Zawgyi Version…





Unicode Version…
Ford ၏ New Escape ကိုအခြေခံထားသည့် 2020 Lincoln Corsair ထွက်ရှိလာ
Ford မှ New Escape ကို ထုတ်လုပ်ပြီး အလားတူ Lincoln သည် Escape ကို အခြေခံထားသည့် 2020 Lincoln Corsair Luxury Crossover အားထပ်မံထုတ်လုပ်လိုက်ပါသည်။ ၎င်းသည် Escape ၏ Front – Drive platform ကို အခြေခံပြီး Lincoln Aviator နှင့် တူညီသည့်ပုံစံဖြင့် ဖန်တီးထားပြီး ကြီးမားသော်လည်း သွယ်လျသည့် အရှေ့ဖက် Fascia များနှင့် လျှောဆင်းသွားသည့် အမိုးကိုင်းတို့ဖြင့် ဒီဇိုင်းဖန်တီးထားပါသည်။ အတွင်းခန်းအား လက်ရှိ Lincoln Crossover များ အတိုင်း သပ်ရပ်လှပမှုကို ဦးစားပေးသည် ပုံစံဖြင့် ခင်းကျင်း ထားပြီး Chrome များကို အလျှံပယ်ထည့်သွင်းထားခြင်း ၊ ထူးခြားသည့် Air – con အပေါက်ပုံစံ ၊ Unique Touches များစသည့်ထူးခြားသည့် ဖန်တီးမှုများကို တွေ့မြင်ရပါမည်။ Lincoln ၏ နောက်ဆုံးထုတ် 24 ways power front seat ကို အပိုဆောင်းမှာယူနိုင်ပါသည်ပြီး ဆူညံသံများကို ပယ်ဖျက်ပေးသည့် Dual – wall firewall နှင့် Active Noise Canceling တို့လည်းပါရှိမည်။ အလားတူပိုင်ရှင်၏ Mobile Phone မှ တဆင့် ကားအတွင်းရှိ Functions များကို ထိန်းချုပ်နိုင်မည့်အပြင် အကယ်၍ ဖုန်းပြသနာဖြစ်ခဲ့ပါကာ ကားအပြင် ဖက်ရှိ Outside Keypad ဖြင့် ဆက်လက်လုပ်ဆောင်နိုင်ရန်လည်း စီစဉ်ထားပါသည်။ Lincoln Corsair တွင် အင်ဂျင်အနေဖြင့် – 2.0 L Turbocharged I 4 Engine 250 hp ၊ အင်ဂျင်နှင့် ( အရှေ့ ဘီးယက်စနစ်) ကို တွဲဖက်ထားပြီး ( AWD System ) လည်းရနိုင်ပါသည် ။ အလားတူ – ( 2.3 L Turbocharged I 4 Engine ) ၊ ( 280 hp ) အင်ဂျင်ကိုလည်းရရှိနိုင်ပါမည်။ US Market အတွက် ထုတ်လုပ်မည့် Lincoln Corsair အား အမေရိကန် ၊ Ky ၊ Louisville စက်ရုံတွင် ထုတ်လုပ်မည်ဖြစ်ပြီး တရုတ်ဈေးကွက်သို့ တင်ပို့မည့် Corsair အား တရုတ်နိုင်ငံတွင် ထုတ်လုပ်မည်ဖြစ်သည်။ 2020 Lincoln Corsair အား ယခုနှစ်နွေရာသီတွင် U.S ၌ စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းကို Cadillac မှ မကြာမီ ကြေညာမည်ဖြစ်ပါသည်။