လတ်စ်ဗေးဂတ်မှာကျင်းပတဲ့ 2020 CES မှာ အားလုံးကို အံ့သြမင်သက်သွားစေခဲ့တာကတော့ Sony ပါ။ ကွန်ပျူတာနဲ့ စမတ်ဖုန်းနယ်ပယ်မှာကျင်လည်ရာကနေ ကားထုတ်လုပ်ရေးဘက်ကိုပါခြေလှမ်းစတင်လိုက်တဲ့ Sony က သူတို့ရဲ့ လက်ရာ Vision-S လျှပ်စစ်ကားကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။
Sony ရဲ့ စက်ရုပ်ခွေးလေး Aibo ကိုဖန်တီးခဲ့တဲ့ AI နဲ့ robotics team ကပဲ Vision-S ကို ဖန်တီးထားတာဖြစ်ကာ ကားရဲ့ code name ကို Safety Cocoon လို့ပေးထားပြီး စမ်းသပ်မောင်းနှင်ပြီး ဖြစ်ပေမဲ့လည်း တကယ့်နာမည်ကိုတော့ အခုချိန်ထိမသတ်မှတ်ရသေးပါဘူး။
Sony ရဲ့နာမည်ကျော်နည်းပညာတွေဖြစ်နေတဲ့ ဆင်ဆာနည်းပညာ၊ ပုံရိပ်ဖော်ပြမှုနည်းပညာနဲ့ ဖျော်ဖြေ ရေးပိုင်းဆိုင်ရာနည်းပညာတွေကို အခု Vision-S မှာ တစ်စုတစည်းတည်းတွေမြင့်နိုင်ပြီး အနာဂတ်မျိုးဆက်လျှပ်စစ်ကားတွေမှာ ဒါတွေကို အသုံးပြုသွားမှာပါ။ Sony ဟာ သူတို့ရဲ့အဲဒီလိုနည်းပညာတွေကို ဂျပန်ကားထုတ်လုပ်သူတွေဆီ ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ပေမဲ့ နည်းပညာအားလုံးကို တစ်နေရာတည်းပေါင်းစပ်ပြီး အသစ်ဖန်တီးပြချင်နေပုံရပါပဲ။
Vision-S မှာ ယာဉ်မောင်းအကူစနစ်အတွက် ကားရဲ့အနီးဝန်းကျင်က လူနဲ့ တခြားယာဉ်တွေကို အာရုံခံပေးနိုင်မယ့် ဆင်ဆာ (၃၃) ခုကို ကားအတွင်းနဲ့ အပြင်နှစ်နေရာစလုံးမှာ တပ်ဆင်ပေးထားပါတယ်။ 360 Reality Audio ကိုထည့်သွင်းပေးထားလို့ အရည်အသွေးကောင်းမွန်လှတဲ့အသံကို ကားရဲ့ထိုင်ခုံတိုင်းမှာရှိနေတဲ့ speakerတွေ ကနေတစ်ဆင့် ခံစားနိုင်ပါလိမ့်မယ်။ ကားအစိတ်အပိုင်းတွေဖန်တီးထုတ်လုပ်သူ Magna က ဆန်းသစ်ဖန်တီးထားတဲ့ EV platform ကိုအခြေခံထားတာဖြစ်လို့ SUV လို တခြားယာဉ်တွေကို power ဖြည့်ပေးနိုင်စွမ်းရှိကြောင်း Sony က ပြောထားပါသေးတယ်။
Concept အနေနဲ့ပဲ ဖန်တီးပြသခဲ့တာဖြစ်တာကြောင့် ထုတ်လုပ်ရောင်းချဖို့ရည်ရွယ်ထားပြီလို့တော့ယူဆလို့မရနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် Sony ရဲ့ကားတွေကို လမ်းပေါ်မှာ မြင်တွေ့ရဖို့မရှိသေးပေမဲ့လည်း Sony နဲ့ တခြားဂျပန်ကားထုတ်လုပ်သူတွေဆီကနေ အခု Vision-S လိုမျိုး Concept တွေကို ထပ်မြင်တွေ့ရဦးမှာကတော့ သေချာသလောက်ရှိနေပါတယ်။
