
Zawgyi Version….

Unicode Version…..

2020 Buick Encore GX တွင် 3 – Cylinder အင်ဂျင်အမျိုးအစား (၂ ) မျိုးပါဝင်
Ford သည် ( 3 – Cylinder Engine ) အား U.S သို့ 2014 Fiesta တွင် စတင်မိတ်ဆက်ခဲ့ပြီး Eco Sport တွင် ဆက်လက်အသုံးပြုခဲ့ပါသည်။ အလားတူ Buick သည် ၎င်း၏ Semi – Subcompact Crossover ဖြစ်သည့် 2020 Encore GX တွင် ( Turbocharged 3 – Cylinder Engine ) ပုံစံ ( ၂ ) မျိုးအား Gearbox ( ၂ ) မျိုးနှင့် Drivetrain ( ၂ ) မျိုးတို့ဖြင့် ပေါင်းစပ်ထည့်သွင်း လိုက်သည်။ ( 1.2 L Engine ) ( 137 hp ) အင်ဂျင်အား ( CVT Gearbox ) နှင့် ( အရှေ့ဘီးယက် ) စနစ်တို့တွဲဖက်ခြင်းတို့ လည်းကောင်း၊ ( 1.3 L Engine ) ( 155 hp ) အင်ဂျင်အား ( 9 – Speed Automatic ) ဖြင့် တွဲဖက်ထားပြီး ၎င်းတွင် ( ရှ့ဘီးယက်စနစ် ) သည် Standard အဖြစ် ( AWD ) သည် Optional ဖြစ်မည်။
Encore GX ၏ အသေးစိတ်အချက်အလက်များအား GM မှ လက်ရှိတွင် ထုတ်ပြန်ခြင်းမရှိသော်လည်း ၎င်းသည် Junior Encore Model ထက် ပါဝင်မှုများပို၍ စုံလင်မည်ဟု အများက သုံးသပ်ကြပါသည်။ Buick Encore GX အား GM ၏ New VSS – F Platform ကို အခြေခံကာ ဖန်တီးထားခြင်းဖြစ်ပြီး အထူးအဆင့်မြင့်လက်ရာဖန်တီးမှုနှင့် ကြာရှည်ခံအသုံးပြုနိုင်သည့် Body frame တို့ အဓိကပါဝင်မည်ဖြစ်သည်။
ထို့အပြင် Safety ကို အထူးဦးစာပေးမည့်အနေဖြင့် ( Forward Collision Alert ) ၊ ( Lane Keeping Assist ) ကဲ့သို့ အဆင့်မြင့်နည်းပညာသုံးလုံခြုံရေး ပါဝင်မှုများအားး Standard အနေဖြင့် ထည့်သွင်းထားမည်ဖြစ်ကြောင်း General Motors မှပြောကြားပါသည်။ အလားတူ ( အလိုလျောက် အရေးပေါ်ဘရိတ်စနစ် ) ကိုလည်း Encore GX တွင် ထည့်သွင်းပေးပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here