တရုတ်နိုင်ငံသို့ တင်ပို့သည့် Nissan Sylphy အား U.S.A တွင် Sentra အမည်ဖြင့် လူသိများပါသည်။ Nissan Sentra ၏ 2020 Sentra Model သည် ထူးခြားမှုများဖြင့် ထွက်ရှိလာပြီး ( 2.0 L I 4 Engine ) ၊ ( 149 hp ) အင်ဂျင်နှင့် ( CVT Automatic Gearbox ) တွဲဖက်မှုပုံစံဖြင့် ထုတ်လုပ်ထားပြီး ၎င်း၏ အင်ဂျင်အား Nissan Rouge Sport မှ Sharing ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းအင်ဂျင်အပြင် ( 1.8 L 4 Cylinder Engine ) ၊ ( 124 hp ) အင်ဂျင်နှင့် ( CVT Auto gear ) တွဲဖက်မှုကို Standard ရရှိမည်ဖြစ်သည်။ ထို့အပြင် Model အသစ်အတွက် ပို၍ သက်တောင့် သက်သာဖြစ်စေသည့် Multilink Suspension စနစ်အား အနောက်ဖက်ဝန်ရိုးတပ်ဆင်ထားမည် ဖြစ်သည်။ Nissan သည် လုံခြုံရေးအတွက် အမြဲအလေးထားသည့် Brand ဖြစ်သည်နှင့်အညီ ယခု 2020 Sentra တွင် ထူးခြားသည့် လုံခြုံရေး ပေါင်းစပ်မှုဖြစ်သည့် Nissan Shield 360 အား Standard ထည့်သွင်းထားပါသည်။ Sentra ကဲ့သို့ Standard Level အမျိုးအစားကားတွင် အဆင့်မြင့် နည်းပညာများစွာ ပေါင်းစပ်ထားမှုသည် Nissan ချစ်သူများအတွက် အထူးပျော်ရွှင်စေမည့် အချက်ဖြစ်ပြီး ထင်ရှားသည့် Safety Tech များဖြစ်သည့် – အရေးပေါ်သုံး အလိုလျောက်ဘရိတ်စနစ် ၊ Blind – Spot warning ၊ Lane – departure warning အပါအဝင် Features များစွာ ပါရှိမည် ဖြစ်သည်။ 2020 Sentra အား လာမည့်ုနှစ်အစောပိုင်းတွင် စတင်ရောင်းချမည်ဖြစ်သည်။

     

Zawgyi Version…..

2020 Nissan Sentra အား အင်ဂျင်အသစ် / ပါဝင်မှုအသစ်များဖြင့် ထုတ်လုပ်မည်