2020 Mercedes – Benz CLA

Unicode version…

Mercedes – Benz ၏ CLA 4 – Door Coupe ၏ 2020 Model ထွက်ရှိလာပါသည်။ ၎င်းသည် မကြာခင်က All – New ထုုတ်လုပ်ထားသည့် A – Class ၏ နည်းပညာနှင့် ဟန်ပန်များကို ရယူထားမည်ဖြစ်ပြီး Body Form နှင့် အချို့ဖန်တီးမှုများသည် နောက်ဆုံးထွက်ရှိထားသည့် CLS Model နှင့် တူညီပါမည်။ အထူးအားဖြင့် ၀ံ့ကြွားလှပပြီး ဆန်းသစ်သည့် ဒီဇိုင်းပုံစံအသစ်ဖြင့် 2020 CLA အားထုတ်လုပ်ထားပါသည်။ Mercedes – Benz သည် လွန်ခဲ့သည် ၆ နှစ်အတွင်း ( U.S.A ) စျေးကွက်တွင် CLA အစင်းရေ ( ၁၃၀၀၀၀ ) ၀န်းကျင်ခန့်ရောင်းချရခဲ့ပါသည်။ 2020 CLA သည် ယခင် Model များထက်အရွယ်ပိုကြီးမားပြီး စွမ်းဆောင်ရည်လည်း ပိုကောင်းပါသည်။ ၎င်းသည် A – Class ကဲ့သို့ ( MFA2 Platform) အခြေခံဖန်တီးထားပြီး အလျားသည် ( 179.1 – inch ) ပို၍ရှည်လျားမည်ဖြစ်သည်။ ထိုသို့ဖန်တီးရခြင်းမှာ အနောက်ခန်းခရီးသည်များအတွက် အဆင်ပြေ စေရန်ဖြစ်ပြီး အခြားသောစျေးကွက်ပြိုင်ဖက် Brands များကိုလည်း ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်။ အလားတူ တည်ငြိမ်သည့် မောင်းနှင်မှုကိုလည်း ရရှိစေပါမည်။ 2020 CLA Class ၏ အတွင်းခန်း အပြင်အဆင် ၊ ပါ၀င်သည့်ပစ္စည်းများ၏ အရည်အသွေးများသည် All – New A – Class ထက်ပိိုု၍ ကောင်းမွန်မှုရှိမည်ဖြစ်သည်။ Mercedes – Benz ၏ နာမည်ကျော် MBUX Infotainment System မည်ပါ၀င်မည်ဖြစ်ပြီး ၎င်းစနစ်သည် ( Interior Assistant – IA ) ပုံစံမျိုးဖြစ်ပြီး ဂြိုတ်တုလမ်းကြောင်း ပြစနစ် ၊ Voice Control နှင့် အခြားသောထိန်းချုပ်မှုများအား တိကျသေချာစွာ ညွန်ကြားဆောင်ရွက် ပေးမည်ဖြစ်သည်။ 2020 CLA Class တွင် ( M 260 20L I4 Engine ) ၊ ( 188 hp ) အင်ဂျင်ကို တပ်ဆင်ထားမည်ဖြစ်ပြီး CLA 35 AMG တွင် ( 300 hp ) ကို၎င်း CLA 45 AMG တွင် ( 400 hp ) ကို၎င်း မြင်းကောင်ရေများကွာခြားသွားပါမည်။ အလားတူ ( AWD System ) ( Electronically Controlled Drift Mode ) စသည့် ပါ၀င်မှုများကိုလည်း မှာယူရနိုင်ပါမည်။

Zawgyi version…

Mercedes – Benz ၏ CLA 4 – Door Coupe ၏ 2020 Model ထြက္ရွိလာပါသည္။ ၎သည္ မၾကာခင္က All – New ထုုတ္လုပ္ထားသည့္ A – Class ၏ နည္းပညာႏွင့္ ဟန္ပန္မ်ားကို ရယူထားမည္ျဖစ္ၿပီး Body Form ႏွင့္ အခ်ဳိ႔ဖန္တီးမႈမ်ားသည္ ေနာက္ဆုံးထြက္ရွိထားသည့္ CLS Model ႏွင့္ တူညီပါမည္။ အထူးအားျဖင့္ ၀ံ့ၾကြားလွပၿပီး ဆန္းသစ္သည့္ ဒီဇိုင္းပုံစံအသစ္ျဖင့္ 2020 CLA အားထုတ္လုပ္ထားပါသည္။ Mercedes – Benz သည္ လြန္ခဲ့သည္ ၆ ႏွစ္အတြင္း ( U.S.A ) ေစ်းကြက္တြင္ CLA အစင္းေရ ( ၁၃၀၀၀၀ ) ၀န္းက်င္ခန္႔ေရာင္းခ်ရခဲ့ပါသည္။ 2020 CLA သည္ ယခင္ Model မ်ားထက္အရြယ္ပိုႀကီးမားၿပီး စြမ္းေဆာင္ရည္လည္း ပိုေကာင္းပါသည္။ ၎သည္ A – Class ကဲ့သို႔ ( MFA2 Platform) အေျခခံဖန္တီးထားၿပီး အလ်ားသည္ ( 179.1 – inch ) ပို၍ရွည္လ်ားမည္ျဖစ္သည္။ ထိုသို႔ဖန္တီးရျခင္းမွာ အေနာက္ခန္းခရီးသည္မ်ားအတြက္ အဆင္ေျပ ေစရန္ျဖစ္ၿပီး အျခားေသာေစ်းကြက္ၿပိဳင္ဖက္ Brands မ်ားကိုလည္း ယွဥ္ၿပိဳင္ႏိုင္ရန္ျဖစ္သည္။ အလားတူ တည္ၿငိမ္သည့္ ေမာင္းႏွင္မႈကိုလည္း ရရွိေစပါမည္။ 2020 CLA Class ၏ အတြင္းခန္း အျပင္အဆင္ ၊ ပါ၀င္သည့္ပစၥည္းမ်ား၏ အရည္အေသြးမ်ားသည္ All – New A – Class ထက္ပိုို၍ ေကာင္းမြန္မႈရွိမည္ျဖစ္သည္။ Mercedes – Benz ၏ နာမည္ေက်ာ္ MBUX Infotainment System မည္ပါ၀င္မည္ျဖစ္ၿပီး ၎စနစ္သည္ ( Interior Assistant – IA ) ပုံစံမ်ဳိးျဖစ္ၿပီး ၿဂိဳတ္တုလမ္းေၾကာင္း ျပစနစ္ ၊ Voice Control ႏွင့္ အျခားေသာထိန္းခ်ဳပ္မႈမ်ားအား တိက်ေသခ်ာစြာ ညြန္ၾကားေဆာင္ရြက္ ေပးမည္ျဖစ္သည္။ 2020 CLA Class တြင္ ( M 260 20L I4 Engine ) ၊ ( 188 hp ) အင္ဂ်င္ကို တပ္ဆင္ထားမည္ျဖစ္ၿပီး CLA 35 AMG တြင္ ( 300 hp ) ကို၎ CLA 45 AMG တြင္ ( 400 hp ) ကို၎ ျမင္းေကာင္ေရမ်ားကြာျခားသြားပါမည္။ အလားတူ ( AWD System ) ( Electronically Controlled Drift Mode ) စသည့္ ပါ၀င္မႈမ်ားကိုလည္း မွာယူရႏိုင္ပါမည္။

LEAVE A REPLY

Please enter your comment!
Please enter your name here