Jaguar Land Rover India က Luxury Off-roader 2020 Land Rover Defender Model သစ်ကို အိန္ဒိယပြည်တွင်းဈေးကွက်မှာ စတင်မိတ်ဆက်ပေးလိုက်ပြီး booking တွေကိုလည်း စလက်ခံနေပြီဖြစ်ပါတယ်။
Power 300 PS နဲ့ 400 Nm of peak torque ထွက် 2.0-litre petrol engine ကိုအသုံးပြုထားပါတဲ့ 2020 Land Rover Defender ကို three-door (90) နဲ့ five-door (110) ဆိုတဲ့ configuration ၂ မျိုးရရှိနိုင်မှာပါ။ S, SE, HSE and First Edition across 90 and 110 စတဲ့ grade ၅ မျိုးနည်းတူပဲ New generation Land Rover Defender ကိုလည်း ဝယ်သူစိတ်ကြိုက် accessories နဲ့ features တွေထည့်သွင်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။
360° surround camera, Wade sensing, Smartphone pack, Connected navigation pro, off-Road tyres တွေပါဝင်ဖွဲ့စည်းထားပြီး အဆင့်မြင့် Driver Assistive System, Driver focussed Infotainment Systemနဲ့ Safety Technology တွေလည်းပါဝင်မှာဖြစ်ပါတယ်။ 2020 LR Defender ရဲ့centre console မှာ Refrigerated compartment ကို option အဖြစ်တပ်ဆင်နိုင်ပြီး Land Rover Defender 110 မှာတော့ Electronic Air Suspension က standard အနေနဲ့ပါဝင်လာမှာပါ။ Central differential, active locking rear diff, permanent AWD, ClearSight Ground View technology တွေကတော့ ထူးထူးခြားခြားဖြစ်နေတဲ့ feature တွေလို့ဆိုရမှာပါပဲ။
2020 Defender က အမြန်နုှန်းနဲ့ အဆင့်မြင့်နည်းပညာပိုင်းမှာ ဘယ်သူနဲ့မဆိုသာသာယာယာယှဉ်နိုင်တဲ့အနေအထားပါပဲ။ Aluminium Monocoque သုံး D7x architecture နဲ့ဖန်တီးထားလို့ အရင်မော်ဒယ်တွေရဲ့ ladder-frame chassis ထက် ၃ ဆ ပိုကြံ့ခိုင်ကြောင်း အာမခံထားသလို Extreme Event Test လည်းပြုလုပ်စမ်းသပ်ထားပြီးဖြစ်ပါတယ်။
2020 Land Rover Defender ရဲ့ ဈေးနုှန်းကိုတော့ $ 97720 သတ်မှတ်ထားပြီး Global Market မှာ mild-hybrid petrol engine နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
(Zawgyi)
2020 Land Rover Defender ရဲ့ ဈေးနှုန်းကိုတော့ $ 97720 သတ်မှတ်ထားပြီး Global Market မှာ mild-hybrid petrol engine နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Ref: GaadiWaadi.com
Thiha