2020 Jeep Wrangler Eco Diesel Version သည် သီးခြားကဏ္ဍအနေဖြင့် ထုတ်လုပ်သည့် Powertrain ပါရှိသည့် Version ဖြစ်ပြီး ပုံမှန် Wrangler Model များထက် ဆီစားနှုန်းပို၍ အဆင်ပြေရန် ဖန်တီးခြင်းဖြစ်သည်။ EPA ၏ ရလဒ်အရ အဆိုပါ Eco Diesel သည် Highway ၂၉ မိုင် နှင့် မြို့တွင်း ၂၂ မိုင်ခန့်အသုံးပြုနိုင်မည်ဖြစ်သည်။ 2020 Wrangler Eco Diesel သည် တံခါး (၄)ပေါက် Model ဖြစ်ပြီး Automatic Gear တွဲဖက်ထားကာ Diesel V6 Engine ကိုတပ်ဆင် ထားမည် ဖြစ်ပြီး တံခါး(၂)ပေါက် Model တွင် Diesel I4 Engine ကို တပ်ဆင်ထားပါမည်။ ယခု Jeep ၏ Eco Diesel သည် Dodge Ram 1500 Eco Diesel ထက်စွမ်းဆောင်ရည်ပို၍ ကောင်းမွန်မှုရှိပြီး ဆီစားနှုန်းလည်း ပို၍သက်သာမည် ဖြစ်သည်။ Ram 1500 Eco Diesel သည် Full –size Truck Model ဖြစ်ပါသည်

Zawgyi Version…
2020 Jeep Wrangler ၏ Eco Diesel အား Economical အဖြစ်ဆုံးအင်ဂျင်အနေဖြင့် ထုတ်လုပ်မည်
