ထိုင်းနိုင်ငံကားဈေးကွက်မှာရောင်းချမယ့် Lexus division ကားသစ် all-new LM 300h ရဲ့ ဈေးနှုန်းကိုတော့ Toyota Motor Thailand က ထုတ်ဖော်ကြေညာလိုက်ပြီဖြစ်ပါတယ်။

လက်ရှိမှာ ကျင်းပချိန်ရွှေ့ဆိုင်းထားရတဲ့ Bangkok motor show မှာ ပွဲဦးထွက်ပြသမယ်လို့ ကနဦးအစီအစဉ်ရှိထားခဲ့တဲ့ Ultra Luxury Minivan LM300h ကို Toyota Motor က ထိုင်းနိုင်ငံကားဈေးကွက်အတွက် Seating configuration နှစ်မျိုးနဲ့ထုတ်လုပ်ရောင်းချသွားမှာပါ။

 

Four-seater Model ကို $ 260284 (6.5 million baht) နဲ့ရောင်းချမှာဖြစ်ပြီး Seven-seater Model ရဲ့ဈေးက Four-seater ထက် $ 31736 (one million baht) လောက် ပိုများမှာပါ။ Seating configuration ကွာတာကလွဲရင်ဒီ နှစ်မျိုးလုံးမှာပါဝင်နေတဲ့ Convenience Item တွေရော Safety Technology ပိုင်းတွေကတော့ အတူတူပဲဖြစ်ပါတယ်။

Thailand ဈေးကွက်ထဲမှာရောင်းချမယ့် LM300h မှာ 197hp 2.5-litre petrol-electric hybrid capable အင်ဂျင်ကိုအသုံးပြုထားပြီး CO2 စွန့်ထုတ်မှုနှုန်းက 150g/km ထိပဲရှိမယ်လို့ ဆိုထားပါတယ်။ Toyota Alphard/Vellfire ကားတွေရဲ့ ဒီဇိုင်းအပေါ်အခြေခံဖန်တီးထားတာဖြစ်ပေမဲ့လည်း exterior နဲ့ interior design မှာတော့ LM300h က သိသိသာသာကွဲပြားတဲ့ပုံစံမျိုးရှိနေပါတယ်။ LM300h ရဲ့ ထိုင်းနိုင်ငံတွင်းအဓိကပြိုင်ဘက်က Mercedes-Benz V220d ဖြစ်ပြီး Avantgarde Premium trim V-Class ကို 183751 744 5’9 million baht နဲ့ ရောင်းချနေတယ်လို့သိရပါတယ်။

(Zawgyi)





Ref: BangkokPost
Thiha