2020 Cadillac CT 4 အား တရားဝင်ပြသ

Cadillac ၏ ထင်ရှားလှသည့် Luxury Sport Sedan တမျိုးဖြစ်သည့် 2020 Cadillac CT 4 ကို တရားဝင်ပြသလိုက်ပြီး 2020 Model အတွက် V – Form ကို Cadillac မှ ချန်လှပ်ထားပါသည်။ သို့သော် ၎င်း၏ Luxury နှင့် Premium Luxury Trims များတွင် Grille ၏ Chrome တွင် Cadillac Logo ၏ ပုံစံကို လှပစွာဖန်တီးထားပါမည်။ အတွင်းခန်းအား Cadillac ၏ ထုံးစံအတိုင်း သားနားစွာ ဖန်တီးထားမည်ဖြစ်ကာ 8 – inch Touch Screen အပါအဝင် ထူးခြားသည့် ပါဝင်မှုများစွာ ထည့်သွင်း ထားမည်။ နာမည်ကျော် Super Cruise နည်းပညာအား CT4 ၌ နောက်ပိုင်းတွင် ဆက်လက် ထည့်သွင်းပေးမည်ဖြစ်ပြီး ( V – Mode ) လည်းပါရှိမည်။ ထူးခြားမှုအနေဖြင့် အင်ဂျင်ပုံစံအသစ်ကို ထည့်သွင်းပေးမည်ဖြစ်ကာ အဆိုပါအင်ဂျင်သည် ( 2.0 L Turbocharged I 4 Engine ) ၊ ( 237 hp ) ဖြစ်ပြီး ( B – Speed Auto gear ) နှင့် တွဲဖက်ထားပါမည်။ ထို့အပြင် ( Brembo Brake ) အား ( Sport Trim ) တွင် ရရှိနိုင်ပါမည်။ အဆိုပါအင်ဂျင်အပြင် Performance ကောင်းကောင်းလိုအပ်သည့် Customer များအတွက် ( 2.7 L Turbocharged I 4 Engine ) ၊ ( 390 hp ) အင်ဂျင်အသစ်ကိုလည်း CTV – 4 Trim တွင် မိတ်ဆက်ထည့်သွင်းထားပါမည်။ ၎င်းအင်ဂျင်တွင် ( 10 – Speed Automatic Gearbox ) စနစ်သစ်ကို တွဲဖက်ပေးထားပါမည်။ V Model များတွင် ( Upgrade Brembo Brakes ) ၊ ( လျှပ်စစ်သံလိုက်စနစ်ဖြင့် ထိန်းချုပ်အသုံးပြုရသည့် Adaptive Suspiration စနစ် ) စသည့် ထူးခြားသည့် ပါဝင်မှုများကို ထည့်သွင်းပေးထားပါမည်။ Cadillac CTV 4 အား ယခုနှစ်အကုန်ခန့်တွင် အမှာစာများ စတင်လက်ခံမည်ဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here