Zawgyi Version…
Mercedes-Benz သည္ ၿပီးခဲ့သည့္လက မိတ္ဆက္ျပသခဲ့သည့္ Sport ကားေမာ္ဒယ္ အမ်ိဳးအစား ျဖစ္သည့္ Mercedes AMG GT ၏ မ်ိဳးဆက္သစ္ 2020 GT R Roadster ၏ ေစ်းႏႈန္းကို ထုတ္ျပန္ ေၾကညာသြားခဲ့သည္။
Mercedes အေနျဖင့္ အမိုးဖြင့္ ၿပိဳင္ကားတစ္စီးအျဖစ္ ဖန္တီးထုတ္လုပ္ထားသည့္ GT R Roadster ကို ေဒၚလာ ၁၉၀,၇၄၅ မွ စတင္ေရာင္းခ်သြားမည္ျဖစ္ၿပီး 2018 ခုႏွစ္က ေနာက္ဆံုးမိတ္ဆက္ခဲ့သည့္ GT R Coupe ထက္ ေဒၚလာ ၂၇,၀၀၀ ခန္႔ ေစ်းႏႈန္းပိုမ်ားလာသည္။
2020 Mercedes-AMG GT R Roadster သည္ အျပာေရာင္(matte-blue)ေဘာ္ဒီ ေဒၚလာ ၃၉၅၀ ၊ carbon-ceramic ဘရိတ္ ေဒၚလာ ၈၉၅၀ ႏွင့္ carbon-fiber ျဖစ္သည့္အတြင္းခန္း ေဒၚလာ ၅၃၀၀ စသည့္ ပါဝင္မႈမ်ားေၾကာင့္ ေစ်းျမင့္ေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Mercedes AMG GT ၏ ထုတ္လုပ္ခဲ့သည့္ (၆)ႏွစ္တာကာလအတြင္း ေနာက္ဆံုးမ်ိဳးဆက္ျဖစ္သည့္ GT R Roadster ၏ ဖြဲ႕စည္းပံုမွာ GT R Coupe အေပၚ အမ်ားစုအေျခခံထားၿပီး twin-turbo 4.0-liter V-8 အင္ဂ်င္၊ ျမင္းေကာင္ေရ 577-hp၊ ႐ုန္းအား 516 lb-ft အထိ ထုတ္လုပ္ေပးႏုိင္သည္။
မွတ္တမ္းမ်ားအရ GT R Roadster သည္ ယခင္ ထုတ္လုပ္ခဲ့သည့္ GT C ႏွင့္ GT C roadster ေမာ္ဒယ္မ်ားထက္ ျမင္းေကာင္ေရ 27-hp ပိုမိုထုတ္လုပ္ႏိုင္ၿပီး GT S ႏွင့္ GTS roadster ေမာ္ဒယ္ မ်ားထက္ ျမင္းေကာင္ေရ 62-hp ၊ GT ႏွင့္ GT roadster တုိ႔ထက္ ျမင္းေကာင္ေရ 108-hp ပိုမုိ စြမ္းေဆာင္ႏုိင္မည္ျဖစ္သည္။
၎မွာ AMG Speedshift ႏွင့္ ေပါင္းစပ္ဖန္တီးထားသည့္ seven-speed dual clutch transmission ျဖင့္ ထိန္းခ်ဳပ္ေမာင္းနင္ႏုိင္မွာျဖစ္ၿပီး ( 0 to 60 mph ) အား ( 3.5 Seconds ) ျဖင့္ အျမန္ဆုံး ေရာက္ ရွိႏိုင္မည္လည္းျဖစ္သည္။
Mercedes သည္ Sport ကား ပရိသတ္မ်ားကို ထူးျခားသည့္ဒီဇုိင္းျဖင့္ ဆြြဲေဆာင္ထားႏုိင္ေသာ GT R Roadster ကို အကန္႔အသတ္ျဖင့္ အစီးေရ (၇၅၀)သာ ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Unicode Version…

ဒေါ်လာ ၂ သိန်းနီးပါးတန်ကြေးရှိပြီး အစီးရေ (၇၅၀)သာ ထုတ်မည့် 2020 Mercedes GT R Roadster
Mercedes-Benz သည် ပြီးခဲ့သည့်လက မိတ်ဆက်ပြသခဲ့သည့် Sport ကားမော်ဒယ် အမျိုးအစား ဖြစ်သည့် Mercedes AMG GT ၏ မျိုးဆက်သစ် 2020 GT R Roadster ၏ ဈေးနှုန်းကို ထုတ်ပြန် ကြေညာသွားခဲ့သည်။
Mercedes အနေဖြင့် အမိုးဖွင့် ပြိုင်ကားတစ်စီးအဖြစ် ဖန်တီးထုတ်လုပ်ထားသည့် GT R Roadster ကို ဒေါ်လာ ၁၉၀,၇၄၅ မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး 2018 ခုနှစ်က နောက်ဆုံးမိတ်ဆက်ခဲ့သည့် GT R Coupe ထက် ဒေါ်လာ ၂၇,၀၀၀ ခန့် ဈေးနှုန်းပိုများလာသည်။
2020 Mercedes-AMG GT R Roadster သည် အပြာရောင်(matte-blue)ဘော်ဒီ ဒေါ်လာ ၃၉၅၀ ၊ carbon-ceramic ဘရိတ် ဒေါ်လာ ၈၉၅၀ နှင့် carbon-fiber ဖြစ်သည့်အတွင်းခန်း ဒေါ်လာ ၅၃၀၀ စသည့် ပါဝင်မှုများကြောင့် ဈေးမြင့်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Mercedes AMG GT ၏ ထုတ်လုပ်ခဲ့သည့် (၆)နှစ်တာကာလအတွင်း နောက်ဆုံးမျိုးဆက်ဖြစ်သည့် GT R Roadster ၏ ဖွဲ့စည်းပုံမှာ GT R Coupe အပေါ် အများစုအခြေခံထားပြီး twin-turbo 4.0-liter V-8 အင်ဂျင်၊ မြင်းကောင်ရေ 577-hp၊ ရုန်းအား 516 lb-ft အထိ ထုတ်လုပ်ပေးနိုင်သည်။
မှတ်တမ်းများအရ GT R Roadster သည် ယခင် ထုတ်လုပ်ခဲ့သည့် GT C နှင့် GT C roadster မော်ဒယ်များထက် မြင်းကောင်ရေ 27-hp ပိုမိုထုတ်လုပ်နိုင်ပြီး GT S နှင့် GTS roadster မော်ဒယ် များထက် မြင်းကောင်ရေ 62-hp ၊ GT နှင့် GT roadster တို့ထက် မြင်းကောင်ရေ 108-hp ပိုမို စွမ်းဆောင်နိုင်မည်ဖြစ်သည်။
၎င်းမှာ AMG Speedshift နှင့် ပေါင်းစပ်ဖန်တီးထားသည့် seven-speed dual clutch transmission ဖြင့် ထိန်းချုပ်မောင်းနင်နိုင်မှာဖြစ်ပြီး ( 0 to 60 mph ) အား ( 3.5 Seconds ) ဖြင့် အမြန်ဆုံး ရောက် ရှိနိုင်မည်လည်းဖြစ်သည်။
Mercedes သည် Sport ကား ပရိသတ်များကို ထူးခြားသည့်ဒီဇိုင်းဖြင့် ဆွဲဆောင်ထားနိုင်သော GT R Roadster ကို အကန့်အသတ်ဖြင့် အစီးရေ (၇၅၀)သာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။