Zawgyi Version…
၂၀၂၀ ေမာ္ဒယ္ Ford Explorer တြင္ Michelin ၏ Selfseal Tires ကုိအသုံးျပဳမည္ျဖစ္ေသာေၾကာင့္ ကားဘီး ေပါက္ျခင္းကုိ ကားဘီးေပါက္ျခင္းကုိ ၉၀ရာခုိင္ႏွဳန္းအထိ အလုိအေလ်ာက္ျပန္ လည္ျပဳျပင္ေပးႏိုင္သည့္ တာယာသုံးပထမဆုံး SUV 2020 Ford Explorer တာယာသုံးပထမဆုံး SUV ေမာ္ဒယ္ျဖစ္လာမည္ျဖစ္ သည္။ အဆုိပါနည္းပညာမွာ သဘာဝပတ္ဝန္းက်င္ကုိ လည္းထိ ခုိက္ေစျခင္းမရွိသည့္ ၾကက္ေပါင္ေစးမ်ားကုိ tubeless တာယာမ်ားအတြင္း၌ထည့္သြင္းေပး ထားျခင္းျဖစ္ျပီး ထုိအရာမ်ားက ဘီးအတြင္းသုိ႔ သံမ်ား၊ ဝက္ အူ မ်ား ၊ အျခား တစ္လက္မ၏ ၄ပုံ ၁ ပုံ အခ်င္းမေက်ာ္ေသာ အခြ်န္အတက္မ်ားစူးနစ္ ဝင္ေရာက္လာလွ်င္လည္း အတြင္းမွေလမထြက္ေစရန္ မိမိဘာသာျပန္လည္ျပဳျပင္ေပးႏိုင္သည့္အျပင္ စူးဝင္ေနေသာအခြ်န္မ်ား ဆြဲႏွဳတ္ လုိက္လွ်င္လည္း ျပန္လည္ဖာေထးရန္လုိအပ္မည္မဟုတ္ေပ။ ထုိနည္းပညာကုိ 2017 EV Chevrolet Bolt တြင္ သီးသန္႔အေနျဖင့္တပ္ဆင္ခဲ့ဖူးျပီး ယခုမွ SUV ေမာ္ဒယ္အတြက္ပထမဆုံး အၾကိမ္ထုတ္လုပ္ျခင္း လည္းျဖစ္ သည္။ထုိနည္းပညာမွာ စက္ဘီးမ်ားတြင္အသုံးျပဳေနၾကသည္မွာ အခ်ိန္ၾကာျမင့္ခဲ့ျပီျဖစ္ျပီး အထူးသျဖင့္ေတာင္ တက္စက္ဘီးမ်ားအတြက္ အဓိကအသုံးျပဳခဲ့ၾကသည္။

ထုိတာယာမွာဘီးလည္ပတ္မွဳေၾကာင့္ စြမ္းအင္ဆုံးရွဳံးမွဳ ကုိေလွ်ာ့ခ်ႏိုင္ေသာ အဆင့္ျမင့္နည္း ပညာပါရွိပါသည္။ Ford ၏ေျပာဆုိမွဳအရ ၎တာယာနည္းပညာမွာ ခရီးလမ္းမ်ားကုိ အဆက္ မျပတ္ေမာင္းႏွင္ႏိုင္ျပီး ကားတာယာကုိအေႏွာင့္အယွက္ေပးႏိုင္ေသာ စူးခြ်န္မ်ားအား ေၾကာက္စရာမလုိေတာ့ေသာ္လည္း တာယာ အေပါက္ျဖစ္ဖူးျခင္း၊ေလေလ်ာ့ေနျခင္းမ်ားကုိရွာေဖြေတြ႔ရွိခဲ့လွ်င္ တာယာျပဳျပင္သည့္ဆုိင္မ်ားတြင္စစ္ေဆးၾကည့္သင့္ေၾကာင္း ဆုိထားသည္။ ထုိ Selfseal Tires မွာ ၂၀၂၀ ေမာ္ဒယ္ Ford Explorer တြင္ Platinum ႏွင့္ Limited Hybrid 4WD ဂရိတ္မ်ား၌သာပါဝင္မည္ျဖစ္ျပီး Limited 2WD ႏွင့္ အျခား 4 WD trims မ်ားအတြက္ Option အေနျဖင့္မွာယူတပ္ဆင္ႏိုင္မည္ျဖစ္သည္။ တာယာမ်ား၏ ဆုိက္မွာ 255/55R-20 ျဖစ္ျပီး ယခု Explorer အသစ္တြက္ all new rear wheel drive architecture ကုိ Ford ေမာ္ဒယ္မ်ားထဲတြင္ပထမဆုံးအသုံးျပဳလာမည္ျဖစ္သည္။ ၎တြင္ standard, XLT, Limited, Limited Hybrid, ST ႏွင့္ Platinum Trim အခြဲမ်ားစြာထြက္ရွိမည္ျဖစ္ျပီး အေျခခံ Trim , XLT ႏွင့္ Limited ေမာ္ဒယ္မ်ားအတြက္ ျမင္းေကာင္ေရ 300 ႏွင့္ ရုန္းအား 310 lb.-ft ထြက္မည့္ 2.3-liter engine ကုိသုံးမည္ျဖစ္ကာ Platinum Trim မ်ားအတြက္မူ ျမင္းေကာင္ေရ 365 ႏွင့္ ရုန္းအား 380 lb.-ft ရွိေသာ 3.0-liter turbocharged EcoBoost V6 အင္ဂ်င္ကုိသုံးစြဲမည္ဟုသိရသည္။ US Market တြင္ ၎၏ starting price မွာ အေမရိကန္ေဒၚလာ 33,000 သာရွိမည္ဟု သိရသည္။

