Zawgyi Version…

Unicode Version…

Twin Turbo V6 Engine သုံး Ford Explorer PHEV ကိုစတင်မိတ်ဆက်
Ford သည် ၎င်း၏ New 2020 Explorer Model ကို မိတ်ဆက်ခဲ့ပြီး ယခုအခါ ဥရောပဈေးကွက်အတွက် 2020 Explorer Model အား PHEV အနေဖြင့် ထုတ်လုပ်မည်ဖြစ်သည်။ ၎င်း၏ Powertrain သည် အမေရိကန်တွင်ရောင်းချသည့် Lincoln Aviator PHEV နှင့် တူညီမည်ဖြစ်ပြီး ( 3.0 L Twin Turbo V6 Engine ) အင်ဂျင်စနစ်နှင့် လျှပ်စစ်မော် တာ တို့ပေါင်းစပ်ထားမည်ဖြစ်ကာ Total Output အနေဖြင့် ( 450 hp ) ထွက်ရှိမည်ဖြစ်သည်။ Explorer ST တွင် Plug – in Hybrid စနစ်ပါရှိ မည်ဖြစ်ပြီး ( 400 hp ) Output ထွက်ရှိမည်။ အဆိုပါ Explorer PHEV အား အမေရိကန် ဈေးကွက်သို့ ရောင်းချမည်မဟုတ်ပါ ။ အဘယ်ကြောင့်ဆိုသော် U.S တွင် Explorer PHEV နှင့် တူညီသည် Lincoln Aviator PHEV ရှိနှင့်နေပြီးဖြစ်ပြီး Ford သည် Lincoln Model အား ဥရောပသို့ ရောင်းချခြင်းမရှိသည့်အတွက် Europe Customer များတွက် Explorer PHEV ကို အစားထိုး ရောင်းချခြင်းဖြစ်သည်။ Explorer PHEV တွင် ST- line မှ Platinum Trim အထိ Trim Level များရရှိနိုင်ပြီး Trim အားလုံးတွင် အင်ဂျင်စနစ်တူညီမည်ဖြစ်သည်။ EV Model ဖြင့် ခရီး (၂၅ မိုင် ) ခန့် သီးသန့်အသုံးပြုနိုင်ပါမည်။ 2020 Ford Explorer PHEV ၏ နည်းပညာ / ပါဝင်မှုနှင့် လုံခြုံရေး စနစ်များသည် သမားရိုးကျ Explorer Model နှင့် တူညီမည်ဟုသိရသည်။