Unicode Version…
Toyota နှင့် Lexus တို့သည် Sport Car များပြသမှုအား Detroit ကားပြပွဲတွင် ပြလေ့မရှိ သော်လည်း Toyota Supra နောက်ပိုင်းအနေဖြင့် 2020 Lexus RC F Track Edition အား သီးသန့် အနေဖြင့် မကြာမီ ကျင်းပမည့် Detroit ကားပြပွဲတွင် (Sport Car) အနေဖြင့် ပြသပါမည်။ ၎င်းသည် အထူးထုတ်ကားဖြစ်ပြီး Lexus ၏ နာမည်ကျော် LFA Super Car ကဲ့သို့ ထူးခြားသည့် စွမ်းဆောင်ရည် ပါရှိမည်ဖြစ်သည်။ ကားအပြင်ဖက်ဒီဇိုင်းအား ထူးခြားသည့် ဖန်တီးမှုများဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး ကြီးမားပေါ်လွင် ထင်ရှားသည့် ( Carbon Fiber ) များဖြင့် အဓိက တန်ဆာဆင်ထားမည်ဖြစ်သည်။ အလားတူ Lexus F Brand ၏ ပြယုဂ်ဖြစ်သည့် အပြာနှင့် မီးခိုးရောင် ပေါင်းစပ်ထားသည့် ( Matte Gray ) ဆေးရောင်ဖြင့် RC F Track Edition အား ချယ်မှုန်းထားမည်ဖြစ်ပြီး ( F Logo ) အား ပေါ်လွင်ထင်ရှားစွာ တွေ့မြင်နိုင်ရန် ( Carbon Fiber Wing ) တွင် ရိုက်နှိပ်ထားပါမည်။
2020 Lexus RC F Track Edition ၏ အင်ဂျင်စွမ်းဆောင်ရည်ကို Lexus မှ ကြေငြာခြင်း မရှိသော်လည်း Lexus LFA Nurburgring Edition တွင် ( 562 hp ) ခန့်၎င်း ၊ Lexus LC 500 တွင် ( 471 ho V8 Engine ) ၊ Lexus Special RC F တွင် ( 5.0 L V8 Engine ) ကို၎င်း ၊ တပ်ဆင်ထား သည့်အတွက် ၎င်းထိုကဲ့သို့ ထူးခြားပြီး စွမ်းဆောင်ရည် မြင့်မားသည့် အင်ဂျင်ပါရှိမည်ဖြစ်ပါသည်။ အဆိုပါ Model အား ( 2019 , January , 14 ) တွင် ကျင်းပမည့် Detroit ကားပြပွဲတွင် ပြသမည် ဖြစ်သည်။




Zawgyi Version…
Lexus LFA ကဲ့သို့ ထူးခြားသည့် စွမ်းဆောင်ရည်ရှိသည့် 2020 Lexus RC F Track Edition


