Zawgyi Version…

Kia သည္ ၿပိဳင္ကားပရိတ္သတ္မ်ားအတြက္ လိေမၼာ္ေရာင္အထူးဖန္တီးမႈျဖင့္ ထုတ္လုပ္ထားၿပီး Drift Mode အားျဖည့္ထားသည့္ 2020 Kia Stinger GTS ကို ထုတ္လုပ္ေရာင္းခ်သြားမည္ဟု သိရသည္။

2020 Kia Stinger GTS သည္ Kia ၏ ထူးျခားသည့္ D-AWD စနစ္ႏွင့္ Drift Mode ပါ ေပါင္းစပ္ဖန္တီးထားျခင္းက sports sedan ကားမ်ားထဲတြင္ လူစိတ္ဝင္စားမႈကို ရရိွလာႏုိင္ေျခရိွေနသည္။

D-AWD စနစ္မွာ Stinger ၏ rear-biased AWD စနစ္ႏွင့္ ကြာျခားခ်က္အမ်ားအျပား မရိွ ေသာ္လည္း အဓိက အားသာခ်က္က Modes ေရြးခ်ယ္ရာတြင္ အင္ဂ်င္႐ုန္းအားကို ေနာက္ဘီးမ်ားဆီ ပို႔ရာမွာ ေရြးခ်ယ္ထိန္းခ်ဳပ္သြားႏုိင္မည္ျဖစ္သည္။

Twin-turbo 3.3-liter V-6 တပ္ဆင္ထားသည့္ 2020 Kia Stinger တြင္ comfort mode ၌ အင္ဂ်င္ပါဝါ၏ ၆၀ %၊ Sport Mode အတြက္ အင္ဂ်င္ပါဝါ ၈၀% ႏွင့္ Drift Mode အတြက္ အင္ဂ်င္ပါဝါ ရာႏႈန္းျပည့္ ေနာက္ဘီးမ်ားကို ေထာက္ပံ့ေပးမည္ျဖစ္သည္။

Kia က 2020 Kia Stinger GTS ၏ Modes အလိုက္ေမာင္းႏွင္မႈပိုင္းမွာလည္း တည္ၿငိမ္စြာေမာင္း ႏွင္ႏုိင္မႈ၊ စနစ္အသစ္ႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစမည့္ စတီယာရင္ စသည့္ နည္းပညာပိုင္းမ်ားကိုလည္း ျမွင့္တင္ထားသည္။
Kia အေနႏွင့္ လာမည့္ေႏြဦး သို႔မဟုတ္ ေႏြရာသီတြင္ GTS RWD အတြက္ ကန္ေဒၚလာ ၄၄,၉၉၅ ႏွင့္ GTS D-AWD အတြက္ ကန္ေဒၚလာ ၄၇,၄၉၅ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်သြားဖြယ္ရွိေနသည္။

Unicode Version…

လိမ္မော်ရောင်အထူးဖန်တီးမှုဖြင့် Drift Mode ပါဝင်လာသည့် 2020 Kia Stinger GTS

Kia သည် ပြိုင်ကားပရိတ်သတ်များအတွက် လိမ္မော်ရောင်အထူးဖန်တီးမှုဖြင့် ထုတ်လုပ်ထားပြီး Drift Mode အားဖြည့်ထားသည့် 2020 Kia Stinger GTS ကို ထုတ်လုပ်ရောင်းချသွားမည်ဟု သိရသည်။

2020 Kia Stinger GTS သည် Kia ၏ ထူးခြားသည့် D-AWD စနစ်နှင့် Drift Mode ပါ ပေါင်းစပ်ဖန်တီးထားခြင်းက sports sedan ကားများထဲတွင် လူစိတ်ဝင်စားမှုကို ရရှိလာနိုင်ခြေရှိနေသည်။

D-AWD စနစ်မှာ Stinger ၏ rear-biased AWD စနစ်နှင့် ကွာခြားချက်အများအပြား မရှိ သော်လည်း အဓိက အားသာချက်က Modes ရွေးချယ်ရာတွင် အင်ဂျင်ရုန်းအားကို နောက်ဘီးများဆီ ပို့ရာမှာ ရွေးချယ်ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။

Twin-turbo 3.3-liter V-6 တပ်ဆင်ထားသည့် 2020 Kia Stinger တွင် comfort mode ၌ အင်ဂျင်ပါဝါ၏ ၆၀ %၊ Sport Mode အတွက် အင်ဂျင်ပါဝါ ၈၀% နှင့် Drift Mode အတွက် အင်ဂျင်ပါဝါ ရာနှုန်းပြည့် နောက်ဘီးများကို ထောက်ပံ့ပေးမည်ဖြစ်သည်။

Kia က 2020 Kia Stinger GTS ၏ Modes အလိုက်မောင်းနှင်မှုပိုင်းမှာလည်း တည်ငြိမ်စွာမောင်း နှင်နိုင်မှု၊ စနစ်အသစ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် စတီယာရင် စသည့် နည်းပညာပိုင်းများကိုလည်း မြှင့်တင်ထားသည်။
Kia အနေနှင့် လာမည့်နွေဦး သို့မဟုတ် နွေရာသီတွင် GTS RWD အတွက် ကန်ဒေါ်လာ ၄၄,၉၉၅ နှင့် GTS D-AWD အတွက် ကန်ဒေါ်လာ ၄၇,၄၉၅ ဈေးနှုန်းများဖြင့် ရောင်းချသွားဖွယ်ရှိနေသည်။