

အစင်းရေး ၁၀၀ သာထုတ်လုပ်မည့် 2020 Lexus LC 500 Inspiration Series
( Gold with Flore Yellow ) ဆေးရောင်နှင့် အတူ Alcantara င့် အဖြူရောင် Semi – aniline Leather ထိုင်ခုံများကို လိုက်ဖက်ညီစွာတွဲဖက်ထားသည့် 2020 Lexus LC 500 Inspiration Series တွင် အထူးလက်ရာမြောက်သည့် Nori Green Pearl ဆေးရောင်ကိုလည်း ရရှိနိုင်မည်ဆိုပါက Lexus ချစ်သူများအထူးစိတ်ဝင်စားမည်ဟု ယုံကြည်ပါသည်။
ဆန်းကြယ်နေသည့် အရောင်ရွေးချယ်မှု များတွင် Tan နှင့် Amber ကဲ့သို့ Option များလည်းပါဝင်ပါမည်။ ပုံစံ ( ၁၀ ) မျိုး ပာင်းနိုင်သည့် Semi – aniline သားရေထိုင်ခုံများအား Saddle Ton Leather အား အကွက်ဖေါ်ပုံစံဖြင့်ရနိုင်မည် ဖြစ်ပြီး တံခါးဘောင်များ ၊ Steering ၊ Center Console စသည်ဖြင့် ကားအတွင်းခန်းတခုလုံးတွင် ထည့်သွင်းပေးမည်ဖြစ်သည်။
Brown Cross – Stitching ) အား ထိုင်ခုံများအပြင် အတွင်းခန်းနေရာ အတော်များများတွင် ဂရုတစိုက်ထည့်သွင်းပေးမည်ဖြစ်သည်။ 2020 LC 500 အား US ဈေးကွက်သို့ အစင်းရေ ( ၁၀၀ ) သာ ကန့်သက်ရောင်းချမည်ဖြစ်ပြီး ၎င်းတို့တွင် ( Laser – cut ) ခြေချော်မီးတန်း များ ၊ Geometric Shape များအပါအဝင် ရှားပါးပြီးတန်ဖိုးကြီးသည့် ပါဝင်မှုများကို ထည့်သွင်းထား ပါမည်။ ၎င်းတွင် အင်ဂျင်အား ( 5.0 L V8 Engine ) ၊ ( 471 hp ) အင်ဂျင်နှင့် ( 10 – Speed Auto gear ) တို့ တွဲဖက်ထားမည်ဖြစ်သည်။
၎င်းနှင့် ပတ်သက်သည့် အသေးစိတ်အချက် များအား Lexus မှ ယခုနှစ်ကုန်တွင် ထုတ်ပြန်ကြေငြာမည် ဖြစ်သည်။ ယခု Limited Model ၏ ဈးနှုန်းအား အတိအကျ မသိရှိရသော်လည်း 2019 Lexus LC 500 Inspiration Series အား Lexus မှ ( USD 106, 201) ဖြင့်ရောင်းချခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here