နည္းပညာသစ္မ်ား ပါဝင္လာသည့္ 2020 Hyundai Sonata Hybrid

2020 Hyundai Sonata Hybrid Model သည္ ထူးျခားသည့္ပါ၀င္မႈမ်ားျဖင့္ ထြက္ရွိလာၿပီး အျပင္ဖက္ဒီဇိုင္း သည္ Aerodynamic ကိုယ္ထည္တြင္ သြယ္လွၿပီးထူးျခားေပၚလြင္သည့္ Grille ႏွင့္ အတူေသးငယ္သည့္ Trunk Lid Spoiler တို႔ပါ၀င္မည္ျဖစ္သည္။
Global သို႔ တင္ပို႔သည့္ Sonata င့္ Sonata Hybrid တို႔သည္ အနည္းငယ္ကြဲလြဲမည္ျဖစ္ၿပီး U.S ေစ်းကြက္သို႔ တင္ပို႔မည့္ Sonata Hybrid အားလုံးသည္ တူညီမည္ျဖစ္ေသာ္လည္း ပုံမွန္ Sonata Model မ်ားႏွင့္ ကြဲလြဲပါမည္။
အသစ္ထြက္ရွိလာသည့္ Sonata Hybrid Model တြင္ (Solar Roof ) အား ပထမဆုံးအေနျဖင့္ ထည့္သြင္းထားမည္ျဖစ္ၿပီး Hybrid ကားမ်ားတြင္ Toyota Prius ကဲ့သို႔ Model မ်ား၌ အဆိုပါ Solar Roof မ်ားကို တပ္ဆင္ေလ့ရွိပါသည္။
အဆိုပါSolar Roof မွ ေနေရာင္ျခည္ကို ၆ နာရီမွ် ရယူရုံျဖင့္ တေန႔တာလွ်ပ္စစ္အသုံးျပဳမႈအား ၂ နာရီခန္႔ ပို၍သုံးစြဲႏိုင္ပါမည္။ ၎တြင္ ( 2.0 L I4 Engine ) ၊ ( 151 hp ) အင္ဂ်င္ႏွင့္ ( 38 kw ) လွ်ပ္စစ္ေမာ္တာတို႔တြဲဖက္ထားၿပီး ( Updated 6 – Speed Auto gear ) ကိုလည္းတပ္ဆင္ထားၿပီး ( Active Shift Control ) ဟု Hyundai မွ သတ္မွတ္ပါသည္။
အဆုိပါ ဂီယာစနစ္သည္ Hybrid Model အတြက္ အထူးသင့္ေတာ္မႈရွိၿပီး ဂီယာကူးေျပာင္းျခင္းအား ( 500 milliseconds ) မွ ( 350 milliseconds ) အထိေလွ်ာ့ခ်ထားပါသည္။ 2020 Hyundai Sonata အား ယခုႏွစ္တြင္ စတင္ေရာင္းခ်မည္ျဖစ္ၿပီး ေစ်းႏႈန္းသည္ USD 25000 ၀န္းက်င္ျဖင့္ ( U.S ) ေစ်းကြက္၌ ေရာင္းခ်မည္ျဖစ္သည္။

Unicode Version….

နည်းပညာသစ်များ ပါဝင်လာသည့် 2020 Hyundai Sonata Hybrid
2020 Hyundai Sonata Hybrid Model သည် ထူးခြားသည့်ပါဝင်မှုများဖြင့် ထွက်ရှိလာပြီး အပြင်ဖက်ဒီဇိုင်း သည် Aerodynamic ကိုယ်ထည်တွင် သွယ်လှပြီးထူးခြားပေါ်လွင်သည့် Grille နှင့် အတူသေးငယ်သည့် Trunk Lid Spoiler တို့ပါဝင်မည်ဖြစ်သည်။
Global သို့ တင်ပို့သည့် Sonata င့် Sonata Hybrid တို့သည် အနည်းငယ်ကွဲလွဲမည်ဖြစ်ပြီး U.S ဈေးကွက်သို့ တင်ပို့မည့် Sonata Hybrid အားလုံးသည် တူညီမည်ဖြစ်သော်လည်း ပုံမှန် Sonata Model များနှင့် ကွဲလွဲပါမည်။
အသစ်ထွက်ရှိလာသည့် Sonata Hybrid Model တွင် (Solar Roof ) အား ပထမဆုံးအနေဖြင့် ထည့်သွင်းထားမည်ဖြစ်ပြီး Hybrid ကားများတွင် Toyota Prius ကဲ့သို့ Model များ၌ အဆိုပါ Solar Roof များကို တပ်ဆင်လေ့ရှိပါသည်။
အဆိုပါSolar Roof မှ နေရောင်ခြည်ကို ၆ နာရီမျှ ရယူရုံဖြင့် တနေ့တာလျှပ်စစ်အသုံးပြုမှုအား ၂ နာရီခန့် ပို၍သုံးစွဲနိုင်ပါမည်။ ၎င်းတွင် ( 2.0 L I4 Engine ) ၊ ( 151 hp ) အင်ဂျင်နှင့် ( 38 kw ) လျှပ်စစ်မော်တာတို့တွဲဖက်ထားပြီး ( Updated 6 – Speed Auto gear ) ကိုလည်းတပ်ဆင်ထားပြီး ( Active Shift Control ) ဟု Hyundai မှ သတ်မှတ်ပါသည်။
အဆိုပါ ဂီယာစနစ်သည် Hybrid Model အတွက် အထူးသင့်တော်မှုရှိပြီး ဂီယာကူးပြောင်းခြင်းအား ( 500 milliseconds ) မှ ( 350 milliseconds ) အထိလျှော့ချထားပါသည်။ 2020 Hyundai Sonata အား ယခုနှစ်တွင် စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းသည် USD 25000 ဝန်းကျင်ဖြင့် ( U.S ) ဈေးကွက်၌ ရောင်းချမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here