Zawgyi Version…
2020 CES မွာ အားလုံးကိုအံ့အားသင့္ေစခဲ့တဲ့ Sony ရဲ႕Vision-S လွ်ပ္စစ္ကား
လတ္စ္ေဗးဂတ္မွာက်င္းပတဲ့ 2020 CES မွာ အားလုံးကို အံ့ၾသမင္သက္သြားေစခဲ့တာကေတာ့ Sony ပါ။ ကြန္ပ်ဴတာနဲ႔ စမတ္ဖုန္းနယ္ပယ္မွာက်င္လည္ရာကေန ကားထုတ္လုပ္ေရးဘက္ကိုပါေျခလွမ္းစတင္လိုက္တဲ့ Sony က သူတို႔ရဲ႕ လက္ရာ Vision-S လွ်ပ္စစ္ကားကို ထုတ္ေဖာ္ျပသလိုက္တာျဖစ္ပါတယ္။
Sony ရဲ႕ စက္႐ုပ္ေခြးေလး Aibo ကိုဖန္တီးခဲ့တဲ့ AI နဲ႔ robotics team ကပဲ Vision-S ကို ဖန္တီးထားတာျဖစ္ကာ ကားရဲ႕ code name ကို Safety Cocoon လို႔ေပးထားၿပီး စမ္းသပ္ေမာင္းႏွင္ၿပီး ျဖစ္ေပမဲ့လည္း တကယ့္နာမည္ကိုေတာ့ အခုခ်ိန္ထိမသတ္မွတ္ရေသးပါဘူး။
Sony ရဲ႕နာမည္ေက်ာ္နည္းပညာေတြျဖစ္ေနတဲ့ ဆင္ဆာနည္းပညာ၊ ပုံရိပ္ေဖာ္ျပမႈနည္းပညာနဲ႔ ေဖ်ာ္ေျဖ ေရးပိုင္းဆိုင္ရာနည္းပညာေတြကို အခု Vision-S မွာ တစ္စုတစည္းတည္းေတြျမင့္ႏိုင္ၿပီး အနာဂတ္မ်ိဳးဆက္လွ်ပ္စစ္ကားေတြမွာ ဒါေတြကို အသုံးျပဳသြားမွာပါ။ Sony ဟာ သူတို႔ရဲ႕အဲဒီလိုနည္းပညာေတြကို ဂ်ပန္ကားထုတ္လုပ္သူေတြဆီ ေထာက္ပံ့ေပးအပ္ထားၿပီးျဖစ္ေပမဲ့ နည္းပညာအားလုံးကို တစ္ေနရာတည္းေပါင္းစပ္ၿပီး အသစ္ဖန္တီးျပခ်င္ေနပုံရပါပဲ။
Vision-S မွာ ယာဥ္ေမာင္းအကူစနစ္အတြက္ ကားရဲ႕အနီးဝန္းက်င္က လူနဲ႔ တျခားယာဥ္ေတြကို အာ႐ုံခံေပးႏိုင္မယ့္ ဆင္ဆာ (၃၃) ခုကို ကားအတြင္းနဲ႔ အျပင္ႏွစ္ေနရာစလုံးမွာ တပ္ဆင္ေပးထားပါတယ္။ 360 Reality Audio ကိုထည့္သြင္းေပးထားလို႔ အရည္အေသြးေကာင္းမြန္လွတဲ့အသံကို ကားရဲ႕ထိုင္ခုံတိုင္းမွာရွိေနတဲ့ speakerေတြ ကေနတစ္ဆင့္ ခံစားႏိုင္ပါလိမ့္မယ္။ ကားအစိတ္အပိုင္းေတြဖန္တီးထုတ္လုပ္သူ Magna က ဆန္းသစ္ဖန္တီးထားတဲ့ EV platform ကိုအေျခခံထားတာျဖစ္လို႔ SUV လို တျခားယာဥ္ေတြကို power ျဖည့္ေပးႏိုင္စြမ္းရွိေၾကာင္း Sony က ေျပာထားပါေသးတယ္။
Concept အေနနဲ႔ပဲ ဖန္တီးျပသခဲ့တာျဖစ္တာေၾကာင့္ ထုတ္လုပ္ေရာင္းခ်ဖို႔ရည္႐ြယ္ထားၿပီလို႔ေတာ့ယူဆလို႔မရႏိုင္ပါဘူး။ ဘာပဲျဖစ္ျဖစ္ Sony ရဲ႕ကားေတြကို လမ္းေပၚမွာ ျမင္ေတြ႕ရဖို႔မရွိေသးေပမဲ့လည္း Sony နဲ႔ တျခားဂ်ပန္ကားထုတ္လုပ္သူေတြဆီကေန အခု Vision-S လိုမ်ိဳး Concept ေတြကို ထပ္ျမင္ေတြ႕ရဦးမွာကေတာ့ ေသခ်ာသေလာက္ရွိေနပါတယ္။