စတင်ရောင်းချမည်ဖြစ်ပြီး ( USD 50000 ) ခန့်မှ စတင်မည်ဖြစ်ကာ ( အစင်း ၃၆၀ ) သာ အကန့် အသတ် ဖြင့် ထုတ်လုပ်မည်ဖြစ်ကာ ကားတစင်းကို ၆ လခန့်အချိန်ယူ၍ လက်ဖြင့် ထူးခြားစွာ ဖန်တီး မည်ဖြစ်သည်။ TLX PMC အား A – Spec Performance Model အနေဖြင့် ထုတ်လုပ်မည် ဖြစ်ကာ ပတ်လည်မြင်ကွင်းကြည့် ကင်မရာ ၊ အပူ/အအေးစနစ်ပါသည့် အနောက်ထိုင်ခုံများ ၊ အစရှိသည့် Features များစွာပါရှိပါမည်။ အင်ဂျင်အနေဖြင့် – ( 3.5 L V6 Engine ) ၊( 290 hp ) အင်ဂျင် ၊ ( 4 WD System ) နှင့် ( 9 – Speed Auto gear ) တို့ တွဲဖက်ထားပါမည်။ ၎င်းတွင် Acura ၏ ( SH – AWD ) စနစ်ကို ထည့်သွင်းထားပါမည်။ အပြင်ဒီဇိုင်းသည် TLX A – Spec ကို အခြေခံထားပြီး Dark chrome Trim ၊ Black Spoiler စသည်တို့ အပြင် အတွင်းခန်းလည်း – Alcantora Seating ၊ Red Instrument Cluster / Accent Lighting စသည့် ထူးခြားမှုများဖြင့် တင်ဆက်ထားမည်။ ကားကိုယ်တည်ကို လူ၏ လက်ဖြင့်သာ ဖန်တီးမည်ဖြစ်ပြီး Drivetrain / Suspension စနစ်များကိုမူ စက်ဖြင့် ဖန်တီးပါမည်။ ကား၏ Roof Panel / တံခါးလက်ကိုင်များ ၊ Grille ၊ Lower Bumper များအားလုံးတို့သည် Gloss Black များဖြစ်ကြမည်။ အလွိုင်းဘီးအနေဖြင့် – ( 19 – inch 10 – Spoke Wheels ) ပုံစံများကို တပ်ဆင်ထားမည်ဖြစ်ပြီး ကားအရောင်သည် ( Valencia Red Pearl Paint ) အရောင်ဖြစ်ကာ Special Color လည်းဖြစ်ပါမည်။