Zawgyi Version…
Unicode Version…
မြင်းကောင်ရေ ၆၀၀ ရှိသည့် Twin turbo V8 Engine စနစ်သုံး 2020 Alpine B7
မကြာခင်ကထွက်ရှိခဲ့သည့် Updated 2020 BMW 7 Series တွင် ထူးခြားသည့် Classic BMW Grille ဖြင့် လူအများကို အံအားသင့်စေခဲ့ပြီး BMW သည် 7 Series အား အင်ဂျင်ပုံစံအသစ် များတိုးချဲ့ထုတ်လုပ်လိုက်ပြီး ၎င်းတို့တွင် ( 740e xDrive plug – in Hybrid ) မှ ( 760 i x Drive V12 Powered ) အထိပါဝင်ကြသည်။ သို့သော် Alpina B7 အား ယခုအခါ 2020 Model အနေဖြင့် ထုတ်လုပ်ပြီး BMW Flagship ၏ High – performance Variant အနေဖြင့် ထင်ရှားသည်။ 2020 B7 Model အား ( US Market ) တွင် ( USD 142695 ) ဖြင့်ရောင်းချမည်ဖြစ်ပြီး ၎င်းတွင် Modified ပြုလုပ်ထားသည့် ( 4.4 L Twin – turbo V8 Engine ) ( 600 hp ) အင်ဂျင်နှင့် အတူ ( ZF8 Speed Auto gear ) နှင့် ( AWD System ) တို့ တွဲဖက်ထားပါမည်။ အင်ဂျင်၏ ( Shift Time ) ကို အဆင့်မြှင့် တင်ထားမည်ဖြစ်ပြီး ပို၍ ကြီးမားသည့် Turbo Impeller နှင့် Intercooler ပုံစံအသစ်များဖြင့် ဖန်တီး ထားပါမည်။ ( Peak Torque ) အနေဖြင့် ယခင် Model ထက် rpm 2000 မှ 1000 ခန့် အထိ လျော့နည်းမည်ဖြစ်သည်။ ငြိမ်ညောင်းမှုအတွက် BMW Dynamic Damper Control / Active Comfort Drive နှင့် Air Suspension တ့ိုပေါင်းစပ်ထည့်သွင်းထားမည်ဖြစ်သည်။ Active Roll Stabilization စနစ်မှ ယာဉ်၏တည်ငြိမ်မှုအတွက် ထိရောက်စွာပံ့ပိုးပေးမည်ဖြစ်သည်။ ၎င်းသည် ( 4855 Ibs ) အလေးချိန်ရှိပြီး 7 Series New Grille Design နှင့် New Bumper တို့သည် လေစီးဆင်း မှုအား အထူးကောင်းမွန်စေမည်ဖြစ်ပြီး High – Speed အတွက် ကောင်းစွာပံ့ပိုးမှုရရှိစေပါမည်။ Alpina ၏ သင်္ကေတဖြစ်သည့် အပြာနှင့် အစိမ်းရောင်တို့အား 2020 B7 တွင်ဆက်လက်အသုံးပြု ထားသည်။ အတွင်းခန်း အပြင်အဆင်နှင့် ပါဝင်မှုတို့သည် 7 Series နှင့် တူညီပြီး Alpina တံဆိပ်အား အတွင်းခန်းအနှံ့အပြား တွင်တွေ့ပါမည်။ အထူးအားဖြင့် 2020 7 Series Model တွင် ပါဝင်သည့် BMW i Drive ၊ HUD System ၊ Drive Assistance System Suite စသည့်ပါဝင်မှုများကို ယခု B7 တွင် ထည့်သွင်းထားမည်။ 2020 Alpina B7 အား ယခုနှစ် နွေရာသီတွင်စတင်ရောင်းချပါမည်။