Unicode Version…

ကားဘီးပေါက်ခြင်းကို ၉၀ရာခိုင်နှုန်းအထိ အလိုအလျောက်ပြန်လည်ပြုပြင်ပေးနိုင်သည့် တာယာသုံးပထမဆုံး SUV 2020 Ford Explorer
၂၀၂၀ မော်ဒယ် Ford Explorer တွင် Michelin ၏ Selfseal Tires ကိုအသုံးပြုမည်ဖြစ်သောကြောင့် ကားဘီး ပေါက်ခြင်းကို ၉၀ရာခိုင်နှုန်းအထိ အလိုအလျောက်ပြန်လည်ပြုပြင်ပေးနိုင်သည့် တာယာသုံးပထမဆုံး SUV မော်ဒယ်ဖြစ်လာမည်ဖြစ် သည်။ အဆိုပါနည်းပညာမှာ သဘာဝပတ်ဝန်းကျင်ကို လည်းထိ ခိုက်စေခြင်းမရှိသည့် ကြက်ပေါင်စေးများကို tubeless တာယာများအတွင်း၌ထည့်သွင်းပေး ထားခြင်းဖြစ်ပြီး ထိုအရာများက ဘီးအတွင်းသို့ သံများ၊ ဝက် အူ များ ၊ အခြား တစ်လက်မ၏ ၄ပုံ ၁ ပုံ အချင်းမကျော်သော အချွန်အတက်များစူးနစ် ဝင်ရောက်လာလျှင်လည်း အတွင်းမှလေမထွက်စေရန် မိမိဘာသာပြန်လည်ပြုပြင်ပေးနိုင်သည့်အပြင် စူးဝင်နေသောအချွန်များ ဆွဲနှုတ် လိုက်လျှင်လည်း ပြန်လည်ဖာထေးရန်လိုအပ်မည်မဟုတ်ပေ။ ထိုနည်းပညာကို 2017 EV Chevrolet Bolt တွင် သီးသန့်အနေဖြင့်တပ်ဆင်ခဲ့ဖူးပြီး ယခုမှ SUV မော်ဒယ်အတွက်ပထမဆုံး အကြိမ်ထုတ်လုပ်ခြင်း လည်းဖြစ် သည်။ထိုနည်းပညာမှာ စက်ဘီးများတွင်အသုံးပြုနေကြသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အထူးသဖြင့်တောင် တက်စက်ဘီးများအတွက် အဓိကအသုံးပြုခဲ့ကြသည်။

ထိုတာယာမှာဘီးလည်ပတ်မှုကြောင့် စွမ်းအင်ဆုံးရှုံးမှု ကိုလျှော့ချနိုင်သော အဆင့်မြင့်နည်း ပညာပါရှိပါသည်။ Ford ၏ပြောဆိုမှုအရ ၎င်းတာယာနည်းပညာမှာ ခရီးလမ်းများကို အဆက် မပြတ်မောင်းနှင်နိုင်ပြီး ကားတာယာကိုအနှောင့်အယှက်ပေးနိုင်သော စူးချွန်များအား ကြောက်စရာမလိုတော့သော်လည်း တာယာ အပေါက်ဖြစ်ဖူးခြင်း၊လေလျော့နေခြင်းများကိုရှာဖွေတွေ့ရှိခဲ့လျှင် တာယာပြုပြင်သည့်ဆိုင်များတွင်စစ်ဆေးကြည့်သင့်ကြောင်း ဆိုထားသည်။ ထို Selfseal Tires မှာ ၂၀၂၀ မော်ဒယ် Ford Explorer တွင် Platinum နှင့် Limited Hybrid 4WD ဂရိတ်များ၌သာပါဝင်မည်ဖြစ်ပြီး Limited 2WD နှင့် အခြား 4 WD trims များအတွက် Option အနေဖြင့်မှာယူတပ်ဆင်နိုင်မည်ဖြစ်သည်။ တာယာများ၏ ဆိုက်မှာ 255/55R-20 ဖြစ်ပြီး ယခု Explorer အသစ်တွက် all new rear wheel drive architecture ကို Ford မော်ဒယ်များထဲတွင်ပထမဆုံးအသုံးပြုလာမည်ဖြစ်သည်။ ၎င်းတွင် standard, XLT, Limited, Limited Hybrid, ST နှင့် Platinum Trim အခွဲများစွာထွက်ရှိမည်ဖြစ်ပြီး အခြေခံ Trim , XLT နှင့် Limited မော်ဒယ်များအတွက် မြင်းကောင်ရေ 300 နှင့် ရုန်းအား 310 lb.-ft ထွက်မည့် 2.3-liter engine ကိုသုံးမည်ဖြစ်ကာ Platinum Trim များအတွက်မူ မြင်းကောင်ရေ 365 နှင့် ရုန်းအား 380 lb.-ft ရှိသော 3.0-liter turbocharged EcoBoost V6 အင်ဂျင်ကိုသုံးစွဲမည်ဟုသိရသည်။ US Market တွင် ၎င်း၏ starting price မှာ အမေရိကန်ဒေါ်လာ 33,000 သာရှိမည်ဟု သိရသည်။