Zawgyi Version…
ကမၻာ SUV ေလာကတြင္ အထူးထင္ရွားသည္ Toyota Land Cruiser ၏ 2020 Land cruiser Edition အား နာမည္ေက်ာ္ Chicago Auto Show တြင္ မိတ္ဆက္ျပသမည္ျဖစ္ၿပီး ႏွစ္ေပါင္း ၆၀ ေက်ာ္ ဂုဏ္သတင္းေမႊးပ်ံေနသည့္ Land Cruiser ၏ ထူျခားသည့္ ဖန္တီးျခင္းဟုလည္း ဆိုရမည္။ ေရွးမူမပ်က္ဖန္တီးျခင္းျဖစ္သည့္Toyota Land Cruiser တံဆိပ္အား ကားအေနာက္ဖက္တြင္ အစဥ္အလာမျပတ္ တပ္ဆင္ထားသည္။ Heritage Edition တြင္ Bronze 8 – inch အလြိဳင္းဘီး မ်ားျဖင့္ ဆန္းသစ္စြာဖန္တီးထားမည္ျဖစ္ၿပီး Running – Board ႏွင့္ Lower Body Side Molding တို႔ကိုလည္း ေပါင္းစပ္ထည့္သြင္းထားမည္ျဖစ္သည္။ Black Accented ၊ Grille ဒီဇိုင္းႏွင့္အတူ အနက္ေရာင္ ခ်ယ္မႈန္းျခင္းမ်ားပါ၀င္သည့္ အေရွ႔မီးႀကီးမ်ားႏွင့္ အနက္ေရာင္ Chrome ျဖင့္ ဖန္တီးထား သည့္ ႏွင္းခြဲမီးႏွင့္ေဘးဖက္အေနာက္ၾကည့္မွန္မ်ားသည္ Blacked – out look ပုံစံရွိမည္ ျဖစ္ၿပီး Land cruiser ခ်စ္သူမ်ားႀကိဳက္ေတြ႔မည္ျဖစ္သည္။ အဆိုပါ Option အတြက္ အျဖဴ (သို႔) အမည္းေရာင္ (၂)မ်ဳိးသာေရြးခ်ယ္ႏိုင္ပါမည္။ ကားအတြင္းခန္းတခုလုံးအား Black Leather – trimmed Upholstery ျဖင့္ ခင္းက်င္းထားမည္ျဖစ္ၿပီး Bronze Wheel မ်ားႏွင့္ လိုက္ဖက္ေစမည့္ Bronze Accents ကိုလည္း အတြင္းခန္းတေလွ်ာက္လုံးဖန္တီးထားမည္။ အလားတူ လွပစြာျပဳလုပ္ ထားမည့္ Contrast stitching မ်ားအား ထိုင္ခုံမ်ား Steering ၊ Door Trim ႏွင့္ Center Console တို႔တြင္ ထည့္သြင္းထားပါမည္။ ရာသီမ်ဳိးစုံအသုံးျပဳႏိုင္မည့္ ၾကမ္းခင္းမ်ားႏွင့္ Cargo Liner တို႔လည္း ပါရွိပါမည္။ အင္ဂ်င္အေနျဖင့္ ပုံမွန္ Model တြင္ ပါရွိသည့္ ( 5.7 L V 8 Engine ) ႏွင့္ ( 8 – Speed
Auto gear ) တို႔တပ္ဆင္ထားပါမည္။ Heritage Edition ၏ ထူးျခားမႈမွာ ပုံမွန္ Land Cruiser Model မ်ားတြင္ အပိုေဆာင္းမ်ားယူရႏိုင္မည့္ ပါ၀င္မႈမ်ားအား standard ထည့္သြင္းထားျခင္းျဖစ္သည္။ အစင္းေရ ( ၁၂၀၀ ) ခန္႔သာ ကန္႔သတ္ထုတ္လုပ္မည္ျဖစ္ၿပီး ယခုႏွစ္ေႏြရာသီတြင္ စတင္ေရာင္းခ် ပါမည္။








Unicode Version…
ရှေးမူမပျက်ဖန်တီးထုတ်လုပ်လာမည့် 2020 Toyota Land Cruiser ၏အထူးထုတ် Heritage Edition
ကမ္ဘာ SUV လောကတွင် အထူးထင်ရှားသည် Toyota Land Cruiser ၏ 2020 Land cruiser Edition အား နာမည်ကျော် Chicago Auto Show တွင် မိတ်ဆက်ပြသမည်ဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော် ဂုဏ်သတင်းမွှေးပျံနေသည့် Land Cruiser ၏ ထူခြားသည့် ဖန်တီးခြင်းဟုလည်း ဆိုရမည်။ ရှေးမူမပျက်ဖန်တီးခြင်းဖြစ်သည့်Toyota Land Cruiser တံဆိပ်အား ကားအနောက်ဖက်တွင် အစဉ်အလာမပြတ် တပ်ဆင်ထားသည်။ Heritage Edition တွင် Bronze 8 – inch အလွိုင်းဘီး များဖြင့် ဆန်းသစ်စွာဖန်တီးထားမည်ဖြစ်ပြီး Running – Board နှင့် Lower Body Side Molding တို့ကိုလည်း ပေါင်းစပ်ထည့်သွင်းထားမည်ဖြစ်သည်။ Black Accented ၊ Grille ဒီဇိုင်းနှင့်အတူ အနက်ရောင် ချယ်မှုန်းခြင်းများပါဝင်သည့် အရှေ့မီးကြီးများနှင့် အနက်ရောင် Chrome ဖြင့် ဖန်တီးထား သည့် နှင်းခွဲမီးနှင့်ဘေးဖက်အနောက်ကြည့်မှန်များသည် Blacked – out look ပုံစံရှိမည် ဖြစ်ပြီး Land cruiser ချစ်သူများကြိုက်တွေ့မည်ဖြစ်သည်။ အဆိုပါ Option အတွက် အဖြူ (သို့) အမည်းရောင် (၂)မျိုးသာရွေးချယ်နိုင်ပါမည်။ ကားအတွင်းခန်းတခုလုံးအား Black Leather – trimmed Upholstery ဖြင့် ခင်းကျင်းထားမည်ဖြစ်ပြီး Bronze Wheel များနှင့် လိုက်ဖက်စေမည့် Bronze Accents ကိုလည်း အတွင်းခန်းတလျှောက်လုံးဖန်တီးထားမည်။ အလားတူ လှပစွာပြုလုပ် ထားမည့် Contrast stitching များအား ထိုင်ခုံများ Steering ၊ Door Trim နှင့် Center Console တို့တွင် ထည့်သွင်းထားပါမည်။ ရာသီမျိုးစုံအသုံးပြုနိုင်မည့် ကြမ်းခင်းများနှင့် Cargo Liner တို့လည်း ပါရှိပါမည်။ အင်ဂျင်အနေဖြင့် ပုံမှန် Model တွင် ပါရှိသည့် ( 5.7 L V 8 Engine ) နှင့် ( 8 – Speed
Auto gear ) တို့တပ်ဆင်ထားပါမည်။ Heritage Edition ၏ ထူးခြားမှုမှာ ပုံမှန် Land Cruiser Model များတွင် အပိုဆောင်းများယူရနိုင်မည့် ပါဝင်မှုများအား standard ထည့်သွင်းထားခြင်းဖြစ်သည်။ အစင်းရေ ( ၁၂၀၀ ) ခန့်သာ ကန့်သတ်ထုတ်လုပ်မည်ဖြစ်ပြီး ယခုနှစ်နွေရာသီတွင် စတင်ရောင်းချ ပါမည်။