


Zawgyi Version…..

Unicode Version….
ထူးခြားသည့်အသွင်အပြင်ဖြင့် ပေါ်ထွက်လာသည့် 2020 BMW X6
———————————————————
2020 BMW X6 အား BMW မှ မိတ်ဆက်လိုက်ပြီး ဆန်းသစ်စွာဖန်တီးထားသည့် အရှေ့Fascia နှင့် သီးခြားဖြစ်သည့် Sporty ပုံစံအနောက်ဖက်ဒီဇိုင်းတို့သည် X6 အား ထူးခြားစေပါမည်။
ကားရှေ့ရှိ Kidney Grille သည် ယခင်ထက်ပို၍ ကြီးမာကျယ်ပြန့်လာပြီး အထူးခြားဆုံးမှာ Grille အား အလင်းရောင်ရစေမည့် Light – up Kidneys ကို Optional အနေဖြင့် ယခု Model တွင် ပထမဆုံး ထည့်သွင်းပေးခြင်းဖြစ်သည်။
ကားတစင်းလုံးသည် X5 ထက်၍ ကျစ်လစ်ပြီး Sporty ဆန်သည့် ပုံစံဖြစ်ကာ အနောက်ဖုံးအား X6 ၏ Signature အတိုင်း ဆက်လက်ဖန်တီးထားပါမည်ဖြစ်ပြီး ကျယ်ပြန့်ပြီး အလင်းစုအားကောင်းလှသည့် Taillight ပုံစံအသစ်ကို ထည့်သွင်းထားပါမည်။ ခေါင်မိုးပေါ်တွင် Unique Split Spoiler ကိုလည်း တပ်ဆင်ထားပါမည်။
2020 X6 တွင် မြောက်အမေရိကဈေးကွက်သို့ ( Rear Drive sDrive 40i ) နှင့် ( AWD X Drive 40i ) ဟူ၍ Model ( ၂ ) မျိုးတင်ပို့မည်ဖြစ်ပြီး ၎င်းတို့တွင် ( 30 L Inline 6 Engine ) ၊ ( 335 hp ) အင်ဂျင်ကို တပ်ဆင်ထားမည်။
M Version အနေဖြင့် X6 M 50i ကိုရရှိနိုင်ပြီး ( Twin – turbo 44 L V8 Engine ) ( 523 hp ) အင်ဂျင်ကိုတပ်ဆင်ထားမည်။
2020 X6 တွင် Suspension အနေဖြင့် ကားအရှေ့တွင် Double – wishbone ကို၎င်း ကားအနောက်ဖက်တွင် Multilink ကို၎င်း ထည့်သွင်းထားပါမည်။
အတွင်းခန်းတွင် ( 12.3 – inch Instrument Infotainment ) အပါအဝင် All – New X5 တွင် ပါလေ့ရှိသည့် Features များကို ယခု 2020 X6 တွင် စုံလင်စွာထည့်သွင်းပေးထားမည်ဖြစ်ပါသည်။ 2020 X6 အား ( U.S ) သို့ ယခုနှစ်တွင် စတင်ရောင်းချမည်ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here