ထူးခြားမှုများဖြင့် ထွက်ရှိလာသည့် 2020 Land Rover Defender

မျိုးဆက်သစ် Model အဖြစ် ထွက်ရှိလာသည့် 2020 Defender သည် Land Rover ၏ ဂန္တဝင် Model ဖြစ်ပြီး ( 2 door 90 ) နှင့် ( 4 door 110 ) ဟူ၍ ထုံးစံအတိုင်း ပုံစံ ( ၂ ) မျိုးဖြင့် ထွက်ရှိလာပါသည်။ လုံးဝအသစ်ပုံစံဖြစ်သည့် ဒီဇိုင်းဖန်တီးမှုအား Defender အသစ်တွင် ခံစားရမည်ဖြစ်ပြီး 2 – box shape အား ခေတ်ဆန်ဆန်ဖြင့် ဖန်တီးထားကာ အရှေ့မီးလုံးကြီးမှ အစပြု၍ Square – off Shape ပုံစံရှိသည့် ကားကိုယ်ထည်နှင့်အတူ ထောင့်မှန်ပုံစံ အနောက်ဖက် ဒီဇိုင်းတို့သည် Defender အား ခေတ်ဆန်ခြင်းနှင့် ခန့်ညားမှုတို့ကို ပေါ်လွင်စေပါမည်။ အရှေ့ဘက် Grille တွင် မျက်မှောက်ခေတ် Land Rover ကားများအတိုင်း Single Bar Across ပုံစံများပါရှိပါမည်။ C – pillar ကိုလည်း ထူးခြားသည့် ဒီဇိုင်းဖြင့် ဖန်တီးထားပါသည်။ New Defender အား All – Aluminum Chassis ဖြင့် ပြုလုပ်ထားပြီး D 7 x Platform တွင် အခြေခံဖန်တီးထားပါသည်။ အတွင်းခန်းကို ကျယ်ကျယ်ဝန်းဝန်း နှင့် သပ်ရပ်စွာ ခင်းကျင်းထားပြီး cantor Console နှင့် တံခါးများတွင် သစ်သားများ ဘောင်ကွပ်ထားပါသည်။ Defender 110 တွင် တတိယထိုင်ခုံတန်းကို မှာယူရနိုင်ပြီး Defender 90 သည် ခုံတန်း ( ၂ ) တန်း ပုံစံဖြစ်မည်။ အင်ဂျင်အနေဖြင့် ( Turbocharged I4 Engine ) ၊ ( 296 hp ) အား Defender 110 တွင်၎င်း ၊ ( 48 – volt mild – hybrid Turbocharged I6 Engine ) ( 395 hp ) အား Defender 90 တွင်၎င်း တပ်ဆင်ထားမည် ဖြစ်ပြီး အင်ဂျင်များတွင် ( ZF 8 – speed Automatic Gearbox ) ကို တွဲဖက်ထားပါမည်။ Land Rover Defender ကားအသစ်အား အမေရိကန်သို့ ၂၀၂၀ နွေဦးရာသီတွင် စတင်ရောင်းချမည်ဖြစ်ပြီး Defender 110 အား ( USD 50925 ) ခန့်ဖြင့် ရောင်းချမည်ဖြစ်ပြီး Defender 90 ၏ ဈေးနှုန်းအား ထုတ်ပြန်ခြင်းမရှိသေးပေ။

Zawgyi Version….

ထူးျခားမႈမ်ားျဖင့္ ထြက္ရွိလာသည့္ 2020 Land Rover Defender
မ်ဳိးဆက္သစ္ Model အျဖစ္ ထြက္ရွိလာသည့္ 2020 Defender သည္ Land Rover ၏ ဂႏၱ၀င္ Model ျဖစ္ၿပီး ( 2 door 90 ) ႏွင့္ ( 4 door 110 ) ဟူ၍ ထုံးစံအတိုင္း ပုံစံ ( ၂ ) မ်ဳိးျဖင့္ ထြက္ရွိလာပါသည္။ လုံး၀အသစ္ပုံစံျဖစ္သည့္ ဒီဇိုင္းဖန္တီးမႈအား Defender အသစ္တြင္ ခံစားရမည္ျဖစ္ၿပီး 2 – box shape အား ေခတ္ဆန္ဆန္ျဖင့္ ဖန္တီးထားကာ အေရွ႔မီးလုံးႀကီးမွ အစျပဳ၍ Square – off Shape ပုံစံရွိသည့္ ကားကိုယ္ထည္ႏွင့္အတူ ေထာင့္မွန္ပုံစံ အေနာက္ဖက္ ဒီဇိုင္းတို႔သည္ Defender အား ေခတ္ဆန္ျခင္းႏွင့္ ခန္႔ညားမႈတို႔ကို ေပၚလြင္ေစပါမည္။ အေရွ႕ဘက္ Grille တြင္ မ်က္ေမွာက္ေခတ္ Land Rover ကားမ်ားအတိုင္း Single Bar Across ပုံစံမ်ားပါရွိပါမည္။ C – pillar ကိုလည္း ထူးျခားသည့္ ဒီဇိုင္းျဖင့္ ဖန္တီးထားပါသည္။ New Defender အား All – Aluminum Chassis ျဖင့္ ျပဳလုပ္ထားၿပီး D 7 x Platform တြင္ အေျခခံဖန္တီးထားပါသည္။ အတြင္းခန္းကို က်ယ္က်ယ္၀န္း၀န္း ႏွင့္ သပ္ရပ္စြာ ခင္းက်င္းထားၿပီး cantor Console ႏွင့္ တံခါးမ်ားတြင္ သစ္သားမ်ား ေဘာင္ကြပ္ထားပါသည္။ Defender 110 တြင္ တတိယထိုင္ခုံတန္းကို မွာယူရႏိုင္ၿပီး Defender 90 သည္ ခုံတန္း ( ၂ ) တန္း ပုံစံျဖစ္မည္။ အင္ဂ်င္အေနျဖင့္ ( Turbocharged I4 Engine ) ၊ ( 296 hp ) အား Defender 110 တြင္၎ ၊ ( 48 – volt mild – hybrid Turbocharged I6 Engine ) ( 395 hp ) အား Defender 90 တြင္၎ တပ္ဆင္ထားမည္ ျဖစ္ၿပီး အင္ဂ်င္မ်ားတြင္ ( ZF 8 – speed Automatic Gearbox ) ကို တြဲဖက္ထားပါမည္။ Land Rover Defender ကားအသစ္အား အေမရိကန္သို႔ ၂၀၂၀ ေႏြဦးရာသီတြင္ စတင္ေရာင္းခ်မည္ျဖစ္ၿပီး Defender 110 အား ( USD 50925 ) ခန္႔ျဖင့္ ေရာင္းခ်မည္ျဖစ္ၿပီး Defender 90 ၏ ေစ်းႏႈန္းအား ထုတ္ျပန္ျခင္းမရိွေသးေပ။

LEAVE A REPLY

Please enter your comment!
Please enter your name here