Zawgyi Version…

ဂ်ပန္ကားကုမၸဏီ Nissan သည္ နယူးေယာက္တြင္ ျပဳလုပ္ေနေသာ New York International Auto Show ကားျပပြဲ၌ GT-R ႏွစ္(၅၀) ျပည့္အျဖစ္ အထူးထုတ္လုပ္ထားသည့္ GT-R50 ႏွင့္ 2020 GT-R NISMO တို႔ကို ပြဲထုတ္ျပသသြားခဲ့သည္။

NISSAN အေနျဖင့္ 2020 GT-R NISMO ကို ထူးျခားဆန္းသစ္သည့္ ဒီဇိုင္းအသြင္အျပင္ႏွင့္ အဆင့္ျမွင့္တင္ ထားၿပီး ၿပိဳင္ကားေျပးလမ္းေပၚတြင္သာမကဘဲ လမ္းမႀကီးေပၚတြင္ပါ အေကာင္းဆံုး စိတ္ေက်နပ္မႈကို ေပးစြမ္းႏုိင္မည္ဟု ဆုိထားသည္။ 2020 GT-R NISMO ၏ အင္ဂ်င္ပိုင္းကုိ ျမင္းေကာင္ေရ (၆၀၀)အားရိွသည့္ 3.8-litre V6 အင္ဂ်င္ကို အသံုးျပဳထားၿပီး ႐ုန္းအားကေတာ့ 652Nm အထိစြမ္းေဆာင္ႏုိင္မည္ျဖစ္သည္။ RAYS forged Alloy ႏွင့္ Carbon-fibre မ်ားကို ပိုမိုအသုံးျပဳထားေသာေၾကာင့္ ေလခြင္းအားကို ျမွင့္တင္ေပးထားႏုိင္ၿပီး ၂၀၁၉ က ထြက္ရိွခဲ့သည့္ ေမာ္ဒယ္ထက္ 30.5kg ပိုမုိေပါ့ပါးသြားေၾကာင္း သိရသည္။

မူလ Skyline GT-R ႏွစ္(၅၀)ျပည့္အျဖစ္ ဖန္တီးထားေသာ GT-R50 ကုိမူ အဓိကအစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားမွာ 2020 GT-R ကိုသာ အေျခခံထားျခင္းျဖစ္ပါသည္။ အေရာင္အားျဖင့္ ပုလဲအျဖဴဳ အနီစင္းၾကား၊ ေငြေရာင္အျဖဴၾကား၊ အျပာေရာင္အျဖဴၾကားတုိ႔ကို ထုတ္လုပ္ထားၿပီး အစီးေရအားျဖင့္ အကန္႔အသတ္ႏွင့္ အစီး(၅၀) သာ ထုတ္လုပ္ထားပါသည္။

အင္ဂ်င္ပိုင္းကေတာ့ 3.8-litre V6 ကို တပ္ဆင္ထားၿပီး ႐ုန္းအား 633Nm အထိ စြြမ္းေဆာင္ႏုိင္ သည္။GT-R50 ဘီးမ်ား၏ စပုတ္မ်ားကိုေတာ့ အျပာေရာင္အျဖစ္ ျမင္ေတြ႕ရမည္ျဖစ္ၿပီး ကားေနာက္ဘန္ပါတြင္ ႏွစ္(၅၀)ျပည့္ စာတန္းကို ေရးထိုးထားမည္ျဖစ္ပါသည္။

NISSAN အေနျဖင့္ ယခုျပသခဲ့သည့္ 2020 GT-R NISMO ႏွင့္ GT-R50 တုိ႔ကို ၂၀၁၉ ဒုတိယႏွစ္ဝက္၌ စတင္ေရာင္းခ်သြားရန္ အစီအစဥ္ရွိေနေၾကာင္းလည္း သိရသည္။

Unicode Version…

နယူးယောက်ကားပြပွဲတွင် GT-R နှစ်(၅၀)ပြည့် GT-R50 နဲ့ 2020 GT-R NISMO တို့ကို Nissan ပြသ

ဂျပန်ကားကုမ္ပဏီ Nissan သည် နယူးယောက်တွင် ပြုလုပ်နေသော New York International Auto Show ကားပြပွဲ၌ GT-R နှစ်(၅၀) ပြည့်အဖြစ် အထူးထုတ်လုပ်ထားသည့် GT-R50 နှင့် 2020 GT-R NISMO တို့ကို ပွဲထုတ်ပြသသွားခဲ့သည်။

NISSAN အနေဖြင့် 2020 GT-R NISMO ကို ထူးခြားဆန်းသစ်သည့် ဒီဇိုင်းအသွင်အပြင်နှင့် အဆင့်မြှင့်တင် ထားပြီး ပြိုင်ကားပြေးလမ်းပေါ်တွင်သာမကဘဲ လမ်းမကြီးပေါ်တွင်ပါ အကောင်းဆုံး စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မည်ဟု ဆိုထားသည်။ 2020 GT-R NISMO ၏ အင်ဂျင်ပိုင်းကို မြင်းကောင်ရေ (၆၀၀)အားရှိသည့် 3.8-litre V6 အင်ဂျင်ကို အသုံးပြုထားပြီး ရုန်းအားကတော့ 652Nm အထိစွမ်းဆောင်နိုင်မည်ဖြစ်သည်။ RAYS forged Alloy နှင့် Carbon-fibre များကို ပိုမိုအသုံးပြုထားသောကြောင့် လေခွင်းအားကို မြှင့်တင်ပေးထားနိုင်ပြီး ၂၀၁၉ က ထွက်ရှိခဲ့သည့် မော်ဒယ်ထက် 30.5kg ပိုမိုပေါ့ပါးသွားကြောင်း သိရသည်။

မူလ Skyline GT-R နှစ်(၅၀)ပြည့်အဖြစ် ဖန်တီးထားသော GT-R50 ကိုမူ အဓိကအစိတ်အပိုင်း တော်တော်များများမှာ 2020 GT-R ကိုသာ အခြေခံထားခြင်းဖြစ်ပါသည်။ အရောင်အားဖြင့် ပုလဲအဖြူု အနီစင်းကြား၊ ငွေရောင်အဖြူကြား၊ အပြာရောင်အဖြူကြားတို့ကို ထုတ်လုပ်ထားပြီး အစီးရေအားဖြင့် အကန့်အသတ်နှင့် အစီး(၅၀) သာ ထုတ်လုပ်ထားပါသည်။

အင်ဂျင်ပိုင်းကတော့ 3.8-litre V6 ကို တပ်ဆင်ထားပြီး ရုန်းအား 633Nm အထိ စွမ်းဆောင်နိုင် သည်။GT-R50 ဘီးများ၏ စပုတ်များကိုတော့ အပြာရောင်အဖြစ် မြင်တွေ့ရမည်ဖြစ်ပြီး ကားနောက်ဘန်ပါတွင် နှစ်(၅၀)ပြည့် စာတန်းကို ရေးထိုးထားမည်ဖြစ်ပါသည်။

NISSAN အနေဖြင့် ယခုပြသခဲ့သည့် 2020 GT-R NISMO နှင့် GT-R50 တို့ကို ၂၀၁၉ ဒုတိယနှစ်ဝက်၌ စတင်ရောင်းချသွားရန် အစီအစဉ်ရှိနေကြောင်းလည်း သိရသည်။