BMW သည် ပထမဆုံး 8 Series အား 1990 မှ 1999 အထိ ထုတ်လုပ်ခဲ့သည်။ ထို့နောက် နှစ်ပေါင်း ( ၂၀ ) ကျော်ကြာပြီး ယခုအခါ 8 – Series အား Re – open အနေဖြင့် ပြန်လည်ဆန်းသစ်ထုတ်လုပ်လိုက်ပါသည်။ ၎င်းအား Flagship Model အနေဖြင့် ထုတ်လုပ်ခြင်းဖြစ်ပြီး Coupe ၊ Convertible ၊ 4 – door Style ဟူ၍ ပုံစံ ( ၃ ) မျိုးထုတ်လုပ်ကာ ၊ အင်ဂျင် ( ၃ ) မျိုး နှင့် Variant ( ၁၅ ) မျိုးတို့ဖြင့် ထုတ်လုပ်ရောင်းချပါသည်။ နောက်ဘီးယက် ( သို့ ) AWD System ပုံစံ ( ၂ ) မျိုးထည့်သွင်းထားပါသည်။ ( U.S.A ဈေးကွက်သို့ ရောင်းချသည့် 8 Series ကို ဆိုလိုပါသည် ) BMW သည် အသစ်ထွက်ရှိသည့် 7 – Series နှင့် ပထမဆုံးထုတ်လုပ်ထားသည့် New X 7 Crossover တို့ကို အထူးအာရုံစိုက်ရောင်းချလျက်ရှိသည့်အပြင် 8 Series ၏ ပုံစံသည် Luxury နှင့် Performance တို့ပေါင်းစပ်ထားသည့် Style ဖြစ်သည့်အတွက် U.S.A ဈေးကွက်တွင် ( 2019 ) ခုနှစ်၌ အစင်းရေ လေးထောင်ကျော်သာ ရောင်းချရခဲ့ပါသည်။ BMW သည် 8 – Series အား U.S.A ဈေးကွက်တွင် ပိုမိုရောင်းချနိုင်ရန် ယခုနှစ် April မှစ၍ Marking Campaign ကို စတင်ဆောင်ရွက် မည် ဖြစ်သော်လည်း ကိုရိုနာ Virus အခြေအနေများကြောင့် ပြောင်းလဲမှုများဖြစ်နိုင်ပါမည်။ U.S ရှိ BMW Customer များသည် 8 – Series ကို များစွာစိတ်ဝင်စားကြပြီး Coupe ကြိုက်သူများသည် လည်း 6 – Series Coupe ထက်ပို၍ လက်ခံပေးကြပါသည်။

2020 BMW 8 Series သည် မြန်နှုန်းမြင့် ကားဖြစ်သော်လည်း U.S ဈေးကွက်တွင် ရောင်းအားနည်းနေ