2020 Aston Martin DBX တွင် သင်၏ အိမ်မွေးတရစ္ဆာန်များအတွက် အဆင်ပြေမည့် Pet Pack ပါရှိမည်

ပြိုင်ကားများကို အဓိကထုတ်လုပ်သည့် Aston Martin Model များကို ပိုင်ဆိုင်ထားသည့် ကားချစ်သူများအတွက် ချစ်စဖွယ် Pet လေးများကို ခေါ်ဆောင်သွားရန် အနည်းငယ် အခက်အခဲဖြစ် နိုင်ပါမည်။ သို့သော်သမားရိုးကျ Model များနှင့် လုံးဝကွဲခြားသည့် 2020 Aston Martin DBX Crossover တွင်မူ အိမ်မွေး Pet များအား လုံခြုံစိတ်ချစွာ တင်ဆောင်သွားနိုင်ရန် ( Pet Pack ) အား Accessories အနေဖြင့် ထည့်သွင်းထားပါမည်။ အဆိုပါ Package တွင် အိမ်မွေး Pet များအတွက် လုံခြုံသည့် Cargo ၊ Gray Fabric နှင့် သားရေအိပ်ယာငယ်တို့ပါဝင်ပြီး ၎င်းတို့ ကုတ်ခြစ်မှုကြောင့် အစင်းထင်မှုကို ကာကွယ်ပေးသည့် Fabric Bumper Guard ၊ ခေါက်သိမ်းနိုင်သည့် Washer ၊ Pet Bowl ၊ စသည့်တို့ စုံလင်စွာထည့်သွင်းထားပါမည်။ 2020 DBX Crossover တွင် အဆိုပါ Package အပြင် ဆန်းပြားသည့် ပါဝင်မှုများကို Package များအလိုက်မှာယူနိုင်ရန် Aston Martin မှ စီစဉ်ထား သည်။ နှင်းကျသည် နေရာများအတွက်လိုအပ်သည့် ပစ္စည်းအားလုံးပါရှိသည့် Snow Pack ၊ ထိုင်ခုံများ ၊ ထီးအပိုများ ၊ စောင်များပါဝင်မည့် Event Pack ၊ စသည်တို့သည် Aston Martin ချစ်သူများနှစ်သက် မည့် Package များဟု ယုံကြည်ပါသည်။ ထို့အပြင် ကလေးငယ်များအတွက် Child Seat အား Custom leather ဖြင့် ရွေးချယ်ချုပ်လုပ်နိုင်ရန်လည်း စီစဉ်ထားပါသည်။ ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များအား 2019 December တွင် မိတ်ဆက်မည့်ပွဲ၌ ကြေငြာမည်ဟု Aston Martin မှ ပြောကြားပါသည်။

Zawgyi Version…..
2020 Aston Martin DBX တြင္ သင္၏ အိမ္ေမြးတရစာၦန္မ်ားအတြက္ အဆင္ေျပမည့္ Pet Pack ပါရွိမည္။

ၿပိဳင္ကားမ်ားကို အဓိကထုတ္လုပ္သည့္ Aston Martin Model မ်ားကို ပိုင္ဆိုင္ထားသည့္ ကားခ်စ္သူမ်ားအတြက္ ခ်စ္စဖြယ္ Pet ေလးမ်ားကို ေခၚေဆာင္သြားရန္ အနည္းငယ္ အခက္အခဲျဖစ္ ႏိုင္ပါမည္။ သို႔ေသာ္သမားရိုးက် Model မ်ားႏွင့္ လုံး၀ကြဲျခားသည့္ 2020 Aston Martin DBX Crossover တြင္မူ အိမ္ေမြး Pet မ်ားအား လုံျခံဳစိတ္ခ်စြာ တင္ေဆာင္သြားႏိုင္ရန္ ( Pet Pack ) အား Accessories အေနျဖင့္ ထည့္သြင္းထားပါမည္။ အဆိုပါ Package တြင္ အိမ္ေမြး Pet မ်ားအတြက္ လုံျခံဳသည့္ Cargo ၊ Gray Fabric ႏွင့္ သားေရအိပ္ယာငယ္တို႔ပါ၀င္ၿပီး ၎တို႔ ကုတ္ျခစ္မႈေၾကာင့္ အစင္းထင္မႈကို ကာကြယ္ေပးသည့္ Fabric Bumper Guard ၊ ေခါက္သိမ္းႏိုင္သည့္ Washer ၊ Pet Bowl ၊ စသည့္တို႔ စုံလင္စြာထည့္သြင္းထားပါမည္။ 2020 DBX Crossover တြင္ အဆိုပါ Package အျပင္ ဆန္းျပားသည့္ ပါ၀င္မႈမ်ားကို Package မ်ားအလိုက္မွာယူႏိုင္ရန္ Aston Martin မွ စီစဥ္ထား သည္။ ႏွင္းက်သည္ ေနရာမ်ားအတြက္လိုအပ္သည့္ ပစၥည္းအားလုံးပါရွိသည့္ Snow Pack ၊ ထိုင္ခုံမ်ား ၊ ထီးအပိုမ်ား ၊ ေစာင္မ်ားပါ၀င္မည့္ Event Pack ၊ စသည္တို႔သည္ Aston Martin ခ်စ္သူမ်ားႏွစ္သက္ မည့္ Package မ်ားဟု ယုံၾကည္ပါသည္။ ထို႔အျပင္ ကေလးငယ္မ်ားအတြက္ Child Seat အား Custom leather ျဖင့္ ေရြးခ်ယ္ခ်ဳပ္လုပ္ႏိုင္ရန္လည္း စီစဥ္ထားပါသည္။ ေစ်းႏႈန္းႏွင့္ အေသးစိတ္အခ်က္အလက္မ်ားအား 2019 December တြင္ မိတ္ဆက္မည့္ပြဲ၌ ေၾကျငာမည္ဟု Aston Martin မွ ေျပာၾကားပါသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here